Wednesday, June 3, 2020

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသို့ အသိပေးကြေညာခြင်း

၁။ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA)မှ အရေးပေါ်အခြေအနေပြဌာန်းပြီး ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်ခရီးသွားလာမှုတားဆီးကန့်သတ်ခြင်းတို့ ပြုလုပ်ထားသည့် အခြေအနေတွင် မြန်မာနိုင်ငံသို့ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လိုသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘေးကင်းလုံခြုံစွာ ဖြင့် ထိုင်းနိုင်ငံ၊ခရိုင်များကို ဖြတ်ကျော်ခရီးသွားလာခွင့်ရရှိရေးအတွက် မြန်မာသံရုံး နှင့် ထိုင်းတာဝန် ရှိသူများ ပူးပေါင်းစီစဉ်မှုဖြင့် ဗန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ မဲဆောက်-မြဝတီနယ်စပ်ဂိတ်သို့ အထူးဘတ်စ်ကားအစီအစဉ်များ ပြေးဆွဲပေးလျက်ရှိရာတွင် ၂၂-၅-၂၀၂၀ ရက်နေ့မှ ၂-၆-၂၀၂၀ ရက်နေ့ အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၅၇၅)ဦး အား ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။
၂။ သို့သော်လက်ရှိတွင် ယင်းအထူးဘတ်စ်ကားအစီအစဉ်ဖြင့် နေရပ်ပြန်ရန် စာရင်းပေးသွင်း လက်မှတ်လာရောက်ဝယ်ယူသည့် အရေအတွက် လျော့နည်းလာပါသဖြင့် သက်ဆိုင်ရာထိုင်း တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ အထူးဘတ်စ်ကားများအား အောက်ဖော်ပြပါအတိုင်း ပြောင်းလဲ ပြေးဆွဲပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်
(က) ယခုရက်သတ္တပတ်အတွက် ယနေ့ ၃-၆-၂၀၂၀ ရက်နေ့နှင့် ၅-၆-၂၀၂၀ ရက်နေ့တို့တွင်သာ အထူးဘတ်စ်ကားများ ပြေးဆွဲမည်ဖြစ်ပြီး ၄-၆-၂၀၂၀ ရက်နေ့တွင် အထူးဘတ်စ်ကားများ ပြေးဆွဲရန် မရှိပါ။ လာမည့် ရက်သတ္တပတ်မှ စတင်၍ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ဆက်လက်ထွက်ခွာပေးမည် ဖြစ်ပါသည်။
(ခ) ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အချက်အလက်ကောက်ယူမှုဌာနစိတ် တို့တွင် စာရင်းပေးသွင်း လက် မှတ် ဝယ်ယူကြရန်ဖြစ်ပါသည်။
(ဂ) စာရင်းပေးသွင်းလက်မှတ်ဝယ်ယူပြီးသော လိုက်ပါစီးနင်းရမည့် ခရီးသည်များအမည်စာရင်းအား အပတ်စဉ် ထွက်ခွာမည့်ရက်များဖြစ်သော အင်္ဂါနေ့နှင့်သောကြာနေ့များမတိုင်မှီ ကြိုတင်၍ အသိပေးကြေညာသွားမည်ဖြစ်ပါသည်။
အလုပ်သမားသံအရာရှိရုံး၊ဗန်ကောက်မြို့

No comments:

Post a Comment