
မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလထဲ တိုင်းနဲ့ပြည်နယ်(၁၀)ခုမှာ မိုးကြိုးကြောင့် လူ(၂၅)ယောက်သေဆုံးခဲ့ပြီး (၉) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါကြောင့် လျှပ်စီးလက်၊ မိုးခြိမ်းတာတွေဖြစ်နေတဲ့အချိန် ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေ အသုံးမပြုကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒီနေ့ဇွန်လ(၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီချိန်တွေမှာ ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေအပြင် လျှပ်စစ်ထမင်းအိုး၊ မီးပူ၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုကြဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါအပြင် သစ်ပင်၊ ဓါတ်တိုင်၊ သံ၊ သတ္ထုပစ္စည်းတွေနားမှာ မနေကြဖို့နဲ့ အိမ်ပြင်ဘက်မှာ လူစုလူဝေးမနေကြဖို့လည်း သတိပေးထားပါတယ်။
Ref ; O Media






0 comments:
Post a Comment