တရုတ်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ်တွေ အမေရိကန်နိုင်ငံတွင်းဝင်ရောက်ခွင့်ကို ဇွန်လ ၁၆ရက်နေ့က စပြီး ပိတ်မယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံတွင်း အမေရိကန် လေကြောင်းလိုင်းခရီးစဉ်တွေပြန်လည် ဝင်ရောက်ခွင့်ရဖို့ ဖိအားပေးတဲ့အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ခရီးသွားလာခွင့်ဆိုင်ရာ နှစ်နိုင်ငံသဘောတူထားတဲ့ လက်ရှိသဘောတူစာချုပ်ကို တရုတ်နိုင်ငံဘက်က ချိုးဖောက်တဲ့အတွက် အခုလိုကြေညာရတာဖြစ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်လေကြောင်းလိုင်းတွေဖြစ်တဲ့ United နဲ့ Delta လေကြောင်းလိုင်းတို့ ဇွန်လ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ ခရီးစဉ်တွေ ပြန်လည် စတင်ဖို့ မေတ္တာရပ်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့တယ်လို့ သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ ၁၄ ရက် အတွင်းသွားရောက်ခဲ့သူ အမေရိကန်နိုင်ငံသားမဟုတ်သူတွေကို အမေရိကန်ကို လာရောက်ခွင့်ကို ကပ်ရောဂါကြောင့် ပိတ်ပင်ထားခဲ့ပေမဲ့ တရုတ်လေကြောင်းခရီးစဉ်တွေကိုတော့ တင်းကြပ်တဲ့စည်းမျဉ်းတွေချမှတ်မထားခဲ့ပါဘူး။ အမေရိကန် လေကြောင်းလိုင်း ကုမ္မဏီကြီးတချို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တရုတ်ခရီးစဉ်တွေကို ဖေဖော်ဝါရီလကစပြီး ရပ်နားထားတာပါ။
အခုလို အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် Delta လေကြောင်းလိုင်းက ထောက်ခံခဲ့ပါတယ်။ ဝါရှင်တန် ဒီစီက တရုတ်နိုင်ငံ သံရုံးကတော့ တစုံတရာ ပြောကြားတာ မရှိသေးပါဘူး။
crd-voa #Myanmar_Online_News
>>zawgyi<<
တရုတ်နိုင်ငံအတွင်း အမေရိကန် လေယာဉ်တွေ ဝင်ခွင့်မရ၍ တရုတ်လေကြောင်းလိုင်းများကို ကန် အတွင်း ဝင်ရောက်ခွင့် ပိတ်မည်
Thursday, June 4, 2020
တရုတ်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ်တွေ အမေရိကန်နိုင်ငံတွင်းဝင်ရောက်ခွင့်ကို ဇွန်လ ၁၆ရက်နေ့က စပြီး ပိတ်မယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံတွင်း အမေရိကန် လေကြောင်းလိုင်းခရီးစဉ်တွေပြန်လည် ဝင်ရောက်ခွင့်ရဖို့ ဖိအားပေးတဲ့ အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ခရီးသွားလာခွင့်ဆိုင်ရာ နှစ်နိုင်ငံ သဘောတူထားတဲ့ လက်ရှိသဘောတူစာချုပ်ကို တရုတ်နိုင်ငံဘက်က ချိုးဖောက်တဲ့ အတွက် အခုလိုကြေညာရတာဖြစ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်လေကြောင်းလိုင်းတွေဖြစ်တဲ့ United နဲ့ Delta လေကြောင်းလိုင်းတို့ ဇွန်လ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ ခရီးစဉ်တွေ ပြန်လည် စတင်ဖို့ မေတ္တာရပ်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့တယ်လို့ သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ ၁၄ ရက် အတွင်းသွားရောက်ခဲ့သူ အမေရိကန်နိုင်ငံသားမဟုတ်သူတွေကို အမေရိကန်ကို လာရောက်ခွင့်ကို ကပ်ရောဂါကြောင့် ပိတ်ပင်ထားခဲ့ပေမဲ့ တရုတ်လေကြောင်းခရီးစဉ်တွေကိုတော့ တင်းကြပ်တဲ့စည်းမျဉ်းတွေချမှတ်မထားခဲ့ပါဘူး။ အမေရိကန် လေကြောင်းလိုင်း ကုမ္မဏီကြီးတချို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တရုတ်ခရီးစဉ်တွေကို ဖေဖော်ဝါရီလကစပြီး ရပ်နားထားတာပါ။
အခုလို အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် Delta လေကြောင်းလိုင်းက ထောက်ခံခဲ့ပါတယ်။ ဝါရှင်တန် ဒီစီက တရုတ်နိုင်ငံ သံရုံးကတော့ တစုံတရာ ပြောကြားတာ မရှိသေးပါဘူး။
crd-voa #Myanmar_Online_News
No comments:
Post a Comment