
COVID – 19 ကြောင့် ပြီးခဲ့တဲ့ ဧပြီလတုန်းက မကျင်းပလိုက်ရတဲ့ သင်္ကြန်ကို နောက်လာမယ့် ဇူလိုင်လမှာ အစား ထိုးပြီး ပြန်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒါပေမယ့် လူစုလူဝေးအရမ်းမဖြစ်စေဖို့တော့ တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီး Ittipol Khunpluem ကတော့ “ ကျွန်တော်တို့ အများကြီးသတိထား စဉ်းစားဖို့လိုတယ်” လို့ပြောပါတယ်။
အဲ့ဒီအစားထိုးကျင်းပဖို့ လျာထားတဲ့ အစီအစဉ်ကတော့ ဇူလိုင်လ (၄) ရက်နေ့ကနေ (၆) ရက်နေ့အထိဖြစ်ပြီး သင်္ကြန်နှင့် တွဲလျက်အစားထိုးပိတ်ရက်အဖြစ်က ဇူလိုင်လ (၇) ရက်နေ့မှ (၉) က်နေ့အထိပါပိတ်ပေးသွားမှာတဲ့ဗျာ… စုစုပေါင်းပိတ်ရက်က (၆) ရက်တောင်နော်..
လာမယ့် ၂၀၂၀ ခုနှစ် ရဲ့ ဇွန်လ (၅) ရက်နေ့အစည်းအဝေးမှာတော့ ဒီလျာထား အစီစဉ်ကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။


Source - popolay






0 comments:
Post a Comment