Thursday, September 10, 2020

α€™α€”္α€α€œေးα€™ြို့α€žို့ α€›ောα€€်α€›ှိα€œာα€žα€Š့် α€™ီးရထားα€…ီးခရီးα€žွားပြα€Š်α€žူα€™ျားထား α€€ျα€”်းα€™ာα€›ေးဆိုင်α€›ာ α€…α€…်ဆေး

COVID-19α€›ောဂါ α€€ာα€€ွα€š်ထိα€”်းချုပ်တားဆီးα€”ိုင်α€›ေးထတွα€€် α€™α€”္α€α€œေးတိုင်းα€’ေα€žα€€ြီးα€žို့ ပြα€”်α€œα€Š်၀င်α€›ောα€€်α€œာα€žူα€™ျားထား α€€ျα€”်းα€™ာα€›ေးဆိုင်α€›ာα€…α€…်ဆေးα€™ှုα€™ျား ဆောင်α€›ွα€€်ပေးα€œျα€€်α€›ှိα€”ေα€›ာ α€…α€€်တင်α€˜ာα€œ(၁၁)α€›α€€်α€”ေ့ α€”ံα€”α€€်ပိုင်းα€€ ထမှတ်(၅)ထဆန် α€›α€”်α€€ုα€”်-α€™α€”္α€α€œေးရထားα€–ြင့် α€…ီးနင်းα€œိုα€€်ပါα€œာα€€ြα€žော ခရီးα€žα€Š်α€™ျားထား α€œိုထပ်α€žα€Š့်α€€ျα€”်းα€™ာα€›ေးဆိုင်α€›ာ α€…α€…်ဆေးα€™ေးα€™ြα€”်းα€™ှုα€™ျား ဆောင်α€›ွα€€်ပေးခဲ့α€€ြောင်းα€žိα€›α€žα€Š်။

တရုတ်၏ α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€…်α€€ာα€€ွα€š်ဆေးα€€ို α€˜α€›ာဇီးα€€ α€šα€ုα€”ှα€…်ထတွင်း စတင်α€‘α€žုံးပြုα€”ိုင်α€–ွα€š်α€›ှိ

တရုတ်၏ α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€…် α€€ာα€€ွα€š်ဆေးα€€ို α€˜α€›ာဇီးတွင် α€œα€€်တွေ့α€…α€™်းα€žα€•်α€™ှုα€™ျား ဆောင်α€›ွα€€်ခဲ့α€›ာ α€›α€œα€’်α€™ျား α€‘α€œွα€”်α€€ောင်းα€™ွα€”်ခဲ့α€žα€–ြင့် α€€ာα€€ွα€š်ဆေးထိုးα€”ှံα€™ှုα€€ို ထစောဆုံး α€šα€ုα€”ှα€…် α€’ီဇင်α€˜ာတွင် α€€ျα€š်α€€ျα€š်ပြα€”့်ပြα€”့် ဆောင်α€›ွα€€်α€”ိုင်α€–ွα€š်α€›ှိα€€ြောင်း ဆော်ပေါ်α€œိုပြα€Š်α€”α€š်ထုပ်ချုပ်α€›ေးα€™ှူးα€€ α€…α€€်တင်α€˜ာ ၁၀ တွင် ပြောα€€ြားခဲ့α€žα€Š်။

α€”ေပြα€Š်တော်၊ ဇမ္α€—ူα€žီα€›ိα€™ြို့α€”α€š်တွင် ပြα€Š်ခိုင်α€–ြိုးပါတီ α€œှα€Š့်α€œα€Š် α€…α€Š်းα€›ုံး

ပြα€Š်​ထောင်α€…ုα€”α€š်​α€™ြေ ​α€”ေပြα€Š်​တော် ဇမ္α€—ူα€žီα€›ိα€™ြို့α€”α€š် ရပ်α€€ွα€€်ထချို့α€™ှာ α€…α€€်တင်α€˜ာα€œ(၁၀) α€›α€€်α€”ေ့ α€Šα€”ေပိုင်းတွင် ပြα€Š်ခိုင်α€–ြိုးပါတီဝင်α€™ျားα€Ÿာ ပထမဆုံးထကြိα€™်α€”ဲ့ ပဏာမထဖြα€…် ​ဇမ္α€—ူα€žီα€›ိ α€™ြို့α€™​ပေါ်α€™ှာ α€œှα€Š်α€œα€Š်α€…α€Š်းα€›ုံးခဲ့α€€ြα€€ြောင်း α€žိα€›ှိα€›α€žα€Š်။

ဂျပန်α€”ိုင်ငံ တိုα€€ျိုα€™ြို့α€›ှိ တာα€™ာα€”ိုထိ နပန်းα€žα€„်တန်းα€€ျောင်းα€™ှ ဆူα€™ိုနပမ်းα€žα€™ား ၁၉ ဦး COVID-19 α€€ူးα€…α€€်ခံα€”ေα€›

ဂျပန်α€”ိုင်ငံ တိုα€€ျိုα€™ြို့α€›ှိ တာα€™ာα€”ိုထိ နပန်းα€žα€„်တန်းα€€ျောင်းα€™ှ ဆူα€™ိုနပမ်းα€žα€™ား ၁၉ ဦး COVID-19 α€€ူးα€…α€€်ခြင်းခံထားα€›α€€ြောင်း ဂျပန်ဆူα€™ိုα€‘α€žα€„်းα€€ြီးα€™ှ α€šα€™α€”်α€”ေ့(α€…α€€်တင်α€˜ာ ၁၀)α€€ α€€ြေα€Šာα€žα€Š်။ α€žα€„်တန်းဆရာတစ်ဦးα€”ှင့် α€žα€„်တန်းα€žား ၁၈ ဦးတို့α€–ြα€…်α€€ြပြီး ၁၂ ဦးα€€ို ဆေးα€›ုံတင်α€€ုα€žα€™ှုပြုထားα€€ြောင်းα€žိα€›α€žα€Š်။

α€™ြα€”်α€™ာထမျိုးα€žားα€œေα€€ြောင်း ပြα€Š်တွင်းခရီးစဉ်α€™ျားထား α€…α€€်တင်α€˜ာα€œ (၁၁) α€›α€€်α€™ှ (၃၀) α€›α€€်ထထိ ခေတ္တရပ်ဆိုင်း

α€™ြα€”်α€™ာα€”ိုင်ငံထတွင်းα€™ှာ Covid-19 α€›ောဂါα€€ူးα€…α€€်ပြα€”့်ပွားα€™ှုα€€ို α€€ာα€€ွα€š်α€–ို့ α€™ြα€”်α€™ာထမျိုးα€žားα€œေα€€ြောင်းα€›ဲ့ ပြα€Š်တွင်း α€œေα€šာဉ်ခရီးစဉ်တွေα€€ို ၂၀၂၀ ခုα€”ှα€…် α€…α€€်တင်α€˜ာα€œ (၁၁) α€›α€€်α€™ှ (၃၀) α€›α€€်ထထိ ခေတ္တရပ်ဆိုင်း α€žွားα€™ှာα€–ြα€…်ပြီး ၂၀၂၀ ခုα€”ှα€…် ထောα€€်တိုα€˜ာα€œ (၁) α€›α€€်α€™ှာ ပြα€”်α€œα€Š်ပျံα€žα€”်းပြေးဆွဲα€žွားα€™ှာα€–ြα€…်α€€ာ ပြောင်းα€œဲα€™ှုα€›ှိရင်α€œα€Š်း ထချိα€”်α€”ှင့်တပြေးα€Šီ α€€ြေငြာပေးα€žွားα€™α€š်α€œို့ ထုတ်ပြα€”်ပါα€α€š်။

COVID-19 α€œူα€”ာα€™ျားထတွα€€် α€–ောင်α€€ြီးဆေးα€›ုံα€€ြီးα€€ိုထပ်α€™ံတိုးချဲ့α€œျα€€်α€›ှိα€žα€Š့်ထပြင် α€œိုထပ်ပါကပုဂ္α€‚α€œိ ကဆေးα€›ုံတစ်α€›ုံα€€ိုα€œα€Š်း α€‘α€žုံးပြုα€”ိုင်α€›α€”်ပြင်ဆင်α€”ေ

COVID-19 α€œူα€”ာα€™ျားထတွα€€် ခုတင် ၅၀၀ ပြင်ဆင်ထားα€žα€Š့် α€–ောင်α€€ြီးဆေးα€›ုံα€€ြီးတွင် ၄၉၅ ဦး၊ ဝေα€˜ာဂီဆေးα€›ုံα€€ြီး၌ ခုတင် ၉၀ တွင် ၆၇ ဦး၊ တောင်α€₯α€€္α€€α€œာ ဆေးα€›ုံα€€ြီး၌ ခုတင် ၆၀ တွင် ၅၇ ဦး တက်α€›ောα€€်α€€ုα€žα€”ေα€€ြောင်း α€€ျα€”်းα€™ာα€›ေးα€”ှင့် ထားα€€α€…ားဝန်α€€ြီးα€Œာα€”α€™ှ α€›α€›ှိα€žα€Š့် ထချα€€်α€‘α€œα€€်ထရ α€žိα€›α€žα€Š်။

α€œူα€”ာα€žα€…် (၁၁၅) ဦး ထပ်α€™ံ တွေ့α€›ှိ၊ α€…ုα€…ုပေါင်း α€‘α€α€Š်ပြုα€œူα€”ာ (၂,၂၆၅)ဦး α€›ှိα€œာ

၁။ (၁၀-၉-၂၀၂၀) α€›α€€်α€”ေ့ထတွα€€် COVID-19 α€›ောဂါ ဓာတ်ခွဲα€…α€…်ဆေးα€›ာတွင် -
- ထမျိုးα€žားα€€ျα€”်းα€™ာα€›ေးဓာတ်ခွဲα€™ှုဆိုင်α€›ာα€Œာα€”(α€›α€”်α€€ုα€”်) (NHL) α€™ှ α€’ုတိα€šα€‘α€žုတ် ဓာတ်ခွဲ α€”α€™ူα€”ာ (၁,၀၀၅) ခု၊

α€™ြα€”်α€™ာα€”ိုင်ငံတွင် Covid-19 α€‘α€α€Š်ပြုα€œူα€”ာ (၂,၁၅၀) ဦးα€›ှိα€”ေပြီး တစ်α€€α€™္α€˜ာα€œုံးတွင် α€—ိုင်းရပ်α€…်α€€ြောင့် α€žေဆုံးα€žူ ၉ .၁ α€žိα€”်းα€€ျော်α€”ှင့် α€›ောဂါα€€ူးα€…α€€်ခံα€›α€žူ α‚αˆ.၃ α€žα€”်းα€€ျော်ထထိ α€™ြင့်တက်α€”ေ

တစ်α€€α€™္α€˜ာα€œုံးတွင် ဝူα€Ÿα€”်α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€…်α€€ြောင့် α€žေဆုံးα€žူထရေထတွα€€်α€™ှာ α€…α€€်တင်α€˜ာα€œ ၁၁ α€›α€€်α€”ေ့ α€”ံα€”α€€် ၇:၃၀ ထချိα€”်ထထိ α€žေဆုံးα€žူ α€…ုα€…ုပေါင်း (၉၁၃,၂၀၉) ဦးα€›ှိα€œာပြီး α€›ောဂါα€€ူးα€…α€€်ခံα€›α€žူ ထရေထတွα€€်α€™ှာα€œα€Š်း α€…ုα€…ုပေါင်း (α‚αˆ,၃၁၅,၀၁၀) ဦး α€›ှိα€€ြောင်း တရုတ်ဆေးα€˜α€€်ဆိုင်α€›ာ ထရာα€›ှိα€™ျား၏ α€žα€α€„်းထုတ်ပြα€”်ချα€€်α€™ျားထရ α€žိα€›ှိα€›α€žα€Š်။

Wednesday, September 9, 2020

COVID-19 α€‘α€α€Š်ပြုα€œူα€”ာα€™ျားα€”ှင့် ထိတွေ့ဆက်စပ်α€™ှု α€›ှိခဲ့α€žα€–ြင့် α€™α€”္α€α€œေးတိုင်းထတွင်းα€›ှိ တရားα€›ုံး(၄)α€›ုံးα€™ှ တရားα€žူα€€ြီးα€™ျား ထပါထဝင် တရားα€›ေး ဝန်ထမ်း(၁၇)ဦး Q ဝင်α€”ေα€›

α€šα€ု α€›α€€်ပိုင်းထတွင်း COVID-19 α€‘α€α€Š်ပြုα€œူα€”ာα€™ျားα€”ှင့် ထိတွေ့ဆက်စပ်α€™ှု α€›ှိခဲ့α€žα€–ြင့် α€™α€”္α€α€œေးတိုင်းထတွင်းα€›ှိ ခရိုင်α€”ှင့် α€™ြို့α€”α€š်တရားα€›ုံး α€œေးα€›ုံးα€™ှ တရားα€žူα€€ြီးα€™ျား ထပါထဝင် တရားα€›ေးဝန်ထမ်း (၁၇)ဦးα€žα€Š် Quarantine (α€‘α€žွားα€‘α€œာ α€€α€”့်α€žα€်α€…ောင့်α€€ြα€Š့်) α€”ေထိုင်α€œျှα€€်α€›ှိα€€ာ α€›ောဂါပိုး α€€ူးα€…α€€်ခံα€›α€™ှု α€›ှိ၊α€™α€›ှိ α€…α€…်ဆေးα€™ှု ခံα€šူα€”ေα€€ြောင်း တိုင်းα€’ေα€žα€€ြီး တရားα€œွှတ်တော်၊ α€žα€α€„်းα€”ှင့် ပြα€”်α€€ြားα€›ေး ထရာα€›ှိ α€’ေါ်α€…α€”်းα€žီα€›ိα€›ွှေ α€€ ပြောα€žα€Š်။

α€€ျောα€€်α€†α€Š်α€™ြို့တွင် α€œွှတ်တော်ပြင်ပထဂတိα€œိုα€€်α€…ားα€™ှု့တိုα€€်α€–ျα€€်α€›ေးα€”ှင့်ပြα€Š်α€žူ့α€˜α€α€™ြှင်တင်α€›ေး ထဖွဲ့α€‘α€…α€Š်းα€™ှ α€…ီα€™ံခန့်ခွဲα€›ေးα€”ှင့် ထကြံပေးထရာα€›ှိဆိုα€žူ α€‘α€žα€်ခံα€›

α€šα€”ေ့ α€…α€€်တင်α€˜ာα€œ ၉ α€›α€€်α€”ေ့ α€Šα€”ေပိုင်းတွင် α€™α€”္α€α€œေးတိုင်းα€’ေα€žα€€ြီး α€€ျောα€€်α€†α€Š်α€™ြို့ တံတားα€œα€Š်ရပ်α€€ွα€€်၌ α€”ေထိုင်α€žော α€œွှတ်တော်ပြင်ပ ထဂတိα€œိုα€€်α€…ားα€™ှု့ တိုα€€်α€–ျα€€်α€›ေးα€”ှင့် ပြα€Š်α€žူ့α€˜α€α€™ြှင်တင်α€›ေး ထဖွဲ့α€‘α€…α€Š်းα€™ှ α€…ီα€™ံခန့်ခွဲα€›ေးα€”ှင့် ထကြံပေးထရာα€›ှိဆိုα€žူ ဦးခင်ထောင်ထွα€”်း(ခ) ဦးဂျာα€œေးထား ၎င်း၏α€”ေထိα€™်ခြံဝင်းတိုα€€်ခန်းထတွင်း၌ ဝင်α€›ောα€€်၍α€žα€်α€žွားα€€ြောင်း α€žိရပါα€žα€Š်။

α€”ိုင်ငံတော်α€žα€™္မတနှင့်ထတိုင်ပင်ခံတို့ထား α€€ိုα€—α€…်α€…α€…်ဆေးα€›ာ Negative ထဖြေထွα€€်ပြီး α€œုပ်ငန်းα€™ျား ပုံα€™ှα€”်ဆောင်α€›ွα€€်α€œျα€€်α€›ှိα€€ြောင်း α€žိα€›

α€šα€”ေ့ α€”ံα€”α€€်ခင်း α€€ျα€”်းα€™ာα€›ေးဝန်α€€ြီးα€Œာα€”α€™ှ α€žα€α€„်းထုတ်ပြα€”်ချα€€်ထရ α€žα€™္မတရုံးα€€ α€œα€€်ထောα€€်α€Šွα€”်α€€ြားα€›ေးα€™ှုးထဆင့် ထရာα€›ှိတစ်ဦးα€™ှာ α€€ိုα€—α€…်ပိုးတွေ့တာα€€ြောင့် α€”ိုင်ငံတော်α€žα€™္မတနဲ့ ထတိုင် ပင်ခံပုဂ္ဂိုα€œ်တို့α€”ဲ့ တိုα€€်α€›ိုα€€်α€–ြα€…်α€…ေ၊ α€žွα€š်ဝိုα€€်ပြီးα€–ြα€…်α€…ေ ဆက်စပ်α€žူထားα€œုံးα€€ို α€™α€”ေ့α€€α€›ော၊ α€’ီα€”ေ့α€›ော α€…α€…်ဆေးတာα€™ှာ ထားα€œုံး Negative α€–ြα€…်α€α€š်α€œို့ α€žα€™္မတရုံးပြောα€›ေးဆိုခွင့်α€›ှိα€žူ ဦးဇော်α€Œေးα€€ ပြောပါα€α€š်။

α€˜ူးα€žီးတောင် ထကျဉ်းထောင်ထဲα€™ှ α€œွတ်α€™ြောα€€်α€œာα€žူ ၂ ဦးတွင် COVID-19 ပိုး တွေ့α€›ှိဆိုα€žα€Š့် α€žα€α€„်းα€”ှင့်ပတ်α€žα€€်၍ ထကျဉ်းဦးα€…ီးα€Œာα€”α€™ှ α€žα€α€„်းα€™ှα€”်ထုတ်ပြα€”်

α€˜ူးα€žီးတောင် ထကျဉ်းထောင်ထဲα€™ှ α€œွတ်α€™ြောα€€်α€œာα€žူ ၂ ဦးတွင် COVID-19 α€›ောဂါပိုးတွေ့α€›ှိα€€ြောင်း α€–ော်ပြချα€€်α€”ှင့်ပတ်α€žα€€်၍ ၎င်း ထကျဉ်းα€žား ၂ ဦးα€žα€Š် ၁၄-၈-၂၀၂၀ α€›α€€်α€”ေ့တွင် ပြα€…်ဒဏ်α€™ှ α€œွတ်α€™ြောα€€်ခဲ့ပြီး။ ၎င်းတို့α€œွတ်α€™ြောα€€် ချိα€”်တွင် α€›ောဂါα€–ြα€…်ပွားα€žα€Š့်α€œα€€္ခဏာα€™α€›ှိခဲ့ပါ။ ထကျဉ်းထောင်တွင်α€œα€Š်း α€›ောဂါα€–ြα€…်ပွားα€™ှုα€™α€›ှိခဲ့ပါ။

ဝေα€–α€”်α€€α€”့်α€€ွα€€်α€™ှုα€™ျားα€™ြင့်တက်α€”ေα€žော α€›α€”်α€€ုα€”်တိုင်းα€’ေα€žα€€ြီးထတွင်းα€›ှိ α€™ြို့α€”α€š်α€‘α€žီးα€žီးတွင် COVID-19 α€›ောဂါα€…α€…်ဆေးခြင်းထစီထစဉ်α€™ျားထား α€–ျα€€်α€žိα€™်း

α€œα€€်α€›ှိထချိα€”်တွင် α€€ူးα€…α€€်ပျံ့ပွားα€™ှုα€”ှုα€”်းα€™ြင့်တက်α€”ေα€žော α€›α€”်α€€ုα€”်တိုင်းα€’ေα€žα€€ြီးထတွင်းα€›ှိ α€™ြို့α€”α€š်α€‘α€žီးα€žီးတွင် COVID-19 α€›ောဂါα€…α€…်ဆေးခြင်းထစီထစဉ် ဝေα€–α€”်α€€α€”့်α€€ွα€€်α€™ှုα€™ျားα€€ြောင့် α€–ျα€€်α€žိα€™်းα€œိုα€€်α€€ြောင်း α€œူα€™ှုα€›ေးဝန်α€€ြီးဦးα€”ိုင်ငံα€œα€„်းα€™ှ ပြောα€žα€Š်။

α€šα€”ေ့ α€…α€…်ဆေးα€™ှုထရ ဓာတ်ခွဲα€‘α€α€Š်ပြုα€œူα€”ာα€žα€…် (αˆα‚) ဦး တွေ့α€›ှိရပြီး၊ α€…ုα€…ုပေါင်း α€‘α€α€Š်ပြုα€œူα€”ာ (၁,αˆαˆα‰) ဦးα€›ှိပြီ α€–ြα€…်

၁။ (၉-၉ -၂၀၂၀) α€›α€€်α€”ေ့ထတွα€€် COVID-19 α€›ောဂါ ဓာတ်ခွဲα€…α€…်ဆေးα€›ာတွင် -
- ထမျိုးα€žားα€€ျα€”်းα€™ာα€›ေးဓာတ်ခွဲα€™ှုဆိုင်α€›ာα€Œာα€” (α€›α€”်α€€ုα€”်) (NHL) α€™ှ (α€•α€‘α€™α€‘α€žုတ်) ဓာတ်ခွဲα€”α€™ူα€”ာ (၃၇၅)ခု၊

ချင်းထမျိုးα€žားတပ်ဦး (CNF)၏ ထခြေချα€”α€š်α€™ြေထတွင်း α€›ွေးα€€ောα€€်ပွဲထတွα€€် α€™ဲဆွα€š်α€…α€Š်းα€›ုံးα€™α€Š်ဆိုပါα€€ α€€ြိုတင်ခွင့်ပြုချα€€်α€›α€šူα€›α€™α€Š်α€–ြα€…်α€€ြောင်း CNF ထုတ်ပြα€”်

ချင်းထမျိုးα€žားတပ်ဦး (CNF)၏ ထခြေချα€”α€š်α€™ြေထတွင်း α€™ဲဆွα€š်α€…α€Š်းα€›ုံးα€›ေး ပြုα€œုပ်α€™α€Š်ဆို ပါα€€ α€€ြိုတင်ခွင့်ပြုချα€€်α€›α€šူခြင်း α€–ြင့် ချိတ်ဆက်ဆောင်α€›ွα€€်α€žွား α€€ြα€›α€”် တိုα€€်တွα€”်းα€€ြောင်း ချင်း α€œα€€်α€”α€€်α€€ိုင်ထဖွဲ့ CNF α€€ α€žα€α€„်းထုတ်ပြα€”်α€žα€Š်။

α€™ွα€”်ပြα€Š်α€”α€š်α€žို့ ရခိုင်α€”ှင့် α€›α€”်α€€ုα€”်α€™ှ α€œာα€™α€Š့်α€žူα€™ျား Quarantine ၁၄ α€›α€€် α€”ေထိုင်α€›α€™α€Š်α€–ြα€…်ပြီး α€€ုα€”်α€€ျα€…α€›ိတ် ငါးα€žောင်း ပေးα€›α€™α€Š်

α€™ွα€”်ပြα€Š်α€”α€š်α€žို့ ရခိုင်ပြα€Š်α€”α€š်α€”ှင့် α€›α€”်α€€ုα€”်တိုင်းα€’ေα€žα€€ြီးα€™ှ α€œာα€›ောα€€်α€€ြα€™α€Š့်α€žူα€™ျားထားα€œုံး α€žα€်α€™ှတ်ထားα€žα€Š့် Quarantine Centre တွင် ၁၄ α€›α€€်α€€ြာ α€”ေထိုင်α€›α€™α€Š်ပြီး α€€ုα€”်α€€ျα€…α€›ိတ် ငါးα€žောင်းα€€ျပ် ပေးဆောင်α€›α€™α€Š်α€–ြα€…်α€€ြောင်း α€™ွα€”်ပြα€Š်α€”α€š်ထစိုးရထဖွဲ့α€›ုံးα€™ှ α€žα€α€„်းα€›α€›ှိα€žα€Š်။

AA ထကြα€™်းα€–α€€်α€žောင်းα€€ျα€”်းα€žူထဖွဲ့α€™ှ ချင်း α€…α€Š်ပင်ဝန်α€€ြီး α€œိုα€€်ပါα€œာα€žော α€…α€€်α€œှေထား ပစ်ခတ်တိုα€€်ခိုα€€်

ချင်းပြα€Š်α€”α€š်ထစိုးရထဖွဲ့ α€…α€Š်ပင်ဝန်α€€ြီး ဦးα€…ိုးထက် α€œိုα€€်ပါα€œာα€žော α€…α€€်α€œှေα€€ို AA ထကြα€™်းα€–α€€်α€žောင်းα€€ျα€”်းα€žူထဖွဲ့α€™ှ ပစ်ခတ်တိုα€€်ခိုα€€်ခဲ့α€€ြောင်း α€žိα€›α€žα€Š်။

ရခိုင်ပြα€Š်α€€ျောင်းα€žားα€žα€™α€‚္ဂမှ ပြα€Š်α€”α€š်ထစိုးရထဖွဲ့α€›ုံးα€›ှေ့တွင် ထစိုးရထဖွဲ့ထားα€‘α€šုံထကြα€Š်α€™α€›ှိα€€ြောင်း ဆန္ဒပြ၊ဆန္ဒပြα€žူα€™ျားထား α€›ဲတပ်α€–ွဲ့α€™ှ α€–α€™်းဆီးခေါ်ဆောင်

ရခိုင်ပြα€Š်α€”α€š်ထစိုးရထဖွဲ့ထား α€‘α€šုံထကြα€Š်α€™α€›ှိα€€ြောင်းထပါထဝင် ထချα€€်၅ ချα€€်α€€ို α€…α€€်တင်α€˜ာα€œ ၉ α€›α€€် α€šα€”ေ့α€”ံα€”α€€်α€€ ရခိုင်ပြα€Š်α€€ျောင်းα€žားα€žα€™α€‚္ဂများα€™ှ ပြα€Š်α€”α€š်ထစိုးရထဖွဲ့α€›ုံးα€›ှေ့တွင်ဆန္ဒပြတောင်းဆိုခဲ့α€€ြα€€ြောင်း α€žိα€›α€žα€Š်။

COVID-19α€—ိုင်းရပ်α€…်ပိုး α€€ူးα€…α€€်α€™ှုα€”ှုα€”်း α€™ျားပြားα€œာα€™ှုα€€ြောင့် ထင်္α€‚α€œα€”်တွင် α€œူα€…ုα€œူဝေးပြုα€œုပ်ခွင့်ထား (၆)ဦးထထိ α€œျော့ချ α€€α€”့်α€žα€်

α€—ြိတိα€”် ဝန်α€€ြီးချုပ် α€˜ောα€›α€…်ဂျွα€”်ဆင်α€€ α€”ိုင်ငံတွင်းα€™ှာ α€—ိုင်းရပ်α€…်ပိုး တွေ့α€›ှိα€žူ α€™ျားα€”ေတဲ့ထတွα€€် α€œူα€…ုα€œူဝေး ပြုα€œုပ်α€™ှုတွေα€€ို တင်းတင်းα€€ျပ်α€€ျပ် တားα€™ြα€…်α€žွားα€™ှာα€–ြα€…်α€€ြောင်း၊ ထထူးα€žα€–ြင့် α€œူα€„α€š်တွေ α€…ုဝေးα€™ှုα€€ို α€‘α€œေးထားပြီး တားα€™ြα€…်α€™α€š်α€œို့ ထင်္ဂါα€”ေ့α€™ှာ α€€ြေα€Šာα€œိုα€€်ပါα€α€š်။

ထာဖဂ္ဂန်α€’ုတိα€šα€žα€™္မတ Amrullah Saleh α€€α€˜ူးα€œ်α€™ြို့α€—ုံးခွဲတိုα€€်ခိုα€€်α€™ှုα€™ှ α€€ံα€€ောင်းထောα€€်α€™α€…ွာα€œွတ်α€™ြောα€€်α€œာခဲ့

ထာဖဂ္ဂန်α€’ုတိα€šα€žα€™္မတ Amrullah Saleh α€žα€Š် α€…α€€်တင်α€˜ာα€œ ၉ α€›α€€်α€”ေ့ α€”ံα€”α€€်ပိုင်းတွင် α€€α€˜ူးα€œ်α€™ြို့α€›ှိ α€—ုံးခွဲတိုα€€်ခိုα€€်α€™ှုတစ်ခုα€™ှ α€œွှတ်α€™ြောα€€်α€œာခဲ့α€€ြောင်း ပြα€Š်တွင်းα€žα€α€„်းα€™ီα€’ီα€šာတစ်ခုα€™ှ ထုတ်ပြα€”်ခဲ့ပါα€žα€Š်။

COVID-19ကပ်α€›ောဂါထခြေထနေထရ α€œိုထပ်α€œျှင် α€›ွေးα€€ောα€€်ပွဲα€€ျင်းα€•α€™α€Š့်α€”ေ့α€€ို α€›ွှေ့ဆိုင်းα€žα€„့်α€€ြောင်း ပြα€Š်α€žူ့ပါတီ α€₯α€€္ကဋ္α€Œ ဦးα€€ိုα€€ိုα€€ြီးပြောα€€ြား

COVID-19ကပ်α€›ောဂါ ထခြေထနေထရ α€œိုထပ်α€œျှင် α€›ွေးα€€ောα€€်ပွဲα€€ျင်းα€•α€™α€Š့်α€”ေ့α€€ို α€›ွေးα€€ောα€€်ပွဲα€€ော်α€™α€›ှင်ထနေα€–ြင့် α€›ွှေ့ဆိုင်းα€žα€„့်α€€ြောင်း ပြα€Š်α€žူ့ပါတီα€₯α€€္ကဋ္α€Œ ဦးα€€ိုα€€ိုα€€ြီးα€€ ပြောα€€ြားα€œိုα€€်α€žα€Š်။

COVID-19ကပ်α€›ောဂါ α€€ာα€€ွα€š်α€”ိုင်α€›ေးထတွα€€် α€™α€”္α€α€œေးα€™ြို့ ထဝင်၊ ထထွα€€် ဂိတ်α€™ျားတွင် α€€ျα€”်းα€™ာα€›ေးα€…α€…်ဆေးα€™ှုα€™ျားပြုα€œုပ်

COVID-19 α€›ောဂါ α€€ာα€€ွα€š်α€”ိုင်α€…ေα€›α€”်ထတွα€€် α€™α€”္α€α€œေးα€žို့α€œာα€›ောα€€်α€žα€Š့် ခရီးα€žα€Š်α€™ျားα€”ှင့်α€€ုα€”်α€…α€Š်ပို့ဆောင် ပေးα€”ေα€žော α€€ုα€”်α€€ားα€™ျား၊ ထိα€™်α€…ီးα€€ားα€™ျားα€€ို α€€ျα€”်းα€™ာα€›ေးဝန်α€€ြီးα€Œာα€”α€™ှ ချα€™ှတ်ထားα€žα€Š့် α€…α€Š်းα€€α€™်းα€™ျား၊ တိုင်းα€’ေα€žα€€ြီးထစိုးရကချα€™ှတ်ထားα€žα€Š့် α€…α€Š်းα€€α€™်းα€™ျားထတိုင်း α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်းဝင်α€™ျားα€€ α€…α€…်ဆေးα€œျα€€်α€›ှိပါα€žα€Š်။

ကချင်ပြα€Š်α€”α€š် α€–ားα€€α€”့် α€€ျောα€€်α€…ိα€™်းရတနာα€™ြေတွင် COVID-19 α€‘α€α€Š်ပြုα€œူα€”ာ ပထမဆုံးတွေ့α€›ှိ

ကချင်ပြα€Š်α€”α€š် α€™ိုးα€Šှင်းခရိုင် α€–ားα€€α€”့်α€™ြို့α€”α€š်α€™ှာ COVID-19 α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€€ူးα€…α€€်ခံα€›α€žူတဦးα€€ို α€…α€€်α€˜ာα€œ ၉ α€›α€€်α€€ ပထမဆုံး စတင်တွေ့α€›ှိခဲ့α€α€š်α€œို့ α€–ားα€€α€”့်α€™ြို့α€”α€š် α€€ျα€”်းα€™ာα€›ေး ဦးα€…ီးα€Œာα€”α€€ α€žိရပါα€α€š်။

၅ α€€ြိα€™်α€™ြောα€€် ထာဆီα€šံα€…ွα€”့်ဦးတီထွင်ဆုα€€ို α€™ြα€”်α€™ာ့α€…ီးပွားα€›ေး α€œုပ်ငန်းα€›ှင် ထမျိုးα€žα€™ီးတစ်ဦး α€›α€›ှိ

α€™ြα€”်α€™ာα€”ိုင်ငံα€™ှ KBZ α€˜α€်α€œီα€™ိတက်၏α€’ုတိα€šα€‘α€™ှုဆောင်ထရာα€›ှိချုပ်α€’ေါ်α€”α€”်ခမ်းα€”ွα€”်α€žα€Š်ထမျိုးα€žα€™ီးα€™ျားα€…ွα€™်းα€›α€Š်α€™ြှင့်တင်α€›ေးတွင် ၅ α€€ြိα€™်α€™ြောα€€်ထာဆီα€šံα€…ီးပွားα€›ေးα€…ွα€™်းဆောင်α€›ှင်ဆုα€€ို ၂၀၂၀ တွင်α€›ွေးချα€š်ခံခဲ့α€›α€žα€Š်။

α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€€α€—ျာα€œေα€œံα€™ှ α€›α€›ှိငွေထဲα€™ှ α€€ျပ် ၅၃၇ α€žိα€”်းထား ဝင်ငွေခွα€”် ဆောင်ပြီးα€–ြα€…်

α€’ါα€›ိုα€€်တာ မင်းထင်α€€ိုα€€ိုα€€ြီးα€™ှ α€œေα€œံပစ် α€›ောင်းချခဲ့α€žော α€”ိုင်ငံတော်၏ထတိုင်ပင်ခံပုဂ္ဂိုα€œ် α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€€α€—ျာα€œေα€œံα€™ှ α€›α€›ှိငွေ α€€ျပ်α€žိα€”်း ၂၄၀၀ ထဲα€™ှ α€”ိုင်ငံတော်ထတွα€€် ဝင်ငွေခွα€”် α€€ျပ် ၅၃၇ α€žိα€”်းပေးဆောင်ခဲ့α€€ြောင်း α€žိရပါα€žα€Š်။

α€€ျောα€€်α€™ဲα€™ြို့ α€Ÿိုင်းဝေးတိုးဂိတ်ထနီးα€›ှိ α€α€Š်းခိုခန်းတစ်ခုα€™ှ α€™α€”်α€”ေဂျာα€œα€„်α€™α€šား ၂ ဦးα€‘α€žα€်ခံα€›

α€›ှα€™်းပြα€Š်α€”α€š်α€™ြောα€€်ပိုင်း၊ α€€ျောα€€်α€™ဲα€™ြို့α€™ှ α€œားα€›ှိုးα€™ြို့α€˜α€€်ထထွα€€် ပန်ပေါင်းα€€ျေးα€›ွာ၊ ထိုα€›ီα€šα€„်α€α€š်α€Ÿိုင်းဝေးတိုးဂိတ်ထနီးတွင်α€›ှိα€žော α€”ီα€œွင်α€α€Š်းခိုခန်းα€™ှ α€™α€”်α€”ေဂျာα€œα€„်α€™α€šားα€žα€Š် α€…α€€်တင်α€˜ာ ၈ α€›α€€်α€”ေ့α€Šα€€ ၂ α€œောင်းပြိုင်α€‘α€žα€်ခံခဲ့α€›α€€ြောင်း α€›ဲတပ်α€–ွဲ့α€™ှ α€žိα€›α€žα€Š်။

တပ်မတော်α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ်α€™ှ ထင်းα€œေးα€€α€”် α€›ေα€›ှα€Š်α€α€Š်တံ့α€žα€”့်α€›ှင်းα€…ေα€›ေးထထောα€€်ထကူα€–ြα€…်α€…ေα€›α€”် တပ်မတော် (α€€ြα€Š်း၊ α€›ေ၊ α€œေ) α€™ိα€žားα€…ုα€™ျားα€€α€œှူα€’ါα€”်းα€žော α€’ိုα€€်α€”ှင့်α€—ေα€’ါα€›ှင်းα€…α€€် Aquatic Weed Harvester ၂ α€…ီးထား ပေးထပ်α€œှူα€’ါα€”်း


ထုတ်ပြα€”်ခဲ့ပြီးα€žော COVID-19 ဓာတ်ခွဲ α€‘α€α€Š်ပြုα€œူα€”ာα€žα€…် (၁၉၇)ဦးα€”ှင့် ပတ်α€žα€€်α€žα€Š့် ထချα€€်α€‘α€œα€€်α€™ျား

၁။ α€šα€™α€”်α€”ေ့ (၈-၉ -၂၀၂၀) α€›α€€်α€”ေ့ထတွα€€် COVID-19 α€›ောဂါ ဓာတ်ခွဲα€…α€…်ဆေးα€™ှုα€™ျားထနေα€–ြင့် α€…ုα€…ုပေါင်း ဓာတ်ခွဲα€”α€™ူα€”ာ (၃,၃၁၇)ခု ထားα€…α€…်ဆေးခဲ့ပြီး
• COVID-19 α€›ောဂါ ဓာတ်ခွဲα€‘α€α€Š်ပြုα€œူα€”ာα€žα€…် (၁၉၇) ဦး တွေ့α€›ှိခဲ့ပါα€žα€Š်။

Sunday, September 6, 2020

α€›α€”်α€€ုα€”်α€›ှိ Square Office Tower α€›ှိ α€α€š်α€œီα€–ုံးထော်ပရေတာα€€ုα€™္ပဏီα€™ှဝန်ထမ်းပိုးတွေ့α€œို့ α€šα€”ေ့ α€”ံα€”α€€်α€™ှ စတင်α€€ာပိတ်

α€›α€”်α€€ုα€”်α€›ှိ Square Office Tower α€›ှိ α€α€š်α€œီα€–ုံးထော်ပရေတာα€€ုα€™္ပဏီα€™ှဝန်ထမ်းပိုးတွေ့α€œို့ α€šα€”ေ့ α€”ံα€”α€€်ပိုင်းα€™ှာ စတင်α€€ာ α€›ုတ်တရက် ပိတ်α€œိုα€€်α€€ြောင်း ကနဦးα€žα€α€„်းα€™ျားထရ α€žိရပါα€α€š်။

α€žာα€…α€Š်ပိုးတွေ့α€œူα€”ာ ထင်းα€…ိα€”်တွင် ၁ α€œα€€ျော်α€€ြာ α€–ုα€”်းပြင်α€žα€„်တန်း တက်α€›ောα€€်ခဲ့

α€™α€”္α€α€œေးတိုင်း၊ α€žာα€…α€Š်α€™ြို့ ထမှတ် ၄ ရပ်α€€ွα€€်α€€ ပိုးတွေ့α€œူα€”ာα€Ÿာ α€›α€”်α€€ုα€”်တိုင်း ထင်းα€…ိα€”်α€™ြို့α€”α€š်α€€ α€–ုα€”်းပြင်ဆိုင်တခုα€™ှာ ၁ α€œα€€ျော်α€€ြာ α€–ုα€”်းပြင်α€žα€„်တန်းတက်α€›ောα€€်ခဲ့α€žူα€–ြα€…်ပြီး ထိတွေ့ခဲ့α€žူ α€‘α€šောα€€် ၂၀ α€€ျော်α€€ို α€žာα€…α€Š်ဆေးα€›ုံα€™ှာ Quarantine ထားα€›ှိထားα€α€š်α€œို့ α€žိရပါα€α€š်။

α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€€ော့α€™ှူးခရီးစဉ် α€€ျα€”်းα€™ာα€›ေးဝန်α€€ြီးα€Œာα€”α€€ α€žα€˜ောမတူα€žα€–ြင့် α€–ျα€€်α€žိα€™်း

α€”ိုင်ငံတော်ထတိုင်ပင်ခံပုဂ္ဂိုα€œ်α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€…α€€်တင်α€˜ာα€œ ၈ α€›α€€်α€”ေ့ ၎င်း၏ α€™ဲဆန္α€’α€”α€š်α€–ြα€…်α€žော α€€ော့α€™ှူးα€™ြို့α€”α€š်α€žို့ α€žွားα€›ောα€€်α€›α€”် α€…ီစဉ်ထားα€™ှုα€€ို α€€ျα€”်းα€™ာα€›ေးဝန်α€€ြီးα€Œာα€”α€€ α€žα€˜ောမတူα€žα€–ြင့် α€–ျα€€်α€žိα€™်းα€œိုα€€်α€€ြောင်း α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်α€€ ပြောဆိုα€žα€Š်။

ထိα€”္α€’ိα€šα€žα€™ုα€’္α€’α€›ာထတွင်းα€žို့ ထိုင်းα€”ိုင်ငံα€™ှα€–ြတ်၍ ဝင်α€›ောα€€်α€”ိုင်α€™α€Š့် တူးα€™ြောင်းα€‘α€žα€…်ထား တရုတ်α€”ိုင်ငံα€™ှα€‘α€œိုα€›ှိ

ထိα€”္α€’ိα€šα€”ှင့် တရုတ်α€”ိုင်ငံတို့ တင်းα€™ာα€™ှုα€™ျားα€™ြင့်တက်α€œာချိα€”်၌ပင် တရုတ်α€”ိုင်ငံ ထနေα€–ြင့် ထိα€”္α€’ိα€šα€žα€™ုα€’္α€’α€›ာဆီα€žို့ဝင်α€›ောα€€်α€›ာတွင် ခရီးထကွာထဝေး α€€ီα€œိုα€™ီတာပေါင်း ၁,၁၀၀ ထား ချုံ့ပစ်α€”ိုင်α€›ေးထတွα€€် ထိုင်းα€”ိုင်ငံ၏ Kra Isthmus α€™ှတစ်ဆင့်α€–ြတ်α€žα€”်း၍ တူးα€™ြောင်း α€–ောα€€်α€œုပ်α€›α€”်ဆန္α€’α€›ှိα€”ေα€€ြောင်း ထင်တာα€”α€€်α€žα€α€„်း ထုတ်ပြα€”်ချα€€်α€™ျားထရ α€žိα€›α€žα€Š်။

α€›α€”်α€€ုα€”်တိုင်းထတွင်းα€›ှိ α€…ားα€žောα€€်ဆိုင်ထားα€œုံး ပါα€†α€š်α€…α€”α€…်α€–ြင့်α€›ောင်းα€›α€”် α€Šွှα€”်α€€ြား

α€›α€”်α€€ုα€”်တိုင်းထဲα€™ှာ α€›ှိတဲ့α€…ားα€žောα€€်ဆိုင်တွေထားα€œုံး ပါα€†α€š်α€…α€”α€…်α€”ဲ့ပဲ ပြα€”်α€›ောင်းα€€ြα€–ို့ α€›α€”်α€€ုα€”်တိုင်းထစိုးα€› ထဖွဲ့α€€ α€Šွှα€”်α€€ြားα€œိုα€€်ပါα€α€š်။

α€§α€›ာဝတီတိုင်းထတွင်း ထပ်တိုးပိုးတွေ့α€œူα€”ာ ၂ ဦးα€™ှာ α€›ဲတပ်α€€ြပ်တစ်ဦးα€”ှင့် α€›α€”်α€€ုα€”်ပြα€”်တစ်ဦးα€–ြα€…်α€”ေ

α€€ျα€”်းα€™ာα€›ေးα€”ှင့် ထားα€€α€…ားဝန်α€€ြီးα€Œာα€”၏ α€…α€€်တင်α€˜ာ ၇ α€›α€€်α€™α€”α€€် ၈ α€”ာα€›ီ ထုတ်ပြα€”်ချα€€်တွင်ပါဝင်ခဲ့α€žα€Š့် α€§α€›ာဝတီတိုင်းα€™ှ ထပ်တိုးα€œူα€”ာ ၂ α€šောα€€်ထဲတွင် α€€ျုံပျော်α€™ြို့α€”α€š်α€™ှ တစ်ဦးကတော့ ထခေါင်α€™ြို့ α€™ှော်ထူα€›ွာα€€α€–ြα€…်ပြီး α€›α€”်α€€ုα€”်ကထပြα€”် α€‘α€žွားα€‘α€œာα€€α€”့်α€žα€် α€…ောင့်α€€ြα€Š့်α€€α€”့်α€žα€်α€”ေရင်း ၁၀ α€›α€€်ထကြာα€™ှာ ပိုးတွေ့ခဲ့ခြင်းα€–ြα€…်α€€ြောင်း α€’ေα€žα€ံα€™ျားထံα€™ှ α€žိα€›α€žα€Š်။

α€šα€”ေ့ α€”ံα€”α€€်ပိုင်း α€…α€…်ဆေးα€™ှု COVID-19 α€œူα€”ာ (၄၅) ဦး ထပ်တိုး၊ α€€ူးα€…α€€်ခံα€›α€žူ (၁,၄၆၄)ဦးα€”ှင့် α€žေဆုံးα€žူ (၈) ဦးထထိα€›ှိα€œာ

၁။ (၆-၉ -၂၀၂၀) α€›α€€်α€”ေ့ထတွα€€် COVID-19 α€›ောဂါ ဓာတ်ခွဲα€…α€…်ဆေးα€›ာတွင် -
- ထမျိုးα€žားα€€ျα€”်းα€™ာα€›ေးဓာတ်ခွဲα€™ှုဆိုင်α€›ာα€Œာα€” (α€›α€”်α€€ုα€”်) (NHL) α€™ှ (α€’ုတိα€šα€‘α€žုတ်) ဓာတ်ခွဲα€”α€™ူα€”ာ (α‰αˆα‡)ခု ထား α€šα€”ေ့၊ α€Šα€”ေတွင် α€…α€…်ဆေးပြီးα€…ီးခဲ့α€›ာ -

α€™ြα€”်α€™ာα€”ိုင်ငံတွင် Covid-19 α€‘α€α€Š်ပြုα€œူα€”ာ (၁၄၁၉) ဦးα€›ှိα€”ေပြီး တစ်α€€α€™္α€˜ာα€œုံးတွင် α€—ိုင်းရပ်α€…်α€€ြောင့် α€žေဆုံးα€žူ ၈.၈ α€žိα€”်းα€€ျော်α€”ှင့် α€›ောဂါα€€ူးα€…α€€်ခံα€›α€žူ ၂၇ α€žα€”်းα€€ျော်ထထိ α€™ြင့်တက်α€”ေ

တစ်α€€α€™္α€˜ာα€œုံးတွင် ဝူα€Ÿα€”်α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€…်α€€ြောင့် α€žေဆုံးα€žူထရေထတွα€€်α€™ှာ α€…α€€်တင်α€˜ာα€œ ၇ α€›α€€်α€”ေ့ α€”ံα€”α€€် ၇:၃၀ ထချိα€”်ထထိ α€žေဆုံးα€žူ α€…ုα€…ုပေါင်း (αˆαˆα‡,၀၉၄) ဦးα€›ှိα€œာပြီး α€›ောဂါα€€ူးα€…α€€်ခံα€›α€žူ ထရေထတွα€€်α€™ှာα€œα€Š်း α€…ုα€…ုပေါင်း (၂၇,၂၇၅,α‚αˆα†) ဦးα€›ှိα€€ြောင်း တရုတ်ဆေးα€˜α€€်ဆိုင်α€›ာ ထရာα€›ှိα€™ျား၏ α€žα€α€„်းထုတ်ပြα€”်ချα€€်α€™ျားထရ α€žိα€›ှိα€›α€žα€Š်။

α€€ူးα€…α€€်α€™ှုα€”ှုα€”်းα€™ြင့်တက်α€”ေα€žော COVID-19 α€€ြောင့် α€›α€”်α€€ုα€”်တိုင်းα€›ှိ α€…ားα€žောα€€်ဆိုင်၊ α€œα€€်α€–α€€်α€›α€Š်ဆိုင်၊ ထမင်းဆိုင်α€™ျား α€…α€€်တင်α€˜ာ ၈ α€›α€€်α€™ှα€…၍ ပါα€†α€š်α€…α€”α€…်α€–ြင့်α€žာ ပြα€”်α€œα€Š်α€›ောင်းချα€›α€™α€Š်α€–ြα€…်

α€œα€€်α€›ှိတွင် α€€ူးα€…α€€်α€™ှုα€”ှုα€”်းα€™ြင့်တက်α€”ေα€žော COVID-19 α€€ြောင့် α€›α€”်α€€ုα€”်တိုင်းα€’ေα€žα€€ြီးα€›ှိ α€™ြို့α€”α€š်α€™ျားထားα€œုံးတွင် α€–ွင့်α€œှα€…်α€›ောင်းချα€”ေα€žော α€…ားα€žောα€€်ဆိုင်၊ α€œα€€်α€–α€€် α€›α€Š်ဆိုင်၊ ထမင်းဆိုင်α€™ျားထားα€œုံးα€™ှာ α€…α€€်တင်α€˜ာα€œ ၈ α€›α€€်α€”ေ့α€€α€…၍ ပါα€†α€š်α€…α€”α€…်α€–ြင့်α€žာ α€›ောင်းချα€›α€™α€Š် α€–ြα€…်α€€ြောင်း α€žိα€›α€žα€Š်။

α€›ွေးα€€ောα€€်ပွဲဆိုင်α€›ာα€…ုဝေးα€Ÿောပြောခြင်းα€€ို α€œူ(၅၀)ဦးထက် မပိုα€›α€”ှင့် α€œိုα€€်α€”ာα€›α€™α€Š့် α€…α€Š်းα€€α€™်းချα€€်α€™ျား ထမိα€”့်ထုတ်ပြα€”်

α€šα€ုα€œာα€™α€š့် α€”ိုဝင်α€˜ာα€œ ၈ α€”ေ့α€›α€€်α€™ှာ α€€ျင်းα€•α€™α€š့် ၂၀၂၀ ထထွေထွေα€›ွေးα€€ောα€€်ပွဲ ထတွα€€် α€€ိုα€š်α€…ားα€œှα€š်α€œောင်းတွေα€›ဲ့ α€›ွေးα€€ောα€€်ပွဲဆိုင်α€›ာα€…ုဝေးα€Ÿောပြောα€™ှုတွေα€™ှာ α€œူဦးα€›ေ (၅၀)ဦးထက်မပိုα€›α€˜ူးα€”ဲ့ α€œိုα€€်α€”ာα€›α€™ဲ့ α€…α€Š်းα€€α€™်းချα€€်α€™ျားα€€ို α€…α€€်တင်α€˜ာα€œ ၆ရက်α€”ေ့α€€ ပြα€Š်ထောင်α€…ုα€›ွေးα€€ောα€€်ပွဲα€€ော်α€™α€›ှင်α€™ှ α€€ြေα€Šာချα€€်ထမှတ်( ၁၇၃ / ၂၀၂၀) ထား ထမိα€”့်ထုတ်ပြα€”်α€œိုα€€်α€€ြောင်း α€žိα€›ှိရပါα€α€š်။

AA ထကြα€™်းα€–α€€်α€žောင်းα€€ျα€”်းα€žူထဖွဲ့α€™ှ မတရားα€–α€™်းဆီးခေါ်ဆောင်α€žွားခြင်းခံα€›α€žα€Š့် α€€ျောင်းထိုင် ဆရာတော် ထပါထဝင် α€žံဃာတော် ၄ ပါး ပြα€”်α€œွတ်α€™ြောα€€်α€œာ

ရခိုင်ပြα€Š်α€”α€š်၊ α€™ြောα€€်ဦးα€™ြို့တွင် ထကြα€™်းα€–α€€်α€žောင်းα€€ျα€”်းα€žူထဖွဲ့α€™ှ ALP ထတွα€€် α€œူα€žα€…်α€…ုα€žα€Š်α€Ÿုဆိုα€€ာ α€…ွပ်α€…ွဲချα€€်α€–ြင့် မတရားα€–α€™်းဆီးခေါ်ဆောင်α€žွားခြင်းခံα€›α€žα€Š့် α€€ျောင်းထိုင် ဆရာတော် ထပါထဝင် α€žံဃာ ၄ ပါး α€…α€€်တင်α€˜ာα€œ ၅ α€›α€€်α€”ေ့ α€”ေ့α€œα€Š်ပိုင်းα€€ ပြα€”်α€œွတ်α€™ြောα€€်α€œာပြီα€–ြα€…်α€€ြောင်း α€žိရပါα€α€š်။

တပ်မတော်α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ် α€—ိုα€œ်ချုပ်α€™ှူးα€€ြီး မင်းထောင်α€œှိုင် α€€ျိုင်းတုံα€™ြို့၊ α€—ုα€’္ဓα€₯α€šျာဉ်တော်ပရိဝုဏ်ထတွင်း α€α€Š်ထားα€€ိုးα€€ွα€š်α€žα€Š့် α€‘α€˜α€šα€›ာဇမုα€”ိ α€›ုပ်ပွားတော် α€™ြတ်α€€ြီးထား α€–ူးα€™ြော်α€€ြα€Š်α€Šိုခဲ့α€€ြα€€ြောင်း α€žα€α€„်းထုတ်ပြα€”်

တပ်မတော်α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ် α€—ိုα€œ်ချုပ်α€™ှူးα€€ြီး မင်းထောင်α€œှိုင်α€žα€Š် ဇနီးα€’ေါ်α€€ြူα€€ြူα€œှ၊ α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ်(α€›ေ) α€—ိုα€œ်ချုပ်α€€ြီး တင်ထောင်α€…α€”်း၊ α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ်α€›ုံးα€™ှ တပ်မတော် ထရာα€›ှိα€€ြီးα€™ျားα€”ှင့် ဇနီးα€™ျား၊ တြိဂံα€’ေα€žα€ိုင်း α€…α€…်α€Œာနချုပ် တိုင်းα€™ှူး α€—ိုα€œ်ချုပ် ခင်α€œှိုင်α€”ှင့် ထဖွဲ့ဝင်α€™ျား α€œိုα€€်ပါα€œျα€€် α€šα€”ေ့α€”ံα€”α€€်ပိုင်းတွင် α€€ျိုင်းတုံα€™ြို့၏ ထရှေ့တောင်α€˜α€€် ၁၅ α€™ိုင်ခန့်ထကွာ ပန်α€€ွဲα€€ျေးα€›ွာထနီးα€›ှိ α€—ုα€’္ဓα€₯α€šျာဉ် တော်ပရိဝုဏ်ထတွင်း α€α€Š်ထားα€€ိုးα€€ွα€š်α€žα€Š့် α€‘α€˜α€šα€›ာဇမုα€”ိ α€›ုပ်ပွားတော်α€™ြတ်α€€ြီးထား α€–ူးα€™ြော်α€€ြα€Š်α€Šိုပြီး α€žα€္α€α€žα€္တာα€Ÿ α€™α€Ÿာα€—ောဓိα€…ေတီတော်α€™ြတ်α€€ြီး α€α€Š်ထား α€€ိုးα€€ွα€š်α€›α€”် ဆောင်α€›ွα€€်α€”ေα€™ှု ထခြေထနေα€™ျားထား α€žွားα€›ောα€€်α€€ြα€Š့်α€›ှုခဲ့α€€ြα€€ြောင်း α€žိα€›α€žα€Š်။

ခြံထမှတ်-၅၄ COVID-19 α€žα€α€„်းα€€ြောင့် α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€€ော့α€™ှူး α€…α€Š်းα€›ုံးα€›ေး ခရီးစဉ် ထပြောင်းα€‘α€œဲ α€™α€›ှိ

α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š်၏ α€›α€”်α€€ုα€”်α€™ြို့ တက္α€€α€žိုα€œ် α€›ိပ်α€žာα€œα€™်း α€”ေထိα€™် ခြံထမှတ်-၅၄တွင် α€”ေထိုင်α€žူ ၁ ဦး COVID-19 ပိုး α€€ူးα€…α€€် ခံရတာα€€ို α€’ီα€€α€”ေ့ α€…α€…်ဆေးတွေ့ α€›ှိခဲ့ပေα€™α€š့် α€…α€€်တင်α€˜ာ ၈ α€›α€€် α€€ော့α€™ှူးα€™ြို့α€€ို α€žွားα€›ောα€€်α€™α€š့် ခရီးစဉ် ထပြောင်းα€‘α€œဲ α€™α€›ှိα€˜ူးα€œို့ α€žα€α€„်း α€›α€›ှိပါα€α€š်။

α€›ုံးα€Œာα€”/ဝန်ထမ်းα€™ျား α€›ုံးတက်α€›ာတွင် တစ်ဝက်တက်၊တစ်ဝက်α€”ား α€…α€”α€…် ပြα€”်α€œα€Š် α€€ျင့်α€žုံးα€›α€™α€Š်α€–ြα€…်

COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ် α€€ုα€žα€›ေး ထမျိုးα€žားထဆင့် α€—α€Ÿိုα€€ော်မတီα€™ှ ပြα€Š်ထောင်α€…ုထဆင့် ထဖွဲ့α€‘α€…α€Š်းထားα€œုံး၊ပြα€Š်ထောင်α€…ုဝန်α€€ြီးα€Œာα€”(ထားα€œုံး) α€”ေပြα€Š်တော်α€€ောင်α€…ီ α€”ှင့် တိုင်းα€’ေα€žα€€ြီး (α€žို့)ပြα€Š်α€”α€š် ထစိုးရထဖွဲ့ထားα€œုံးα€žို့ α€›ုံးα€Œာα€”/ဝန်ထမ်းα€™ျား α€›ုံးတက်α€›ာတွင် တစ်ဝက်တက်၊တစ်ဝက်α€”ား α€…α€”α€…်ထား ၉-၉-၂၀၂၀ α€›α€€်α€”ေ့α€™ှα€…၍ ပြα€”်α€œα€Š် α€€ျင့်α€žုံးα€›α€”် α€šα€”ေ့ α€…α€€်တင်α€˜ာα€œ ၆ α€›α€€်α€”ေ့ α€›α€€်α€…ွဲα€–ြင့် ထုတ်ပြα€”်α€œိုα€€်α€€ြောင်း α€žိα€›α€žα€Š်။

Saturday, September 5, 2020

α€›α€”်α€€ုα€”်တွင် α€€ွာα€›α€”်တင်းစင်တာ α€™α€œုံα€œောα€€်တဲ့ပြα€žာα€”ာ ရင်ဆိုင်α€”ေα€›

α€›α€”်α€€ုα€”်တိုင်းα€™ှာ α€€ိုα€—α€…်ကပ်α€›ောဂါ ပြα€Š်တွင်းα€€ူးα€…α€€်α€™ှု α€™ြှင့်တက်α€œာပြီး ပိုးα€›ှိα€œူα€”ာα€”ဲ့ တိုα€€်α€›ိုα€€်ထိတွေ့α€™ှုα€›ှိတဲ့ Contact Person တွေα€™ျားα€œာတာα€€ြောင့် Quarantine စင်တာ α€™α€œုံα€œောα€€်တဲ့ပြα€žာα€”ာ ရင်ဆိုင်α€”ေα€›α€α€š်α€œို့ တိုင်းα€œွှတ်တော်α€€ိုα€š်α€…ားα€œှα€š်တွေα€›ဲ့ ပြောပြချα€€်ထရ α€žိရပါα€α€š်။

α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š် α€œα€€်α€›ေးα€™ူ α€€α€—ျာ α€žိα€”်းပေါင်း ၂၄၀၀ α€–ြင့် α€œေα€œံထောင်

 

α€’ေါ်ထောင်ဆန်းα€…ုα€€ြα€Š် α€œα€€်α€›ေးα€™ူ α€€α€—ျာ α€žိα€”်းပေါင်း ၂၄၀၀ α€–ြင့် α€œေα€œံထောင်ခဲ့α€€ြောင်း α€žိရပါα€žα€Š်။

ပြα€Š်ခိုင်α€–ြိုးပါတီ α€…ေတနာ့ဝန်ထမ်းထဖွဲ့α€™ျားα€€ ဆေးα€˜α€€်α€žုံးα€”ှာခေါင်းα€…α€Š်း α€™ျား α€–ြα€”့်ဝေ α€œှူα€’ါα€”်း

ပြα€Š်ထောင်α€…ုα€€ြံ့ခိုင်α€›ေးα€”ှင့်α€–ွံ့α€–ြိုးα€›ေးပါတီα€Œာနချုပ် α€…ေတနာ့ဝန်ထမ်းထဖွဲ့α€Ÿာ ပြα€Š်ထောင်α€…ုα€”α€š်α€™ြေ α€”ေပြα€Š်တော်ထတွင်း တကျော့ပြα€”် COVID-19 α€€ူးα€…α€€်α€›ောဂါ α€€ာα€€ွα€š်ထိα€”်းချုပ်α€›ေးα€™ှာ ပါဝင်α€œှုပ်α€›ှား ဆောင်α€›ွα€€်α€œျα€€်α€›ှိα€›ာα€™ှာ α€’ီα€”ေ့ α€Šα€”ေα€™ှာတော့ ပုα€—္α€—α€žီα€›ိα€ˆေးထတွင်း ဆေးα€˜α€€်α€žုံးα€”ှာခေါင်းα€…α€Š်း ၂၀၀၀ α€€ို ပုα€—္α€—α€žီα€›ိα€™ြို့α€”α€š် ပြα€Š်ခိုင်α€–ြိုး α€…ေတနာ့ဝန်ထမ်းထဖွဲ့α€„α€š်α€”ှα€…်ခုα€”ဲ့ ပူးပေါင်းပြီး ထင်တိုα€€်ထားတိုα€€် α€–ြα€”့်ဝေ α€œှူα€’ါα€”်းခဲ့α€€ြပါα€α€š်။ α€”ောα€€်α€›α€€်တွေα€™ှာα€œα€Š်း ပြα€Š်α€žူထများဝင်ထွα€€်α€žွားα€œာα€›ာ α€ˆေးα€™ျားα€™ှာ ဆက်α€œα€€်α€œှူα€’ါα€”်းα€žွားထုံးα€™ှာα€–ြα€…်α€α€š်α€œို့ α€žိα€›ှိရပါα€α€š်။

α€˜α€›ာဇီးα€™ှာ ၂၄ α€”ာα€›ီထတွင်း α€€ိုα€—α€…်α€€ြောင့် α€žေဆုံးα€žူ ၉၀၀ α€€ျော် ထပ်တိုး

α€˜α€›ာဇီးα€”ိုင်ငံα€™ှာ ပြီးခဲ့တဲ့ ၂၄ α€”ာα€›ီထတွင်း α€€ိုα€›ိုα€”ာα€—ိုင်းရပ်α€…် α€€ူးα€…α€€်α€œူα€”ာ α€‘α€žα€…် ၅၁၁၉၄ ဦး α€›ှိခဲ့ပြီး α€žေဆုံးα€žူ ၉၀၇ ဦး ထပ်တိုးခဲ့α€€ြောင်း α€€ျα€”်းα€™ာα€›ေး ဝန်α€€ြီးα€Œာα€”α€€ α€žောα€€ြာα€”ေ့α€™ှာ ထုတ်ပြα€”်ခဲ့ပါα€α€š်။

α€™ိခင်α€–ြα€…်α€žူ၏ α€”ောα€€်ဆုံးα€”ာα€›ေးα€€ို α€žွားα€›ောα€€်α€œိုα€žူ Quarantine ဝင်α€”ေα€žα€Š့် ထမျိုးα€žα€™ီးထား α€€ူα€Šီပေး

α€™ွα€”်ပြα€Š်α€”α€š် α€™ော်α€œα€™ြိုင် (၁၀) α€™ြို့α€”α€š်ဆောင်တွင် Quarantine ဝင်α€”ေα€›α€žα€Š့် α€€ျိုα€€်ခမီα€™ြို့α€”ေ ထိုင်းပြα€”် ထမျိုးα€žα€™ီး၏ α€™ိခင်ဆုံးပါးα€žွားခဲ့α€žα€Š့်ထတွα€€် α€”ောα€€်ဆုံးα€”ာα€›ေးα€žွားα€œိုα€€ြောင်း ထကူα€‘α€Šီ တောင်းခံα€œာα€žα€–ြင့် α€™ော်α€œα€™ြိုင် RESCUE α€œူα€™ှုα€€α€š်α€†α€š်α€›ေးထဖွဲ့α€€ွα€”်α€šα€€် ထနေα€–ြင့် α€™ော်α€œα€™ြိုင်α€™ှ α€€ျိုα€€်ခမီထိ α€œိုα€€်ပါပို့ဆောင်α€€ူα€Šီပေးခဲ့α€›α€€ြောင်း ထဆိုပါ α€€ွα€”်α€šα€€်α€€ α€žိα€›α€žα€Š်။

α€€ိုα€—α€…်-၁၉ရောဂါပိုး α€”ှα€…်α€€ြိα€™်ဆက်တိုα€€်မတွေ့တော့α€žα€Š့် α€œူα€”ာ ၂ ဦး တီးတိα€”်α€™ြို့ပြα€Š်α€žူ့ဆေးα€›ုံα€™ှဆင်း

ချင်းပြα€Š်α€”α€š် တီးတိα€”်α€™ြို့ပြα€Š်α€žူ့ဆေးα€›ုံ၌ α€…ောင့်α€€ြပ်α€€ုα€žα€™ှုခံα€šူα€œျα€€်α€›ှိα€žα€Š့် α€€ိုα€—α€…်-၁၉ α€›ောဂါပိုးတွေ့α€œူα€”ာ Case-345α€”ှင့် Case-359တို့α€žα€Š် α€›ောဂါပိုးα€”ှα€…်α€€ြိα€™် ဆက်တိုα€€်မတွေ့တော့၍α€šα€”ေ့ α€”ံα€”α€€် ၁၁နာα€›ီကဆေးα€›ုံα€™ှ ဆင်းခွင့်ရပြီး Home Quarantine ဆက်α€œα€€်ခံα€šူα€™α€Š်α€–ြα€…်α€€ြောင်း α€žိα€›α€žα€Š်။

α€…α€…်တွေဆေးα€›ုံα€™ှ α€œူα€”ာ ၁ဝဦး α€šα€”ေ့ ဆေးα€›ုံα€€ ဆင်းခွင့်α€›α€™α€Š်

ရခိုင်ပြα€Š်α€”α€š်၊ α€…α€…်တွေဆေးα€›ုံα€€ြီးα€™ှ α€€ိုα€—α€…်ပိုးတွေ့α€›ှိα€žူα€™ျားထထဲα€™ှ ၁ဝ ဦးα€™ှာ α€›ောဂါပိုးမတွေ့တော့α€žα€–ြင့် α€šα€”ေ့ α€Šα€”ေ ၄ α€”ာα€›ီα€”ောα€€်ပိုင်းတွင် ဆေးα€›ုံα€€ ဆင့်ခွင့်α€›α€™α€Š်α€Ÿု α€…α€…်တွေဆေးα€›ုံထုပ်α€€ြီး α€’ေါα€€်တာဇော်α€œွင်α€€ α€‘α€α€Š်ပြု ပြောα€€ြားα€žα€Š်။