Friday, June 5, 2020

စစ်ကိုင်းတိုင်းအတွင်း သထ္တုတူးဖော်ခွင့် ရရှိသွားသော PanAust ကုမ္ပဏီတွင် NLDပါတီ နာယက ဦးဝင်းထိန်၏သမက်မှ အစုရှယ်ယာ အများစုပါဝင်ကြောင်း သိရ


မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်းသို ကောလင်းဒေသမှာ ​မြေဧက နှစ်သိန်းနီးပါး သထ္ထုတူးဖော်ခွင့် ရရှိခဲ့သော သြစတြေးလျ ကုမ္ပဏီPanAust မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကဦးဝင်းထိန် ၏သမက်ဖြစ်သူ တရုပ်လူမျိုး မစ္စတာ ယူဂျင်းကွာမှ အစုရှယ်ယာအများစု ပါဝင်ထားကြောင်း အဓိကအားဖြင့် Gaungdong Rising Assets Management Co .Ltd ( GRAM) တရုပ်ကပိုင်ဆိုင်ပြီး သြစတြေးလျနိုင်ငံမှာ အခြေပြုထားသည်ဟုသိရသည်။
၎င်း ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ အတွင်း သတ္ထုတူးဖော်ရေးနှင့် အခြားလုပ်ငန်းများလုပ်ကိုင်ခွင်ရရန် အဆိုပြုလျှော်ထားသည့် လုပ်ငန်းအတော်များများ ရှိကြောင်း NLD ပါတီရဲ့ နာယက ကြီးဦးဝင်းထိန်၏ သမက်ဖြစ်သူ တရုပ်လူမျိုး မစ္စတာ ယူဂျင်းကွာ မှာ ကုမ္ပဏီရဲ့ ပြည်ပလုပ်ငန်းရှာဖွေရေးတာဝန်ကို ယူထားပြီး ယခု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧက ပေါင်းသိန်းချီပြီးလုပ်ကိုင်ခွင့် ရရှိ ရန် ယောက်က္ခမဖြစ်သူ ဦးဝင်းထိန်မှ တစ်ဆင့် မြန်မာအစိုးရထံ ချဥ်းကပ်ပြီး ရယူခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြိုင်ဖက်ကုမ္ပဏီ အုပ်စုများက သုံးသပ်ကြသည်။ ယခုလုပ်ငန်းအား ၎င်း PanAust ကုမ္ပဏီအနေနဲ့ WinthoResources ကုမ္ပဏီအနေဖြင့် လုပ်ပိုင်ခွင့်ရရှိခဲ့ပြီးPanAust က ၉၀ရါခိုင်နုန်းပိုင်ဆိုင်ပြီး MyanmarEnergy Resources Group International Company က(MERGIC) ၁၀ ရာခိုင်နုန်း ပိုင်ဆိုင်ကြောင်းသိရသည် ။
ယခုလို NLD ပါတီရဲ့နာယကကြီး ဦးဝင်းထိန် ရဲ့သမက် အစုရှယ်ယာပါဝင်သော ကုမ္ပဏီအား သတ္ထုတူး​ဖော်ရန် ပြည်ထောင်စုအစိုးရ မှ ဧကပေါင်းများစွာ ခွင့်ပြုခဲ့သည့် ကိစ္စနှင့် ပါတိယ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသ လွှတ်တော်ကိုယ်စားလှယ် များမှ တစ်စုံတစ်ရာမျှမသိရှိကြောင်းသိရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ နှင့်ကုမ္ပဏီ တို့ လက်သိပ်ထိုးဆောင်ရွက်သွား ခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောကြားခဲ့သည် ။
Crd : Forward media

0 comments:

Post a Comment