
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးတရားစွဲဆိုခံရမှုများကြောင့် မြေပုံမြို့နယ်မှရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်စာတင်ရန် စီစဉ်နေကြောင်း ကာယကံရှင်အချို့က ပြောသည်။
မြေပုံမြို့မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ဇွန်လ ၃ ရက်ညက လုံခြုံရေးတပ် ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့ပြီး ယမန်နေ့ ညနေအချိန်အထိပြန် လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ၃၀ ရက်ကလည်း မြေပုံမြို့နယ် ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အငူအုပ်စုအုပ်ချုပ်ရေး မှူးတို့ကို စစ်ဆေးရန်ခေါ်ယူကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒေပုဒ်မများဖြင့် တရားစွဲ ဆိုထားသည်။
ယင်းသို့ ဖမ်းဆီး၊ တရားစွဲ ဆိုခြင်းများ ဖြစ်ပွားနေသဖြင့် တာဝန်မှ နုတ်ထွက်ကြရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း အုပ်ချုပ် ရေးမှူးများက ပြောသည်။
‘‘ဒီရက်ပိုင်းအတွင်း ထွက်စာ တင်ကြမယ်’’ဟု မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန်လ ၄ ရက်တွင် ပြောသည်။
နုတ်ထွက်စာတင်နိုင်ရေးအ တွက် မြေပုံမြို့နယ်အတွင်းရှိ ရပ် ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အားလုံးပါဝင်သည့် အစည်းအ ဝေးတစ်ခုကို ဇွန်လ ၄ ရက်တွင် ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။မြေပုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်းပေါင်း ၇၂ ဦးရှိသည်။
‘‘ဒီလိုဖြစ်နေတော့ ဘာမှခိုင်လုံချက်မရှိဘဲ လူကြီးလုပ်နေ လို့လည်း အလကားပဲလေ။ တာဝန်မယူ၊ ဘာမှမဖြေရှင်းပေး၊ လုံခြုံမှု ဘာမှမရှိဘဲ လုပ်နေလို့မရဘူးလေ’’ဟု စညှင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
လက်ရှိ ဖမ်းဆီးခံထားရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးဦးမှာ အပြစ်တစ်စုံတစ်ရာမရှိ ကြောင်း မိသားစုဝင်များနှင့် လုပ် ဖော်ကိုင်ဖက်အုပ်ချုပ်ရေးမှူးများ က ပြောသည်။
‘‘သူတို့မှာ ဘာအပြစ်မှမရှိ ဘူး။ သူတို့က နိုင်ငံတော်က ခန့်ထားတဲ့ဝန်ထမ်းတွေ။ ဒါကို ဒီလိုလုပ်တာ မကောင်းဘူး။ ကျွန်တော် တို့လည်းနုတ်ထွက်မယ်’’ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ ဖမ်းဆီးခံရခြင်းကြောင့် မင်းပြားမြို့နယ်အတွင်းမှ အုပ်ချုပ်ရေး မှူးများမှာလည်း ပြီးခဲ့သည့်နှစ်က နုတ်ထွက်စာတင်ခဲ့ကြသည်။ အလားတူ ကျောက်တော်၊ ရသေ့ တောင်မြို့နယ်တို့တွင်လည်းရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ နုတ်ထွက်စာတင်ခဲ့ဖူးသည်။ သို့သော်သက်ဆိုင်ရာက နုတ်ထွက်ခွင့်မပြုခဲ့ဘဲ ပြန်လည်ညှိနှိုင်းပေး ခဲ့သည်။
ရခိုင်ဒေသလက်နက်ကိုင် ပဋိပကများနှင့်ဆက်စပ်၍ ရပ် ကျေးအုပ်ချုပ်ရေးမှူးအချို့ အပါ အဝင် အရပ်သားဖမ်းဆီးခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ တပ် မတော်နှင့် ဆက်စပ်သံသယဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ်သားများကို AAက ဖမ်းဆီးခဲ့ခြင်းများရှိသည်။ ထို့အတူ AA နှင့် ဆက်စပ်သံသယဖြင့် တပ်မတော်ဘက်မှ ဖမ်းဆီးစစ် ဆေးမှုများလည်းရှိသည်။
တပ်မတော်ပြောခွင့်ရပုဂိုလ် ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက သံသယဖြင့် ဖမ်းဆီးသူများကိုဥပဒေနှင့် အညီသာ ဆောင်ရွက်ပြီး တရားရုံး၏အဆုံးအဖြတ်အတိုင်း လိုက်နာ ကြောင်းရှင်းလင်းထားသည်။
AA ဘက်ကလည်း ဖမ်းဆီးခံထားသူများအနက် တပ်မတော်နှင့်ပတ်သက်မှုမရှိသည့် အရပ်သားများကို သင့်တော်သည့်ကာလတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
Crd : Eleven
No comments:
Post a Comment