
ဆရာ၊ ဆရာမများက တရားမဝင်လုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လောင်းကစား လုပ်ငန်းများကို အမြဲမပြတ်သိရှိပြီး အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ရမည်ဖြစ်ကာ ပျက်ကွက်ပါက အရေးယူခံရမည် ဖြစ်ကြောင်း ပင်လယ်ဘူးမြို့နယ် ပညာရေးမှူး၏ညွှန်ကြားစာ လူမှုကွန်ရက် စာမျက်နှာများတွင် ဇွန်လ ၃ ရက်က ပြန့်နှံ့ခဲ့ပြီး မှားယွင်းစွာ ထုတ်ပြန်ခဲ့သည်ဟု ပြောကြားသည်။
အဆိုပါ ညွှန်ကြားစာတွင် မေလ ၁၅ ရက်နေ့ ၉ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး အစည်းအ ဝေးခန်းမ၌ သတင်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀) ဆုံးဖြတ်ချက်အပိုဒ် ၁၇ တွင် မိမိဒေသအတွင်း တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ သတ္ထုတူးဖော်ခြင်း၊ မူးယစ်ဆေးဝါး၊ လောင်းကစားပြု လုပ်ခြင်းနှင့် ပတ်သက်သည့် သ တင်းအချက်အလက်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများမှ အမြဲမပြတ်သိရှိပြီး အ ထက်အဆင့်ဆင့်သို့ သတင်းပေးပို့တင်ပြရမည်ဟု သိရသည်။
သတင်းပေးပို့တင်ပြရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ညွှန်ကြားဆောင်ရွက်ရန် ဆုံးဖြတ် ချက် ချမှတ်ခဲ့သည်ဟု ပင်လယ်ဘူးမြို့နယ် အတွင်းရှိ အခြေခံ ပညာ (ထက်၊ လယ်၊ မူ) ကျောင်းများအားလုံးသို့ ညွှန်ကြားစာများပေးပို့ရန် ဖော်ပြထား သည်ကို တွေ့ရသည်။
“စာထုတ်ထားတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ အယူအဆ မှားသွားတာပါ။ အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေသာ လိုက်နာရမယ်ဆိုတော့ ကျွန်တော်တို့လည်း ဝန်ထမ်းဆိုတော့ ကျွန်တော့် ပညာရေးဝန်ထမ်းတွေ သိပြီးပြီဆိုပြီး စာထွက်ပေးလိုက်တာ။ ကျွန်တော်မှားသွားတာပါ” ဟု ညွှန်ကြားစာ ထုတ်ပြန်ခဲ့သူ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူး ဦးမျိုးခိုင်က ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှုးရုံးမှ ညွှန်ကြားရေးမှုး (ပညာ) ဒေါ်ကြည်ကြည်မာက “အဲ့လို စာထုတ်ထားတာ မရှိဘူး။ ကျွန်မတို့ကို ညွှန်ကြားထားတာလည်း မရှိဘူး။ သက်ဆိုင်ရာ ပညာရေးမှူးကိုမေးပါ” ဟု ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ပြောသံ ကြားတာက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါ။ ဆရာ၊ ဆရာမတွေကိုတော့ ပြောသံမကြားပါဘူး။ ဝန်ထမ်းအားလုံးဆိုတော့ ပညာရေး ဝန်ထမ်းတွေများ ပါမလားလို့ ထုတ်တာနေမှာပေါ့။ တိုင်းပညာရေးကိုမေးပါ။ ကျွန်တော် အပြင်ရောက်နေလို့” ဟု ပြောကြားသည်။
အဆိုပါ ညွှန်ကြားစာနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တွင် မူလတန်းပြတာဝန် ထမ်းဆောင်နေသည့် ကျောင်းဆရာ တစ်ဦးဖြစ်သူ ကိုဇော်ရဲထွဋ်က “ဒီလုပ်ငန်းစဉ်တွေက ရဲတပ်ဖွဲ့က လုပ်ရမယ့် ကိစ္စတွေကို ဆရာ၊ ဆရာမတွေက ဝင်ပြီးတော့ လုပ်ပေးနေရသလို ဖြစ်နေတယ်။ ပင်လယ်ဘူး ဆိုတာက မူးယစ်ဆေးဝါး တော် တော်ပေါတဲ့နယ်မြေ။ ဆရာ ဆရာမတွေက အမြဲမပြတ် သိရှိရမယ်။ သတင်းပေးရမယ်ဆိုရင် ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်” ဟုပြောကြားသည်။
Ref ; Eleven
No comments:
Post a Comment