Saturday, June 27, 2020

ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့်တောင်သူများ ပြန်လည်ထူထောင်ရေး ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာသန်း၂၀၀ချေးပေးမည်

ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့်တောင်သူများ ပြန်လည်ထူထောင်ရေး အမေရိကန်ဒေါ်လာသန်း၂၀၀ချေးပေးမည်ဟု ကမ္ဘာ့ဘဏ်က မနေ့က ကြေညာလိုက်သည်။
မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍရှိ တောင်သူလယ်သမားများ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြင့်ရေးနှင့် သီးနှံအမျိုးအစား ကွဲပြားစုံလင်စွာ စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်မှု ကောင်းမွန်စေရေးတို့အတွက် မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့က အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်း (International Development Association (IDA)) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို မနေ့ကအတည်ပြုလိုက်ခြင်းဖြစ်သည်။
မြေယာအနည်းငယ်သာပိုင်ဆိုင်လုပ်ကိုင်နိုင်သည့် လယ်သမားများ၊ အမျိုးသမီးများနှင့် အခြားသော အား နည်းသည့် အုပ်စုများအားလုံးပါဝင်နိုင်ရေးကို အထူးအလေးပေးကာ ဆောင်ရွက်သွားမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
Ref ; ကိုမင်း/Myanmar Harp Media

No comments:

Post a Comment