Monday, June 1, 2020

မတော်တဆဖြစ်မှုတွေများလာ၍ ဂျပန်နိုင်ငံတွင် လမ်းသွားရင်း ဖုန်းအသုံးပြုခြင်းကို တားမြစ်တော့မည်

တိုကျိုမြို့အနီးရှိ ယာမာတိုမြို့တွင် ယနေ့(ဇွန်လ ၁ရက်)မှစတင်၍ လမ်းလျှောက်နေရင်း ဖုန်းအသုံးပြုခြင်းအား တားမြစ်သည့် ဥပဒေကို အာဏာပိုင်များက မြို့တော်အာဏာပိုင်အဖွဲ့အစည်းအဝေးတွင် တင်ပြလိုက်ကြပြီဖြစ်ကြောင်းသိရသည်။
”လမ်းလျှောက်ရင်း ဖုန်းသုံးသူတွေ လျှင်မြန်စွာ များပြားလာသလို၊ မတော်တဆဖြစ်မှုတွေဟာလဲ ထို့အတူပဲ ပိုပြီးများလားပါတယ်”ဟု ယာမာတိုမြို့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မာဆာကီယဆုမိကပြောသည်။
အကယ်၍ ဥပဒေကို အာဏာပိုင်အဖွဲ့ဝင်အားလုံးက သဘောတူညီ အတည်ပြုလိုက်လျှင် ယာမာတိုမြို့သည် ဂျပန်နိုင်ငံတွင် လမ်းလျှောက်ရင်း ဖုန်းသုံးခြင်းကို တားမြစ်သော ပထမဆုံးမြို့ဖြစ်လာမည်ဟုလည်း သူကဖြည့်စွက်ပြောကြားသည်။
သို့ရာတွင် မသုံးမဖြစ် သုံးနေရမည့်သူများအတွက်မူ ယင်းဥပဒေတွင် ပြစ်ဒဏ်ချမှတ်ခြင်းတော့ ပါရှိလိမ့်မည်မဟုတ်ဟုလည်း သူကပြောသည်။
crd-Popular News Journal #Myanmar_Online_News
>>zawgyi<<
မတော်တဆဖြစ်မှုတွေများလာ၍ ဂျပန်နိုင်ငံတွင် လမ်းသွားရင်း ဖုန်းအသုံးပြုခြင်းကို တားမြစ်တော့မည်
Monday, June 1, 2020
တိုကျိုမြို့အနီးရှိ ယာမာတိုမြို့တွင် ယနေ့(ဇွန်လ ၁ရက်)မှ စတင်၍ လမ်းလျှောက်နေရင်း ဖုန်းအသုံးပြုခြင်းအား တားမြစ်သည့် ဥပဒေကို အာဏာပိုင်များက မြို့တော်အာဏာပိုင်အဖွဲ့အစည်းအဝေးတွင် တင်ပြလိုက်ကြပြီဖြစ်ကြောင်းသိရသည်။
”လမ်းလျှောက်ရင်း ဖုန်းသုံးသူတွေ လျှင်မြန်စွာ များပြားလာသလို၊ မတော်တဆဖြစ်မှုတွေဟာလဲ ထို့အတူပဲ ပိုပြီးများလားပါတယ်”ဟု ယာမာတိုမြို့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မာဆာကီယဆုမိကပြောသည်။
အကယ်၍ ဥပဒေကို အာဏာပိုင်အဖွဲ့ဝင်အားလုံးက သဘောတူညီ အတည်ပြုလိုက်လျှင် ယာမာတိုမြို့သည် ဂျပန်နိုင်ငံတွင် လမ်းလျှောက်ရင်း ဖုန်းသုံးခြင်းကို တားမြစ်သော ပထမဆုံးမြို့ဖြစ်လာမည်ဟုလည်း သူကဖြည့်စွက်ပြောကြားသည်။
သို့ရာတွင် မသုံးမဖြစ် သုံးနေရမည့်သူများအတွက်မူ ယင်းဥပဒေတွင် ပြစ်ဒဏ်ချမှတ်ခြင်းတော့ ပါရှိလိမ့်မည်မဟုတ်ဟုလည်း သူကပြောသည်။
crd-Popular News Journal #Myanmar_Online_News

No comments:

Post a Comment