Friday, August 23, 2013

" ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုမရှိရင် ဇာတ်ကားကောင်းတွေ မဖန်တီးနိုင်ဘူးဆိုသူစတီဗင်စပီးဘာဂ် "

 ဒါရိုက်တာလောကမှာ နှစ် ပေါင်း ၄ဝကြာကျင်လည် ခဲ့ပြီး သူ့ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေက ပရိသတ်ရဲ့ပါးစပ်ဖျားမှာ လွှမ်းမိုးမှုရှိခဲ့ ပါတယ်။ Goonies, ET, Indiana Jones, Jaws ပြော ရရင်မ ကုန်နိုင်အောင် ပါ။ မကြာသေးခင် နှစ်အနည်းငယ်က ထွက်ထားတဲ့ War House, Tintin နဲ့ Lincoln ဆိုရင်လည်း တအားအောင် မြင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်နေတဲ့ဒါရိုက်တာတစ်ဦးရဲ့စိတ်ဖိစီးမှုကိုမေးမြန်းကြည့်ရာ၎င်းက....

“ရိုက်ကူးရေးလုပ်နေတဲ့အချိန်၊ ထုတ်လုပ်ရေးလုပ်တဲ့ အချိန်တွေကအပင်ပန်းဆုံးပါ။ ရုပ်ရှင်ထွက် လာတဲ့ နောက်ပိုင်းတော့ စိတ်ပေါ့ပေါ့ပါးပါးပဲ ထား ပါတယ်” လို့ ပြောပါတယ်။ဒါ့အပြင် ‘အရေး အကြီးဆုံးက ရိုက်ကူး ရေး အဖွဲသားအားလုံးရဲ့ ပေါင်းစည်းညီညွတ်မှုကြောင့်ပါ။ ဒါကြောင့်အားလုံးကို ကျေးဇူးတင်ရမယ်။

ကျွန်တော့်ကို ကူညီပံ့ပိုးပေးမယ့် အဖွဲ့သားတွေသာမရှိဘူးဆိုရင် Tintin,Lincoln လိုဇာတ် ကား ကောင်းတွေကို ဖန်တီးနိုင်မှာမဟုတ်ပါဘူး’ လို့ပြောပါတယ်။

သိင်္ဂီဝင်း

Popular Journal

0 comments:

Post a Comment