Thursday, June 4, 2020

အလှူရှင်များက ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အလှူရှင်များက ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံမှတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးတင်မြင့်+ဒေါ်ရီမိသားစု(တင်မြင့်ရီကုမ္ပဏီ)က Oxygen Cylinder (4L) ၁၀ လုံး၊ Flow Meter ၁၀ လုံး၊ Oxygen Concentrator (5L) ၁ လုံး၊ Computer ၁ လုံးနှင့် Printer Inject ၁ လုံးနှင့် ကျိုင်းတုံမြို့ ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးလုကာ က Oxygen Concentrator (3L) ၁ လုံး၊ Oxygen Concentrator(5L) ၁ လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် တိုင်းမှူးက အဆိုပါဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ချက်အရ သိရသည်။
>>zawgyi<<
အလှူရှင်များက ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း
Thursday, June 4, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အလှူရှင် များက ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးတင်မြင့်+ဒေါ်ရီမိသားစု(တင်မြင့်ရီကုမ္ပဏီ)က Oxygen Cylinder (4L) ၁၀ လုံး၊ Flow Meter ၁၀ လုံး၊ Oxygen Concentrator (5L) ၁ လုံး၊ Computer ၁ လုံးနှင့် Printer Inject ၁ လုံးနှင့် ကျိုင်းတုံမြို့ ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးလုကာ က Oxygen Concentrator (3L) ၁ လုံး၊ Oxygen Concentrator(5L) ၁ လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် တိုင်းမှူးက အဆိုပါဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်း နှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment