
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ရောဂါကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင် နိုင်ဆုံးဖြစ်ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခုတလော quarantine ဝင်ရတဲ့သူတွေကို ကြောက်တာ၊ မလိုလားတာဆိုတာတွေရှိပါကြောင်း၊ တကယ်တော့ quarantine ထဲ ဝင်တဲ့လူတွေက အန္တရာယ်မဟုတ်ပါကြောင်း၊ ရောဂါပိုးရှိနေရင်တောင်မှ ပုံမှန်ကျန်းမာရေးစိစစ်မှု ခံနေရတာကြောင့် စောစောသိပြီး စောစောကုသမှုခံရမှာဖြစ်ပါကြောင်း၊ ယခုရောဂါပိုးတွေ့ရှိထားသူ ၂၃၃ ဦး၊ ရောဂါကင်း စင်လာသူ ၁၄၃ ဦး ဖြစ်ပါကြောင်း။
Quarantine ထဲမှာ မဟုတ်ဘဲ ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသူများမှ ကူးစက်နိုင်မဲ့ အန္တရာယ်ကို သတိထားရမှာဖြစ်ကြောင်း၊ အကောင်းဆုံး ကာကွယ်နည်းကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေကို ကိုယ်တိုင်လိုက်နာခြင်းပဲ ဖြစ်ပါကြောင်း၊ ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်း ဆောင်နိုင်ဆုံး ဖြစ်ပါကြောင်း။
အချို့က ပြည်တော်ပြန်တွေ ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ်လွန်ရာက ဒေါသဖြစ်ကြပါကြောင်း၊ ဘယ်သူမှ ရောဂါမဖြစ်ချင်ကြပါကြောင်း၊ ဘယ်သူကမှလည်း နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းသွားပြီး ဝမ်းစာမရှာချင်ကြပါကြောင်း၊ နယ်စပ်မှပြန်လာတဲ့ အလုပ်သမားအများစုက အခက်အခဲများကြားက အလုပ်လုပ်ကြရတာဖြစ်ပါကြောင်း၊ နောက်ပြီးရတဲ့ ဝင်ငွေက လုပ်သူနဲ့ မိသားစုအတွက်ပဲလို့ မမြင်စေလိုပါကြောင်း၊ ပြည်တွင်းကို ရောက်လာတဲ့ငွေတွေက နိုင်ငံရဲ့စီးပွားရေး လည်ပတ်မှုထဲကို ရောက်သွားခြင်းအားဖြင့် နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဘဏ်များမှတစ်ဆင့် တရားဝင်ရရှိငွေမှာ အမေရိကန် ဒေါ်လာ(၁) ဘီလီယံ ကျော်ပါကြောင်း၊
မိမိတို့အားလုံး တစ်ဦးကိုတစ်ဦး အကျိုးပြုနိုင်ကြပါကြောင်း ရေးသားထားသည်။
Source - Aung San Suu Kyi
No comments:
Post a Comment