အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံသားများ၏ လူမျိုးရေးတရားမျှတမှုတောင်ဆိုနေသော ဆန္ဒပြပွဲများကိုချီးကျူးခဲ့ပြီး လူမည်း အမျိုးသားသေဆုံးမှုနှင့်စပ်လျဉ်းသောဆန္ဒပြမှုများသည် နိုင်ငံတစ်ဝှမ်း ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဇွန်လ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မေလ ၂၅ ရက်နေ့George Floyd သေဆုံးမှုနှင့် စပ်လျဉ်း၍ Minneapolis မြို့မှစတင်ကာနိုင်ငံတစ်ဝှမ်း ဆူပူအုံကြွမှုများဖြစ်ပေါ်လာခဲ့သည့်အချိန်မှစ၍ အိုဘားမား မိန့်ခွန်းပြောကြားထားသောပထမဗီဒီယိုဖိုင်တွင်၎င်းသည် ပြည်နယ်နှင့်နယ်မြေ အာဏာပိုင်များအား ရပ်တပ်ဖွဲ့မှ အင်အားအလွန်အကျွံသုံမှုကို ပြန်လည်သုံးသပ် စစ်ဆေးရန် တိုက်တွန်းခဲ့ပါသည်။
အိုဘားမားမှ အကြမ်းဖက်မှုများကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသော လူမည်းအမျိုးသား အမျိုးသမီးများအား “ သင်တို့တွေဟာ အရေးကြီးပါတယ်ဆိုတာ သင်တို့သိဖို့လိုပါတယ်။ သင်တို့ဘဝတွေနဲ့ သင်တို့အိမ်မက်တွေဟာအရေးကြီးတယ်ဆိုတာ သင်တို့သိဖို့လိုပါတယ်။” ဟု ပြောကြားခဲ့သည်။
၎င်းဘဝသက်တမ်းတစ်လျှောက်တွင် အမေရိကန်နိုင်ငံသည် ကြီးမားသော ပြောင်းလဲမှုနှင့်အဖြစ်အပျက်ကို ကြုံတွေ့နေရကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်ကလည်း ပြေားကြားခဲ့ပါသည်။
ဒီမိုကရစ်ပါတီတွင်ထင်ရှားခဲ့သော အသက် ၅၈ နှစ်အရွယ်ရှိ အိုဘားမားသည်ကသောင်းကနင်းဖြစ်နေသော ၁၉၆၀ ပြည့်နှစ် ပြည်သူ့ရေးရာလူ့အခွင့်ရေးလှုပ်ရှားမှုကို ပြင်ဆင်ရေးဆွဲခဲ့သူဖြစ်သည်။ အိုဘားမားမှ အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများသည် လွန်ခဲ့သော ရာစုနှစ်ဝက်နှင့်နိုင်းယှဉ်ပါက ပိုများနေကြောင်း ပြောကြားခဲ့ပါသည်။
“ဒါဟာ အမေရိကန်ကိုပြောင်းလဲဖို့ အခွင့်အလမ်းတစ်ရပ်ပဲ။ ငါတို့တွေ ပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့သည်။
အထူးသဖြင့် ဆန္ဒပြလူငယ်များအား အားပေးကြောင်းနှင့် ၎င်းတို့၏တက်ကြွလှုပ်ရှားမှုများသည် ပြုပြင်ပြောင်းလဲရေးအတွက် လှုံ့ဆော်မှုများဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖန်တီးဖို့ အခုလိုလှုပ်ရှားမှုတွေဟာ အလွန်အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုတွေ နောက်ဆုံးမှာအကျိုးရှိဖို့ လုပ်ဆောင်သွားပါစို့”ဟု ဆက်လက်ပြောကြားထားသည်။
အိုဘားမားမှ ပြည်နယ်အုပ်ချုပ်ရေးမှူးများအား “ သင်တို့ရဲ့ ရဲအင်အားသုံးစွဲမှုကို ပြန်လည်စမ်းစစ်ဖို့နဲ့ စီစဉ်ထားတဲ့ပြုပြင်ပြောင်းလဲမှုတွေကို အစီရင်ခံဖို့ ဒီနိုင်ငံမှာရှိတဲ့ မြို့တော်ဝန်တိုင်းကို တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အိုဘားမားသည် ဒေါ်နယ်ထရန့်၏ဆူပူအုံကြွမှုအပေါ်ကိုင်တွယ်ဖြေရှင်းကိုပုံ တိုက်ရိုက်ပြောကြားခဲ့ခြင်းမရှိပေ။
သို့သော် ဇွန်လ ၁ ရက်နေ့၌ အိမ်ဖြူတော်အပြင်ဘက်ရှိ ဆန္ဒပြသူများအား ဓာတုမျက်ရည်ယိုဗုံးများသုံးစွဲခဲ့မှုအပေါ်ကို ရှုံ့ချခဲ့ပါသည်။
source-Channel NewsAsia #Myanmar_Online_News
>>zawgyi<<
အမေရိကန်သမ္မတဟောင်း အိုဘားမားမှ အမေရိကန်ဆန္ဒပြသူများအား ထောက်ခံကြောင်း ပြောကြား
Thursday, June 4, 2020
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံသားများ ၏ လူမျိုးရေးတရားမျှတမှုတောင်ဆိုနေသော ဆန္ဒပြပွဲများကိုချီးကျူးခဲ့ပြီး လူမည်း အမျိုးသားသေဆုံးမှုနှင့်စပ်လျဉ်းသောဆန္ဒပြမှုများသည် နိုင်ငံတစ်ဝှမ်း ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဇွန်လ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မေလ ၂၅ ရက်နေ့George Floyd သေဆုံးမှုနှင့် စပ်လျဉ်း၍ Minneapolis မြို့မှစတင်ကာနိုင်ငံတစ်ဝှမ်း ဆူပူအုံကြွမှုများဖြစ်ပေါ်လာခဲ့သည့်အချိန်မှစ၍ အိုဘားမား မိန့်ခွန်းပြောကြားထားသောပထမဗီဒီယိုဖိုင်တွင်၎င်းသည် ပြည်နယ်နှင့်နယ်မြေ အာဏာပိုင်များအား ရပ်တပ်ဖွဲ့မှ အင်အားအလွန်အကျွံသုံမှုကို ပြန်လည်သုံးသပ် စစ်ဆေးရန် တိုက်တွန်းခဲ့ပါသည်။
အိုဘားမားမှ အကြမ်းဖက်မှုများကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသော လူမည်းအမျိုးသား အမျိုးသမီးများအား “ သင်တို့တွေဟာ အရေးကြီးပါတယ်ဆိုတာ သင်တို့သိဖို့လိုပါတယ်။ သင်တို့ဘဝတွေနဲ့ သင်တို့အိမ်မက်တွေဟာအရေးကြီးတယ်ဆိုတာ သင်တို့သိဖို့လိုပါတယ်။” ဟု ပြောကြားခဲ့သည်။
၎င်းဘဝသက်တမ်းတစ်လျှောက်တွင် အမေရိကန်နိုင်ငံသည် ကြီးမားသော ပြောင်းလဲမှုနှင့်အဖြစ်အပျက်ကို ကြုံတွေ့နေရကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်ကလည်း ပြေားကြားခဲ့ပါသည်။
ဒီမိုကရစ်ပါတီတွင်ထင်ရှားခဲ့သော အသက် ၅၈ နှစ်အရွယ်ရှိ အိုဘားမားသည်ကသောင်းကနင်းဖြစ်နေသော ၁၉၆၀ ပြည့်နှစ် ပြည်သူ့ရေးရာလူ့အခွင့်ရေးလှုပ်ရှားမှုကို ပြင်ဆင်ရေးဆွဲခဲ့သူဖြစ်သည်။ အိုဘားမားမှ အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများသည် လွန်ခဲ့သော ရာစုနှစ်ဝက်နှင့်နိုင်းယှဉ်ပါက ပိုများနေကြောင်း ပြောကြားခဲ့ပါသည်။
“ဒါဟာ အမေရိကန်ကိုပြောင်းလဲဖို့ အခွင့်အလမ်းတစ်ရပ်ပဲ။ ငါတို့တွေ ပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့သည်။
အထူးသဖြင့် ဆန္ဒပြလူငယ်များအား အားပေးကြောင်းနှင့် ၎င်းတို့၏တက်ကြွလှုပ်ရှားမှုများသည် ပြုပြင်ပြောင်းလဲရေးအတွက် လှုံ့ဆော်မှုများဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖန်တီးဖို့ အခုလိုလှုပ်ရှားမှုတွေဟာ အလွန်အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုတွေ နောက်ဆုံးမှာအကျိုးရှိဖို့ လုပ်ဆောင်သွားပါစို့”ဟု ဆက်လက်ပြောကြားထားသည်။
အိုဘားမားမှ ပြည်နယ်အုပ်ချုပ်ရေးမှူးများအား “ သင်တို့ရဲ့ ရဲအင်အားသုံးစွဲမှုကို ပြန်လည်စမ်းစစ်ဖို့နဲ့ စီစဉ်ထားတဲ့ပြုပြင်ပြောင်းလဲမှုတွေကို အစီရင်ခံဖို့ ဒီနိုင်ငံမှာရှိတဲ့ မြို့တော်ဝန်တိုင်းကို တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အိုဘားမားသည် ဒေါ်နယ်ထရန့်၏ဆူပူအုံကြွမှုအပေါ်ကိုင်တွယ်ဖြေရှင်းကိုပုံ တိုက်ရိုက်ပြောကြားခဲ့ခြင်းမရှိပေ။
သို့သော် ဇွန်လ ၁ ရက်နေ့၌ အိမ်ဖြူတော်အပြင်ဘက်ရှိ ဆန္ဒပြသူများအား ဓာတုမျက်ရည်ယိုဗုံးများသုံးစွဲခဲ့မှုအပေါ်ကို ရှုံ့ချခဲ့ပါသည်။
source-Channel NewsAsia #Myanmar_Online_News
No comments:
Post a Comment