COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ဂျာမနီနိုင်ငံအခြေစိုက် AIDA သင်္ဘောကုမ္ပဏီမှ သင်္ဘောခရီးစဉ်များ ရပ်ဆိုင်းထားသဖြင့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ရပ်နားဆိုက်ကပ်ထားသည့် AIDAperla နှင့် AIDAblu သင်္ဘောနှစ်စင်းပေါ်တွင် (၂) လခန့်ကြာ သောင်တင်လျက်ရှိနေသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၈၉) ဦးအား AIDA သင်္ဘောကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြလမ်းညွှန်မှုခံယူပြီးနောက် အထူးလေယာဉ် (DE 8474) ဖြင့် ၃-၆-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၂၀၀၅ နာရီတွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပို့ပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါအထူးလေယာဉ်တွင် မြန်မာနိုင်ငံသား သင်္ဘောသား (၈၉) ဦးအပြင် မြန်မာသံရုံး၏ ညှိနှိုင်းချက်အရ ထိုင်ခုံနေရာ (၆) နေရာရရှိခဲ့ရာ ဂျာမနီနိုင်ငံ၊ Radebaul မြို့နှင့် ပိုလန်နိုင်ငံ၊ Krakow မြို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကာ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသား (၆) ဦးပါ လိုက်ပါနိုင်ခဲ့ပြီး စုစုပေါင်း မြန်မာနိုင်ငံသား (၉၅) ဦး လိုက်ပါသွားခဲ့ပါသည်။
ထိုသို့ ပြန်လည်လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် အခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် သံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဂျာမနီနိုင်ငံနှင့် ပိုလန်နိုင်ငံတို့မှ လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆုံရပ်ဖြစ်သည့် ဖရန့်ဖတ်မြို့သို့ ခရီးဝေးကွာသည့်မြို့များမှ ကြိုတင်ကူးပြောင်း လာရောက်စောင့်ဆိုင်းနေရခြင်းဖြစ်ရာ လေဆိပ်၌ စောင့်ဆိုင်းနေစဉ်အချိန်အတွင်း မြန်မာသံရုံးနှင့် မြို့မိမြို့ဖများက ထမင်းကြော်၊ ကြာဇံကြော်၊ သောက်ရေသန့်တို့ဖြင့် ဒါနပြုခဲ့ကြောင်း သိရှိရပါသည်။

Credit - MOFA c #Myanmar_Online_News
>>zawgyi<<
ဂျာမနီနိုင်ငံရှိ မြန်မာနိုင်ငံသား သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
Thursday, June 4, 2020

No comments:
Post a Comment