Friday, June 5, 2020

ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် (၆)လ ချမှတ်အရေးယူခံခဲ့ရသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး(ပျော်ဘွယ်) ပြန်လည်လွတ်မြောက်

NLD အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၆) လ အရေးယူခံရသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး(ပျော်ဘွယ်)သည် ရမည်းသင်းအကျဉ်းထောင်မှ ယနေ့နံနက် (၈) နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာရာ ပြည်ခိုင်ဖြိုးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပါတီဝင်များက လှိုက်လှဲနွေးထွေးဝမ်းမြောက်စွာ သွားရောက်ကြိုဆိုခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် မြို့မိမြို့ဖများကလည်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဝမ်းမြောက်စွာ စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။
အစိုးရကို ပြင်းထန်စွာ ဝေဖန်သဖြင့် ထောင်ဒဏ် (၆)လ ချမှတ်ခြင်းခံခဲ့ရကာ ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် ပါတီအောင်နိုင်ရေးနှင့် ပျော်ဘွယ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ တိုးမြှင့်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ဦးတင်စိုးက ပြိုင်ဘက်မီဒီယာသို့ ပြောကြားသည်။
ဦးတင်စိုးသည် ယခုလွှတ်တော်သက်တမ်းတွင် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခံခဲ့ရသည့် သုံးယောက်မြောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။
ANP ပါတီမှ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည်လည်း လူမျိုးရေးယုံကြည်ချက်ဟောပြောမှုကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်ကျခံနေရပြီး၊
NLDပါတီမှ ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည်။
Crd : Competitor #Myanmar_Online_News

No comments:

Post a Comment