Friday, June 5, 2020

ရဲတပ်ဖွဲ့မှသွားရောက်ဖမ်းဆီးစဉ် အိမ်သာထဲသို့ မူးယစ်ဆေးဝါးဘူးပစ်ချကာ ပစ္စည်းဖျောက်ဖျက်သူအား ဖမ်းဆီးရမိ

ဖြစ်စဉ်ကတော့...မနေ့က ၄.၆.၂၀၂၀ မနက် ၁၀ နာရီ ၃၀ခန့်တွင် ကသာမြို့နယ်ရှိ ကသာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းထွန်းအဖွဲ့နှင့် သက်သေအဖွဲ့တို့သည် သတင်းအရ ဇေယျာချောင်ရပ်ကွက် သရဖီလမ်းတွင် စောင့်ဆိုင်းနေစဉ် ယင်းလမ်းအတိုင်းလမ်းလျှောက်လာသော မအေးအေးထက်(ခ)အေးသုန်အား ရဲမေရဲတသ ချိုချိုသန်းထိုက်မှ စစ်ဆေးရှာဖွေရာ မအေးအေးထက် ဝတ်ဆင်ထားသော အမျိုးသမီးဝတ် ဘော်လီအတွင်းမှ စိတ်ကြွဆေးပြားဟု ယူဆရသော wy စာတန်းပါ ပန်းရောင် ဆေးပြား ၄၅ ပြားအား အမဲရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစအတွင်းထည့်ထားသည်ကို ရှာဖွေတွေ့ရှိရပါသည်။
၎င်း ပစ္စည်းများမှာ ကသာမြို့ ဇေယျာချောင်ရပ်ကွက်၂လမ်းနေ မနွယ်(ခ)မနွယ်နွယ်အောင်ထံမှ ပြန်ရောင်းချရန်ငွေကျပ် ၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိရ၍...မနွယ်နွယ်အောင်၏ အိမ်အား ထပ်မံရှာဖွေခဲ့ရာမနွယ်နွယ်အောင်မှာ အိမ်အပေါ်ခေါင်းရင်း ပြတင်းပေါက်မှ ခုန်ချထွက်ပြေးပီး နေအိမ်ခေါင်းရင်း အနောက်ဘက်ရှိအိမ်သာကျင်းထဲသို့ အရာဝတ္ထု အခုအား ပစ်ချလိုက်သည် ကို တွေ့မြင်ရသဖြင့် သူမအား ထိန်သိမ်းပီး ပစ်ချလိုက်သောအိမ်သာကျင်းအတွင်းသို့ သက်သေများနှင့်အတူ စစ်ဆေး ရှာဖွေခဲ့ရာ အိမ်သာကျင်းအတွင်းမှ အဖုံးမပါ အဖြူ ရောင်ပလက်စတစ်ထုံးဗူးအတွင်းထည့်ထားသည့်စိတ်ကြွဆေးပြားဟု ယူစရသော wyစာတန်းပါ ပန်းရောင်ဆေးပြား ၉၀ပြားအား ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ကနဦး သိရပါသည်။
Crd : Steven Zaya #Myanmar_Online_News

No comments:

Post a Comment