Wednesday, June 3, 2020

ထိုင်ဝမ်ကို အကြီးစားတော်ပီဒိုတွေရောင်းချဖို့ ခွင့်ပြုတယ်လို့ အမေရိကန် အစိုးရအေဂျင်စီထုတ်ပြန်

ထိုင်ဝမ်ကို အကြီးစားတော်ပီဒိုတွေရောင်းချနိုင်ချေရှိတာကို ခွင့်ပြုလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေး ပူး ပေါင်းဆောင်ရွက်မှုအေဂျင်စီ(DCSA)က ထုတ်ပြန်ပါတယ်။ DCSA ရဲ့အပြောအရ အမေရိကန်နိုင်ငံခြာ းရေးဝန် ကြီးဌာနက MK-48 Mod 6 နည်းပညာသုံးအကြီးစားတော်ပီဒို ၁၈ စင်းကို စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၁၈၀ နှုန်းနဲ့ ထိုင်ဝမ်ဆီရောင်းချဖို့ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်ဟာ နောက်ဆုံးရောင်းချတယ်လို့အတည်ပြုတာမဟုတ်ပေမဲ့ ရောင်းချနိုင်ချေရှိတာကို အတည် ပြု လိုက်တာပါ။ တကယ်လို့နောက်ဆုံးရောင်းချလိုက်ပြီဆိုရင် ၂၀၂၀ ပြည့်နှစ်ထဲမှာ ထိုင်ဝမ်ကို အမေရိကန်ရဲ့ ပထမဆုံးလက်နက်ရောင်းချမှုဖြစ်လာမှာပါ။
DSCA ရဲ့အပြောအရ ရောင်းချမှုရဲ့ တစိတ်တပိုင်းအနေနဲ့ပါဝင်တဲ့တိတိကျကျအစိတ်အပိုင်းတွေဟာ MK-48 Mod 6 အဆင့်မြင့်နည်းပညာသုံးအကြီးစားတော်ပီဒို ၁၈ စင်း၊ အပိုပစ္စည်းတွေ၊ ထောက်ပံ့စစ်ဆေးရေးကိရိ ယာ တွေနဲ့ တခြားပစ္စည်းတွေလည်းပါဝင်မှာပါ။
“အမေရိကန်အစိုးရနဲ့ ကန်ထရိုက်လုပ်ထားတဲ့အင်ဂျင်နီယာ၊ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု တွေနဲ့ တခြားဆက်စပ်ထောက်ပံ့ရေးပစ္စည်းတွေ”လည်း ရောင်းချနိုင်ချေရှိတဲ့ကိစ္စအတွက်ပါဝင်ပါတယ်။
“အဆိုပြုထားတဲ့ရောင်းချမှုဟာ လက်ခံရမယ့်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုခေတ်မီဖို့နဲ့ ယုံကြည်ရတဲ့ကာ ကွယ်ရေးစွမ်းရည်ထိန်းသိမ်းနိုင်ဖို့ ဆက်တိုက်အားထုတ်မှုတွေကိုထောက်ပံ့ခြင်းအားဖြင့် အမေရိကန်နိုင်ငံရဲ့ အမျိုးသားရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအကျိုးစီးပွားရှိနေပါတယ်။ အဆိုပြုထားတဲ့ရောင်းချမှုဟာ လက်ခံမယ့်နိုင်ငံ ရဲ့ လုံခြံုရေးကိုမြှင့်တင်ပေးမယ့်အပြင် ဒေသတွင်း နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေးမျှခြေရှိမှုနဲ့ စီးပွားရေးတိုးတက်မှု တွေဆက်တည်မြဲနေဖို့ ကူညီပေးပါလိမ့်မယ်” လို့လည်း DSCAက ထုတ်ပြန်ပါတယ်။
ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ရဲ့ဒုတိယသက်တမ်းအတွက် ကျမ်းကျိန်မယ့်နေ့မတိုင်ခင်တစ်ရက်မှာ ရောင်းချခွင့်ပြု လိုက်တာပါ။ သူ့ရဲ့ကျမ်းကျိန်သစ္စာပြုမှုမှာ တရုတ်ပြည်မကြီးရဲ့တစ်နိုင်ငံ၊ စနစ် ၂ မျိုးအုပ်ချုပ်မှုပုံစံကို ငြင်းဆိုခဲ့ ပြီး ထိုင်ဝမ်ကိုအဆင့်လျှော့ချပြီး ရေလက်ကြားဖြတ်ကျော်ရာမှာ မူလအခြေအနေကိုလျှော့ တွက်မယ့် တစ်နိုင်ငံ၊ စနစ် ၂ မျိုး စနစ် တရုတ်အစိုးရအာဏာပိုင်တွေအသုံးပြုမှာကို ထိုင်ဝမ်ဘက်က လက်မခံဘူးလို့ ဆိုင်ကပြော တာပါ။
“ရေရှည်ပူးတွဲတည်ရှိနိုင်အောင်နဲ့ ဆန့်ကျင်မှုတွေ၊ မတူကွဲပြားမှုတွေပိုဆိုးသွားတာကာကွယ်နိုင်အောင် နည်း လမ်းရှာဖွေဖို့ နှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်” လို့လည်း ဆိုင်ကဖြည့်စွက်ပြောဆိုပါတယ်။
သူ့ရဲ့ကျမ်းကျိန်သစ္စာပြုမှုအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွန်ပီယိုက ထိုင်ဝမ်ခေါင်းဆာင်ဆီ ရှားပါးအဆင့်မြင့်တဲ့အမေရိကန်ထုတ်ပြန်ချက်တစ်စောင်နဲ့ ဝမ်းမြောက်ကြောင်းပြောပါတယ်။
“ဒေါက်တာဆိုင်အင်းဝမ်ရဲ့ထိုင်ဝမ်သမ္မတအနေနဲ့ ဒုတိယသက်တမ်းတစ်ဆက်ကိုစတင်တာအတွက် ကျွန် တော် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောချင်ပါတယ်။”လို့ ပွန်ပီယိုရဲ့စာမှာပါဝင်ပါတယ်။ “မဲတော်တော်ကွာပြီးပြန်ရွေးကောက်ခံခဲ့ရတာက သူဟာ လေးစားမှု၊ မြတ်နိုးလေးစားမှုနဲ့ ယုံကြည်မှုတွေရခဲ့လို့ ဆိုတာဖော်ပြနေပါတယ်။
ထိုင်ဝမ်ကိုအားကောင်းတဲ့ဒီမိုကရေစီနိုင်ငံဖြစ်အောင်ဦးဆောင်ရာမှာ သူ့ရဲ့သူရသတ္တိနဲ့အမြင်တွေဟာ ဒေသ တွင်းနဲ့တစ်ကမ္ဘာလုံးကို လှုံ့ဆော်ပေးနေပါတယ်။”လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ထုတ် ပြန်ချက်မှာထည့်သွင်းပြောဆိုပါတယ်။
ထရမ့်အစိုးရဟာ ထိုင်ဝမ်ဆီလက်နက်ရောင်းချမှုတော်တော်များများကို ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ထိုင်ဝမ် F-16 နဲ့ F-5E/F တွေ အပါအဝင် ထိုင်ဝမ်စစ်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေရောင်းဖို့ခွင့်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ M1A2T အဓိကတိုက်ပွဲဝင်တင့်ကား ၁၀၈ စီးနဲ့ F-16C/D Block 70 တိုက်လေ ယာဉ်အစီး ၇၀၊ ဆက်စပ်ပစ္စည်းတွေရောင်းချတာကိုခွင့်ပြုခဲ့ပါတယ်။
Ref ; People Media

No comments:

Post a Comment