Thursday, June 4, 2020

ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့တရားဝင်ငွေလွှဲမှု ဒေါ်လာသန်းထောင်ချီရှိ

ပြည်ပက ပြန်လာလို့ သူတို့ဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကူးမှာကို အစိုးရိမ်လွန်တဲ့အပြင် ဒေါသထွက်နေတာဟာ မသင့်တော်တဲ့အကြောင်းနဲ့ တိုင်းသူပြည်သားတွေဟာ တယောက်နဲ့တယောက် အကျိုးပြုနိုင်ကြပါတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညက ရေးလိုက်ပါတယ်။
ပြည်ပနိုင်ငံတွေ သွားပြီးအလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ တိုင်းပြည်ထဲကို ဘဏ်တွေ ကနေတဆင့်တရားဝင်ငွေလွှဲလို့ ရလာတဲ့ငွေဟာ ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာသန်းတထောင် ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားတင်ပြထားပါတယ်။
ဒါကြောင့် ပြည်ပသွားပြီး အလုပ်လုပ်ကြတဲ့သူတွေဟာ သူတို့မိသားစုအရေးသာ လုပ်တဲ့လူတွေလို့ မမြင်ဘဲ၊ သူတို့ပို့တဲ့ငွေက တိုင်းပြည်စီးပွားရေး လည်ပတ်မှုထဲ ရောက်သွားတဲ့အတွက် နိုင်ငံအတွက်ပါ အကျိုးရှိတယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမလုံလောက်လို့ ထိုင်း၊ တရုတ်၊ မလေးရှား၊ စတဲ့ အိမ်နီး ချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင်လုပ်ကိုင်သူ သန်းနဲ့ချီရှိသလို၊ တရားမဝင်လုပ်ကိုင်နေရတဲ့သူတွေလဲ သိန်းပေါင်းများစွာ ရှိနေပါတယ်။
<zawgyi>
ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့တရားဝင်ငွေလွှဲမှု ဒေါ်လာသန်းထောင်ချီရှိ
Thursday, June 4, 2020
ပြည်ပက ပြန်လာလို့ သူတို့ဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကူးမှာကို အစိုးရိမ်လွန်တဲ့အပြင် ဒေါသထွက်နေတာဟာ မသင့်တော်တဲ့အကြောင်းနဲ့ တိုင်းသူပြည်သားတွေဟာ တယောက်နဲ့ တယောက် အကျိုးပြုနိုင်ကြပါတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညက ရေးလိုက်ပါတယ်။
ပြည်ပနိုင်ငံတွေ သွားပြီးအလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ တိုင်းပြည်ထဲကို ဘဏ်တွေ ကနေတဆင့်တရားဝင်ငွေလွှဲလို့ ရလာတဲ့ငွေဟာ ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာသန်းတထောင် ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားတင်ပြထားပါတယ်။
ဒါကြောင့် ပြည်ပသွားပြီး အလုပ်လုပ်ကြတဲ့သူတွေဟာ သူတို့မိသားစုအရေးသာ လုပ်တဲ့လူတွေလို့ မမြင်ဘဲ၊ သူတို့ပို့တဲ့ငွေက တိုင်းပြည်စီးပွားရေး လည်ပတ်မှုထဲ ရောက်သွားတဲ့အတွက် နိုင်ငံအတွက်ပါ အကျိုးရှိတယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမလုံလောက်လို့ ထိုင်း၊ တရုတ်၊ မလေးရှား၊ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင်လုပ်ကိုင်သူ သန်းနဲ့ချီရှိသလို၊ တရားမဝင်လုပ်ကိုင်နေရတဲ့သူတွေလဲ သိန်းပေါင်းများစွာ ရှိနေပါတယ်။
Ref ; RFA

No comments:

Post a Comment