Friday, June 5, 2020

အိန္ဒိယနှင့်ဩစတြေးလျနိုင်ငံမှ နှစ်နိုင်ငံရှိ စစ်အခြေစိုက်စခန်းများအား အပြန်အလှန်အသုံးပြုရန် သဘောတူညီချက်ရရှိ

ဇွန်လ ၄ ရက်နေ့တွင် အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံသည် နှစ်နိုင်ငံရှိ စစ်အခြေစိုက်စခန်းများအား အပြန် အလှန်ဝင်ရောက်ခွင့်ပြုရန် သဘောတူညီချက်ရရှိခဲ့ကြောင်း၊ အဆိုပါသဘောတူညီချက်သည် အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ရေးဖလှယ်မှုများနှင့် စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုပြုလုပ်နိုင်မည့် နည်းလမ်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
Mutual Logistics Support Agreement အရ အိန္ဒိယ-ဩစတြေးလျ နှစ်နိုင်ငံ၏ စစ်ဘက်သင်္ဘောများနှင့် လေယာဉ်များသည် နှစ်နိုင်ငံအခြေစိုက်စခန်းများရှိ ထောက်ပံ့ ရေးပစ္စည်းအဆောက်အအုံများသို့ ဝင်ရောက်ခွင့်ရှိပြီး ထောက်ပံ့ရေးပစ္စည်းများကို ရယူ နိုင်ပါသည်။
အဆိုပါ သဘောတူညီချက်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့် ဩစတြေးလျဝန်ကြီးချုပ် Scott Morrison တို့ကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် လက်မှတ်ရေးထိုးခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံနှင့်လည်း တူညီသည့် သဘောတူညီချက်ရရှိ ထားပြီး ၎င်းသည် ဒေသအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စစ်အင်အားကြီးထွား နေမှုကို ချိန်ညှိရန် နယ်စပ်ဒေသလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။
အိန္ဒိယတပ်ဖွဲ့များသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးအကျပ်အတည်း ဖြစ်သော နှစ်နိုင်ငံပဋိပက္ခဖြစ်နေသည့် နယ်စပ်ဒေသတွင် တရုတ်တပ်ဖွဲ့များနှင့် တင်းမာမှုများဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံ၏ ကြီးမားသော ကုန်သွယ်ရေးမညီမျှမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိပါသည်။
တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခများသည်လည်း ကြီးထွားလျက်ရှိပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ နိုင်ငံတကာအား ပြန်လည်ဆန်းစစ်ရန် ဩစတြေးလျနိုင်ငံ၏ တွန်းအားပေးမှုသည် တရုတ်နိုင်ငံဘက်မှ အတိုက်အခံပြုမှုကို ဖြစ်ပေါ်စေပါသည်။
Morrison သည် ဇန်နဝါရီလက အိန္ဒိယနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း ဩစတြေးလျနိုင်ငံတွင် တောင်မီးလောင်ကျွမ်းနေမှုကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ ပါသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေသည့်အချိန်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ် ခြင်းသည် ခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားကြောင်း ပြသနေသည်ဟု အရာရှိများမှ ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Modi သည် ဩစတြေးလျနိုင်ငံနှင့် ဆက်ဆံရေးပိုမိုအားကောင်းလာစေရန် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံတွေ့ဆုံဆွေနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Anurag Srivastava မှ တွေ့ဆုံမှု မပြုလုပ်မီ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် လေးနိုင်ငံ လုံခြုံရေးဆက်ဆံမှုများခိုင်မြဲစေရန်အတွက် အိန္ဒိယ နှင့် ပစိဖိတ်သမုဒ္ဒရာ၌ အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် နှစ်စဉ်ပြုလုပ်သည့် ရေတပ်လေကျင့်ခန်းများတွင် ဩစတြေးလျနိုင်ငံ၏ ပါဝင်နေမှုကို စဉ်းစားလျက်ရှိကြောင်း စစ်ဘက်အရာရှိများမှ ပြောကြားခဲ့ပါသည်။
၂၀၀၇ ခုနှစ်က ပြုလုပ်ခဲ့သည့် အလားတူလေ့ကျင့်ခန်းများသည် တရုတ်နိုင်ငံ အား အမျက်ဒေါသဖြစ်စေခဲ့ပါသည်။
Source : Channel News Asia
“India, Australia seal deal to use each other’s military bases”

0 comments:

Post a Comment