Monday, June 1, 2020

ထောင်ဒဏ် သုံးလနဲ့ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ချမှတ်ခံရသူတချို့အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတွင် Mask မတပ်၍ အရေးယူခံရသူ (၃၁၀၀) ကျော်ရှိ

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ မေ(၁၃) ရက်ကနေ (၃၁) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ Mask မတပ်လို့အရေးယူခဲ့တဲ့ အမျိုးသား (၂၇၀၀) နီးပါး နဲ့ အမျိုးသမီး(၅၀၀)နီးပါး စုစုပေါင်း (၃၁၀၀) ကျော်ကို ဖမ်းဆီးပြီး သက်ဆိုင်ရာတရားရုံးအသီးသီးကို တရားစွဲတင်ကာ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အရေးယူခဲ့သူအများစုဟာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၅)အရ ဒဏ်ငွေ (၅၀၀၀) ကျပ် ပေးဆောင်ရပြီး ပုဒ်မ(၁၈)အရ ထောင်ဒဏ်သုံးလနဲ့ ဒဏ်ငွေ (၅၀၀၀၀)ကျပ် ချမှတ်ခံရသူတချို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။ အရေးယူခံရသူ အများစုဟာ ရွှေပြည်သာ၊ သုံးခွနဲ့ ခရမ်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း အိမ်ပြင်ထွက်ရင် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အသီးသီးကို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
ထောင်ဒဏ် သုံးလနဲ့ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ချမှတ်ခံရသူတချို့အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတွင် Mask မတပ်၍ အရေးယူခံရသူ (၃၁၀၀) ကျော်ရှိ
Monday, June 1, 2020
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ မေ(၁၃) ရက်ကနေ (၃၁) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ Mask မတပ်လို့အရေးယူခဲ့တဲ့ အမျိုးသား (၂၇၀၀) နီးပါး နဲ့ အမျိုးသမီး (၅၀၀) နီးပါး စုစုပေါင်း (၃၁၀၀) ကျော်ကို ဖမ်းဆီးပြီး သက်ဆိုင်ရာတရားရုံးအသီးသီးကို တရားစွဲတင်ကာ ပြစ်ဒဏ်ချမှတ်ခဲ့ တယ်လို့ ဆိုပါတယ်။
အရေးယူခဲ့သူအများစုဟာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၅) အရ ဒဏ်ငွေ (၅၀၀၀) ကျပ် ပေးဆောင်ရပြီး ပုဒ်မ(၁၈)အရ ထောင်ဒဏ် သုံးလ နဲ့ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ချမှတ်ခံရသူတချို့လည်း ပါဝင် တယ်လို့ဆိုပါတယ်။ အရေးယူခံရသူ အများစုဟာ ရွှေပြည်သာ၊ သုံးခွ နဲ့ ခရမ်းမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း အိမ်ပြင်ထွက်ရင် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရမှာဖြစ်ပြီး လိုက်နာမှု မရှိရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အသီးသီးကို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။
crd-One News Myanmar #Myanmar_Online_News

No comments:

Post a Comment