Wednesday, June 3, 2020

AA အကြမ်းဖက်အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးခဲ့သည့် ချင်းလူမျိုး (၄)ဦးထဲမှ အမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံး ။ ၎င်း၏မိသားစုအား CUSR မှ ငွေကျပ် (၃)သိန်း ထောက်ပံ့ကူညီ

မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှ ချင်းအမျိုးသား (၃)ဦးနှင့် သိုင်းကျပ် ကျေးရွာမှ ချင်းအမျိုးသမီး (၁)ဦး စုစုပေါင်း ချင်းလူမျိုး (၄)ဦးတို့မှာ ပြီးခဲ့သည့်လ မေလ (၃) ရက်န့မှစ၍ AA အ ကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံခဲ့ကြရသည်။
ထိုသူများမှာ ဒေါ်စိန်မဦး (၄၈ နှစ်)၊ ဦးစိန်ဝင်းစိန် (၃၆ နှစ်)၊ ဦးယောင်းစော (၅၄ နှစ်)နှင့် ဦးကျော်ဝင်းသူ (၄၇ နှစ်) တို့ဖြစ်ကြပြီး AA အဖွဲ့၏ (၁)လနီးပါး ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ကြရကာ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
သို့သော် ဒေါ်စိန်မဦးမှာ AA အကြမ်းဖက်အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့် နေ့ (ဇွန်လ - ၁ ရက်နေ့) မှာပင် မင်းပြားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့ရသော်လည်း ဒီကနေ့မနက်မှာပင် သေဆုံးခဲ့ကြောင်းကို CUSR- Minbya မှ `` ဇွန်လ (၁)ရက်နေ့မှာ သူတို့ ဆေးရုံကို ရောက်လာကြတယ်။ မနေ့က ကျွန်မတို့ သွားကြည့်တော့ သူစိတ်က ဂယောင်ခြောက်ခြား ဖြစ်နေတာကို တွေခဲ့ရတယ်။ နောက်ပြီး သူက ကျွန်မတို့ကိုလည်း ကြောက်နေရှာတယ်။ အောက်ဆီဂျင်လည်း ရှူထားရတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဒီကနေ့ မနက် သွားကြည့်မယ်လုပ်တော့ သူ ဆုံးသွားပြီလို့ပဲ ကျွန်မတို့ ကြားခဲ့ရတယ်။ ´´ ဟု ပြောကြားခဲ့သည်။
သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား ဒီကနေ့မနက် (၈)နာရီလောက်မှာပင် သူ၏မိသားစု ဆွေမျိုးများမှ သိုင်းကျပ်ကျေးရွာသို့ ပြန်လည်ဆောင်သွားခဲ့ကြပါသည်။
ထို့အတူ သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်ရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် အတွက် CUSRမှ သူ၏မိသားစုအား ငွေကျပ် (၃)သိန်းကို ထောက်ပံ့ကူညီခဲ့ပါသည်။
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းကတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR)
<zawgyi>
AA အကြမ်းဖက်အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးခဲ့သည့် ချင်းလူမျိုး (၄)ဦးထဲမှ အမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံး ။ ၎င်း၏မိသားစုအား CUSR မှ ငွေကျပ် (၃)သိန်း ထောက်ပံ့ကူညီ
Wednesday, June 3, 2020
မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှ ချင်းအမျိုးသား (၃)ဦးနှင့် သိုင်းကျပ် ကျေးရွာမှ ချင်းအမျိုးသမီး (၁)ဦး စုစုပေါင်း ချင်းလူမျိုး (၄)ဦးတို့မှာ ပြီးခဲ့သည့်လ မေလ (၃) ရက်န့မှစ၍ AA အ ကြမ်းဖက်အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကို ခံခဲ့ကြရသည်။
ထိုသူများမှာ ဒေါ်စိန်မဦး (၄၈ နှစ်)၊ ဦးစိန်ဝင်းစိန် (၃၆ နှစ်)၊ ဦးယောင်းစော (၅၄ နှစ်)နှင့် ဦးကျော်ဝင်းသူ (၄၇ နှစ်) တို့ဖြစ်ကြပြီး AA အဖွဲ့၏ (၁)လနီးပါး ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ကြရကာ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
သို့သော် ဒေါ်စိန်မဦးမှာ AA အကြမ်းဖက်အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့် နေ့ (ဇွန်လ - ၁ ရက်နေ့) မှာပင် မင်းပြားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့ရသော်လည်း ဒီကနေ့မနက်မှာပင် သေဆုံးခဲ့ကြောင်းကို CUSR- Minbya မှ `` ဇွန်လ (၁)ရက်နေ့မှာ သူတို့ ဆေးရုံကို ရောက်လာကြတယ်။ မနေ့က ကျွန်မတို့ သွားကြည့်တော့ သူစိတ်က ဂယောင်ခြောက်ခြား ဖြစ်နေတာကို တွေခဲ့ရတယ်။ နောက်ပြီး သူက ကျွန်မတို့ကိုလည်း ကြောက်နေရှာတယ်။ အောက်ဆီဂျင်လည်း ရှူထားရတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဒီကနေ့ မနက် သွားကြည့်မယ်လုပ်တော့ သူ ဆုံးသွားပြီလို့ပဲ ကျွန်မတို့ ကြားခဲ့ရတယ်။ ´´ ဟု ပြောကြားခဲ့သည်။
သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား ဒီကနေ့မနက် (၈)နာရီလောက်မှာပင် သူ၏မိသားစု ဆွေမျိုးများမှ သိုင်းကျပ်ကျေးရွာသို့ ပြန်လည်ဆောင်သွားခဲ့ကြပါသည်။
ထို့အတူ သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်ရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် အတွက် CUSRမှ သူ၏မိသားစုအား ငွေကျပ် (၃)သိန်းကို ထောက်ပံ့ကူညီခဲ့ပါသည်။
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းကတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR)
Ref ; Chin University Students In Rakhine State

No comments:

Post a Comment