Wednesday, June 3, 2020

အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်နေတဲ့ ဝါရှင်တန်နယ်မြေသို့ ပင်တဂွန်က တပ်ဖွဲ့ဝင် ၁၆၀၀ စေလွှတ်

အကြမ်းဖက်ဆန္ဒပြမှုတွေ ညများစွာ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တဲ့ ဝါရှင်တန်ဒီစီ နယ်မြေသို့အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင် ၁၆၀၀ ခန့် စေလွှတ်ပေးပို့လိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
တပ်ဖွဲ့ဝင်တွေစေလွှတ်ခြင်းဟာ ပိုမိုမြင့်မားတဲ့ သတိပေးချက်အဆင့်မျိုးဖြစ်ပေမယ့် အရပ်ဖက် အာဏာပိုင်တွေရဲ့ အစီအမံတွေကို ကာကွယ်ထောက်ခံမှုမှာ ပါဝင်မှာ မဟုတ်ဘူးလို့ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ရတ်ချ်ဟော့ဖ်မန်း က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
ဝါရှင်တန်နယ်မြေသို့ တပ်ဖွဲ့တွေ စေလွှတ်မှာဖြစ်ကြောင်းကို အကြီးတန်း ကာကွယ်ရေး အရာရှိတစ်ဦးကလည်း တနင်္လာနေ့မှာ ပြောဆိုထားခဲ့ပါတယ်။ ယင်းတပ်ဖွဲ့ဝင်တွေထဲမှာ စစ်ရဲတွေ၊ ခြေလျင်တပ်ရင်းတစ်ခုနဲ့ အတူ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဟော့ဖ်မန်းက ပြောဆိုပါတယ်။
အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကာဖျူးထုတ်ပြန်ထားမှုတွေကို အာခံကာ ဆန္ဒပြသူတွေဟာ ဆက်လက်ဆန္ဒပြမှုတွေလုပ်နေခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ လူမျိုးရေးခွဲခြားမှုအပေါ် ဒေါသအမျက်ထွက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အုပ်ချုပ်ရေးခေါင်းဆောင်တွေ အသဲအသန်ကြိုးပမ်းနေကြပါတယ်။ ထိုစဉ် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းနေတယ်ဆိုတဲ့ သူ့အပေါ် ဝေဖန်ချက်တွေကို သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့ပါတယ်။
လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ကာ ဆန္ဒပြသူတွေဟာ နယူးယောက်မှသည် လော့စ်အိန်ဂျလိစ်သို့တိုင် မြို့ကြီးများစွာမှာ ညပိုင်းအချိန်တွေအထိ ဆူပူဆန္ဒြုပမှုတွေ လုပ်ဆောင်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။ သို့ပေမယ့် ယခင်ညတွေကလို မီးရှို့ဖျက်ဆီးမှုတွေ၊ အကြမ်းဖက်မှုသတင်းတွေကတော့ လျော့ပါးသွားတာတွေ့ရပါတယ်။
မနက်အစောပိုင်းက လူထောင်သောင်းများစွာဟာ ဖလွိုက်ကို ဂုဏ်ပြုဖို့အတွက် ၎င်းရဲ့ မွေးရပ်မြေ ဟောက်စတန်မှာ စုရုံးခဲ့ကြပါတယ်။ ဟောက်စတန်မှာ မွေးပြီး တက္ကဆက်ကြီးပြင်းခဲ့သူဖြစ်တဲ့ ဖလွိုက်ကို နောက်သီတင်းပတ်မှာ မြေမြှုပ်သင်္ဂြုဟ်မှာဖြစ်ပါတယ်။
Ref ; Akonthi / CNA

No comments:

Post a Comment