Saturday, June 27, 2020

ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သားအချို့ အချုပ်ဖောက်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့မရဲစခန်းတွင် ယနေ့ နံနက် ၄ နာရီခန့်က အချုပ်သားအချို့ အချုပ်ဖောက်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
၎င်းရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် အချုပ်သားများထဲမှ ၇ ဦးထက်မနည်းသော ထွက်ပြေးသွားကြောင်း သိရသည်ဟု အမည်မဖော်လိုသူ ရသေ့တောင်မြို့ခံသားတစ်ဦး က ပြောသည်။
“ဒီမနက်ပြေးတာ။ အိမ်သာနဲ့ ရေချိုးခန်းကတွဲလျက်ရှိတာလို့သိရတယ်အချုပ်ထဲမှာ။ အဲဒီအခန်းက သွပ်ခေါင်မိုးကို ဖောက်ပြီးပြေးသွားကြတာ။ ခုနစ်ယောက်လောက်ရှိမယ်လို့ကြားတယ်”ဟု သူကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးအောင်မြင့်သိန်းအား မေးမြန်းရာ ၎င်းမှာ ယင်းကိစ္စကို ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
“ဒီမနက်ကိုးနာရီလောက်မှ သိရတာ။ တပည့်တစ်ယောက်လာပြောမှ။ အခုမြို့နယ်ရဲမှူးကိုမေးနေပါတယ်။ ဖြစ်တာက ကတော့ ကြားပါတယ်” ဟုပြောသည်။
ရသေ့တောင်မြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းမကိုင်သဖြင့် ရဲဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။
Ref ; Narinjara

No comments:

Post a Comment