Thursday, June 4, 2020

COVID-19 ရောဂါကြောင့် ရောင်းချရန် ခက်ခဲနေသည့် သီးနှံများဝယ်ယူပေးမည်

COVID-19 ရောဂါကြောင့် တောင်သူတွေတင်ပို့ရောင်းချဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့ သီးနှံတွေကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဝယ်ယူပေးမယ်လို့ သိရပါတယ်။
သမဝါယမဦးစီးဌာနက ဒေသခံတောင်သူတွေဆီ ကွင်းဆင်းဝယ်ယူပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆယ်ခုက ပြည်သူတွေကို မူရင်းကုန်ကျတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ သမဝါယမဦးစီးဌာန ကုန်သွယ်မှုဌာနစု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ပြောပါတယ်။
“ခြံတွေအရောက် သွားဝယ်ပါမယ်။ အဲဒီဝယ်ရင်းဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ပေါင်းပြီးတော့ မူရင်းဈေးနဲ့ ပြန်ရောင်းမယ်။ လုံးဝအမြတ်တင်ခြင်းမရှိပါဘူး”ဟု ဒေါ်ခင်မာအေးက ဆိုပါတယ်။
အခုလို ဆောင်ရွက်ပေးတာဟာ အခက်အခဲဖြစ်ပေါ်နေတဲ့ တောင်သူတွေကို ကူညီပေးတာလို့ သူကဆက် လက်ပြောပါတယ်။
ဒေသထွက် သီးနှံတွေကို တင်ပို့ရောင်းချဖို့ အခက်အခဲဖြစ်နေတဲ့တောင်သူတွေရှိရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနနဲ့ သမဝါယမအသင်းတွေဆီ ဆက်သွယ်နိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်မှ ဂေါ်ဖီတွေ၊ မန္တလေးတိုင်း ဒေသကြီးမှ ကြက်သွန်၊ ဘူးသီးနဲ့ စိန်တလုံးသရက်သီးတွေကို ကွင်းဆင်းဝယ်ယူပြီး ပြန်လည်ရောင်းချပေးနေဖို့ စီစဉ်နေပါတယ်။
<zawgyi>
COVID-19 ရောဂါကြောင့် ရောင်းချရန် ခက်ခဲနေသည့် သီးနှံများဝယ်ယူပေးမည်
Thursday, June 4, 2020
COVID-19 ရောဂါကြောင့် တောင်သူတွေတင်ပို့ရောင်းချဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့ သီးနှံတွေကို စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဝယ်ယူပေးမယ်လို့ သိရပါတယ်။
သမဝါယမဦးစီးဌာနက ဒေသခံတောင်သူတွေဆီ ကွင်းဆင်းဝယ်ယူပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆယ်ခုက ပြည်သူတွေကို မူရင်းကုန်ကျတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ သမဝါယမဦးစီးဌာန ကုန်သွယ်မှုဌာနစု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ပြောပါတယ်။
“ခြံတွေအရောက် သွားဝယ်ပါမယ်။ အဲဒီဝယ်ရင်းဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ပေါင်းပြီးတော့ မူရင်းဈေးနဲ့ ပြန်ရောင်းမယ်။ လုံးဝအမြတ်တင်ခြင်းမရှိပါဘူး”ဟု ဒေါ်ခင်မာအေးက ဆိုပါတယ်။
အခုလို ဆောင်ရွက်ပေးတာဟာ အခက်အခဲဖြစ်ပေါ်နေတဲ့ တောင်သူတွေကို ကူညီပေးတာလို့ သူကဆက် လက်ပြောပါတယ်။
ဒေသထွက် သီးနှံတွေကို တင်ပို့ရောင်းချဖို့ အခက်အခဲဖြစ်နေတဲ့တောင်သူတွေရှိရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနနဲ့ သမဝါယမအသင်းတွေဆီ ဆက်သွယ်နိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်မှ ဂေါ်ဖီတွေ၊ မန္တလေးတိုင်း ဒေသကြီးမှ ကြက်သွန်၊ ဘူးသီးနဲ့ စိန်တလုံးသရက်သီးတွေကို ကွင်းဆင်းဝယ်ယူပြီး ပြန်လည်ရောင်းချပေးနေဖို့ စီစဉ်နေပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment