Friday, June 5, 2020

ရန်ကုန်ဝန်ကြီးချုပ်နှင့် ဇနီးအပါအဝင် တိုင်းအစိုးရအဖွဲ့ကို ဗိုလ်တစ်ထောင်ရဲစခန်းတွင် အမှုဖွင့်ခွင့်မရရှိ သည့်အတွက် သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးထိတိုင်ကြားမှုပြုလုပ်မည်ဖြစ်ကြောင်းသိရ

သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ(၂၅) ဖြင့် ရန်ကုန်၀န်ကြီးချုပ်နှင့် ဇနီးအပါအဝင် တိုင်းအစိုးရအဖွဲ့ကို ဗိုလ်တစ်ထောင်ရဲစခန်းတွင် အမှုဖွင့်ခွင့်မရရှိသည့်အတွက် တိုင်ကြားသူဦးစည်သူမြင့် (အမှုဖွင့်တိုင်ကြားသူ)မှ “သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးကိုစာပို့ပြီး တိုင်ကြားသွားဖို့ရှိပါတယ်။
ဘယ်တော့လောက်တိုင်မလဲဆိုရင်တော့ အခု သမ္မတရုံးက တိုင်းဒေသကြီးအစိုးရကို ဖြေရှင်းခွင့်တောင်းထားတယ်။ ဖြေရှင်းချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သွား မယ်ပြောတယ်။ သမ္မတရုံးကဆုံးဖြတ်တဲ့အပေါ် မူတည်ပြီး ကျွန်တော့တို့ကဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ဗိုလ်တစ်ထောင်ရဲစခန်းတွင် မေလ ၂၉ ရက်မှာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဇနီးအပါအဝင် တိုင်းအစိုးရအဖွဲ့ ကို ဗိုလ်တစ်ထောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့ပြီးဇွန်လ ၃ ရက်နေ့တွင် ရဲစခန်းမှ အမှုဖွင့်ခွင့်မပြုကြောင်း ခေါ်ပြောဆိုထားခြင်းဖြစ်သည်။
Crd : People

No comments:

Post a Comment