
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ တပ်မတော်အနေဖြင့် နိုင်ငံသားများ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် စွမ်းအားရှိသမျှလုပ်ဆောင်ပေးနေကြောင်း၊ လူစွမ်းအား၊ပစ္စည်းစွမ်းအားများအပြင် တတ်နိုင်သမျှ အလှူငွေများထည့်ဝင်ပေးပြီး ရောဂါကာကွယ်ရေးတွင် အထောက်အကူပြုပေးလျက်ရှိကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ဆေးအကာအကွယ်ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်းနှင့်ရောဂါကူးစက်မှုမှာ ကမ္ဘာ့လူနေမှုစနစ်ကြောင့် ကူးစက်မှုများဖြစ်ပေါ်လာသည်ကို တွေ့ရှိရသဖြင့် လူူနေမှုစနစ်ကို ပြုပြင်ရန်၊ သန့်ရှင်းသည့် ပတ်ဝန်းကျင် လူနေမှုစနစ်များဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် လေကောင်းလေသန့်ရရှိရေးအတွက် Pollution ကိုလျှော့ချရမည်ဖြစ်ပြီး ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော နေ၊ လေ၊ ရေ စွမ်းအင်များမှ လျှပ်စစ်ထုတ်ယူမှုများကို အားပေးရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဖြင့်ပို့ဆောင်ရေးများကို အားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည်မှ ယနေ့အထိ ၇၂ ရက်ရှိပြီဖြစ်ကာ ယနေ့နံနက်အထိ ရောဂါပိုး တွေ့ရှိသူ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ပျောက်ကင်းသက်သာ လာသူ ၁၄၃ ဦး၊ ပြည်တွင်းရောဂါကူးစက်မှုအ နေဖြင့် မေလ ၁၈ ရက်မှ ဇွန်လ ၁ ရက် နေ့အထိ ၁၅ ရက်ကြာမတွေ့ရှိဘဲ ဇွန်လ ၂ ရက်နေ့တွင် ပြည်တွင်းကူးစက်ခံရမှု တစ်ဦး တွေ့ရှိရသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိရသူ ၂၃၃ ဦးတွင် ပြည်ပမှ ဝင်ရောက်သူ ၇၀ ဦးနှင့် ၎င်းတို့မှ တစ်ဆင့်ကူးစက်သူ ၁၀၄ ဦးရှိ၍ ပြည်ပဝင်ရောက်သူများမှ ကူးစက်မှုအများဆုံးဖြစ်သည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများတွင် ရောဂါလက္ခဏာ မပြသည့် Silent Carrier ၁၇၂ ဦး ရှိပြီး ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း၏ ၇၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိသဖြင့် သတိပြုဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ယနေ့အထိ Rapid Test Kit ဖြင့် ၃၄၃၇ ဦး၊ PCR နည်းဖြင့် အ မျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာန(ရန်ကုန်)တွင် ၂၇ ဦး၊ တပ်မတော်ဆေးသုတေသနတပ်တွင် ၂၀၆ ဦး၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတွင် ၅၄၃ ဦးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံတွင် ၂၇ ဦး၊ စုစုပေါင်း PCR နည်းဖြင့် ၈၀၃ ဦး၊ Cobas 6800 နည်းဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးတွင် ၈၂၄ ဦး၊ အမှတ်(၂) တပ် မတော်ဆေးရုံကြီးတွင် ၆၇၀ ဦး၊ စုစုပေါင်း Cobas 6800 နည်းဖြင့် ၁၄၉၄ ဦးစစ်ဆေး ပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိသူ ၅ ဦးရှိသည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည် ၁၈ ဦးအနက် ၄ ဦးတွင် ရောဂါပိုးတွေ့ ရှိရပြီး တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓ တက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဆေးအကာအကွယ်ပေး ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများမှ အလှူငွေများဖြင့် မေလအတွင်း ဆေးအကာအကွယ်ပစ္စည်းများလှူဒါန်းမှု ၂ ကြိမ်ပြု လုပ်ခဲ့ရာ အထူးကု ဆေးရုံကြီး ၃၃ ရုံအနက် ၃၂ ရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး ၃၁ ရုံအနက် ၂၆ ရုံ၊ ခရိုင်ဆေးရုံ ၃၈ ရုံအနက် ၃၃ ရုံ၊ မြို့နယ်ဆေးရုံ ၂၇၀ အနက် ၂၄၁ ရုံ၊ တိုက်နယ်ဆေးရုံ ၇၉၆ ရုံအနက် ၆၉၄ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် ၈၅၈ ဌာနတို့အား လှူဒါန်းနိုင်ခဲ့ပြီး ဧပြီလ နှင့် မေလ အလှူငွေများမှ စုစုပေါင်း ၅ ကြိမ်လှူဒါန်းခဲ့ရာတွင် ဆေးရုံများအားလုံးနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ဌာနသို့ လှူဒါန်း ပေးနိုင်ခဲ့သည့် အခြေ အနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထံသို့ လှူဒါန်းပေးနိုင်ခဲ့သည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဝေးလံ ခေါင်ပါးသော နယ်မြေများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ပြည်သူ့ဆေးရုံများရှိ ဆေးရုံ တက်လူနာများအား ဖြည့်စွက်အာဟာရကျွေးမွေးမှု အနေဖြင့် ဆေးရုံပေါင်း ၄၄၀ တွင် ကျွေးမွေးမှု ၂၄၅၀ ကြိမ်၊ လူနာအင်အား ၁၄၈၃၆၅ ဦးကို ကျွေးမွေးနိုင်ခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် Mask နှင့် Face Shieldများကို တပ်မတော် အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်နေမှုအခြေအနေများနှင့် ဏဏန ဝတ်စုံများကို ပြည်ပမှ ထုတ်လုပ်သည့် အရည်အသွေးအတိုင်း ထုတ်လုပ်လျက်ရှိသည့် အခြေအနေများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာ ခြင်း၊ စာဖတ်ဝိုင်းများနှင့် ယဉ်ကျေးလိမ္မာသင်ကြားပို့ချပေးမှု အခြေအနေများ။
အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား နေသည့်အခြေအနေများ၊ တုပ်ကွေးရောဂါဖြစ်ပွားသည့် ရာသီဖြစ်သဖြင့် သွားလာနေထိုင်မှု၊ စားသောက်မှုများကို အကန့်အသတ်ဖြင့် ထိန်းချုပ်ရမည့်အခြေအနေများ၊ COVID-19 ရောဂါ လက္ခဏာများသည် တုပ်ကွေးရောဂါနှင့် ဆင်တူမှုများရှိသဖြင့် စနစ်တကျ နေထိုင်စားသောက်ပြီး ဂရုပြုရန်လိုအပ်သည့် အခြေအနေများနှင့် နီပေါနိုင်ငံတွင် အ ကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်နေသူများနှင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် နီပေါနိုင်ငံသားများအား တပ်မတော် လေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဇူလိုင် ၂၁ ရက်တွင် ကျောင်းများ ဖွင့်လှစ်မည်ဟုဆိုသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် Mask များကို လုံလုံခြုံခြုံ၊ တန်ဖိုးအနည်းဆုံးဖြင့် ကြာကြာသုံးနိုင်ရန် အဓိကထား၍ ချုပ်လုပ်ဖြန့်ဝေပေးရမည်ဖြစ် ကြောင်း၊ တုပ်ကွေး ရာသီဖြစ်သဖြင့် ကလေးများတွင် သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရေး လိုအပ်သောသန့်ရှင်းရေးနှင့်ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ၊ စောင့်ရှောက်မှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့် တုပ်ကွေးရောဂါတို့သည့် ရောဂါလက္ခဏာအချို့ တူညီနေသဖြင့် အဆိုပါအချက်အလက်များကို ပြည်သူလူထုသိရှိအောင် ပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျရောက်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်တို့အ တွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် COVID-19 နှင့် အခြားရောဂါများ ဖြစ်ပေါ်လျက်ရှိရာ ဆက်စပ်လျက်ရှိသော နယ်မြေများတွင် အထူးသတိထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်
No comments:
Post a Comment