Friday, June 5, 2020

တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားပြုသူတွေကို အရေးယူနိုင်မည့်ဥပဒေကို ဟောင်ကောင်လွတ်တော်အတည်ပြု

တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သရော်ပြီး မလေးမစားလုပ်တဲ့သူတွေကို ပြစ်ဒဏ်ချမှတ်သွားမယ့် အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကို ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ ကြာသပတေးနေ့က ဟောင်ကောင်လွှတ်တော်မှာ အတည်ပြုလိုက်ကြောင်းသိရသည်။
အဆိုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တဲ့နေ့ဟာ မေလ ၄ ရက်မှာကျရောက်တဲ့ Tiananmen ရင်ပြင် ဆန္ဒပြပွဲ ၃၁ နှစ်မြောက် နှစ်ပတ်လည် နေ့ နဲ့လည်း တိုက်ဆိုင်နေပြီး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဟောင်ကောင်လွှတ်တော်မှာ နောက်ဆုံးအခြေအတင်ဆွေးနွေးမှုကို မနေ့က စတင်ပြီး ညနေ၅ နာရီ မတိုင်ခင် မှာ အတည်ပြုခဲ့တာပါ။ တရုတ်ပြည်မကြီးကို လိုလားတဲ့ အမတ်အများစုက အလျှင်အမြန်ပဲ ထောက်ခံမဲ ၄၁ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်တာဖြစ်ကြောင်း သိရသည်။
ဥပဒေကြမ်းကို ဆွေးနွေးနေချိန်မှာ ဒီမိုကရေစီရေးထောက်ခံတဲ့ လွှတ်တော်အမတ် ၂ ယောက်ကို အော်ဟစ်ဆန္ဒပြလို့ဆိုပြီး လွှတ်တော်ခန်းမထဲကနေ အပြင်ကို ဆွဲခေါ် သွားခဲ့ရပြီး ဒီဥပဒေမူကြမ်း ပြဌာန်းခွင့်မရ အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်သွားမယ်လို့ အဲဒီ အမတ် ၂ယောက်က ပြောထားတာဖြစ်ကာ သူတို့ကို ဖမ်းဆီး မိန့် ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဖြစ်စဉ်ကို လာရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကြာသပတေးနေ့ အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းအရ၊ တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သရော်တာ ဒါမှမဟုတ် တခြား နည်းတမျိုးမျိုးနဲ့ မလေးမစားလုပ်တဲ့သူတွေအနေနဲ့ ငွေဒဏ်အဖြစ် အမေရိကန်ဒေါ်လာ ၆၅၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာ ဖြစ်သည်။ ဘောလုံးပွဲတွေမှာ တရုတ်နိုင်ငံတော်သီချင်းကို ဖွင့်တဲ့အချိန်မှာ ပရိသတ်တွေက ပုံမှန် လှောင်ပြောင်သရော်တာတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒီဥပဒေကြမ်းကို မနှစ်က တင်သွင်းခဲ့တာ ဖြစ်သည်။

No comments:

Post a Comment