Friday, August 23, 2013

ရွှေဘိုပေါ်ဆန်း အမြင့်သို့လှမ်း

ရွှေဘိုပေါ်ဆန်းတစ်အိတ် လက်ကားရောင်း ဈေးမှာ ကျပ် ၄ဝဝဝဝ သို့ ရောက်ရှိသွားပြီဟု ဆန်စပါးဈေး ကွက်မှ သိရသည်။

ယခင်နှစ်က စက်တင်ဘာမှသာ ထိုဈေးရှိ သော်လည်း ယခုနှစ်တွင်မူ တစ်လကျော်စော၍ မနှစ်ကဈေး သို့ ရောက်ရှိသွားသည်ဟု ရန်ကုန်ဝါး တန်း ကီလီဒိုင်မှ ဆန် အရောင်းအဝယ်ပြုလုပ် နေသူတစ်ဦးက ဆိုသည်။
”ဒါက ဆန်ကောင်းကြိုက်သူတွေနဲ့၊ ငွေနိုင် တဲ့သူတွေအတွက် သီးသန့်လိုဖြစ်နေတော့ အ ခြေခံလူ တန်းစားတွေအတွက် သိပ်ရိုက်ခတ်မှု ရှိမှာမဟုတ်ဘူး”ဟု ၄င်းက ဆိုသည်။

အညာတွင်မိုးခေါင်၍ အောင်ရေမရသည့် ပြဿနာအချို့အပေါ်အကြောင်းပြု၍ ပေါ်ဆန်း ဈေးမှာ အချိန်စောကာ ဈေးတက်သွားသည်ဟု သုံးသပ်ကြ သည်။

ရွှေဘိုပေါ်ဆန်းနည်းတူ ဖျာပုံပေါ်ဆန်းက ပါ ဈေးလိုက်တက်နေသည်ဟု ဆန်အကျိုးဆောင် တစ်ဦးက မှတ်ချက်ပြုသည်။

”လယ်သမားတွေဆီက အဝယ်ဆိုရင် ဈေး ဆစ်တယ်။ စပါးကြိတ် ပြီး တောင်သူဆီက ကုန် သည်ဝယ်ရင် လည်း ဈေးဆစ်တယ်။ အဲ…အတက် ဆိုရင်တော့ လာထားကုန် သည်ဆီမှာ”ဟု ဖျာပုံမှ တောင်သူဦးမြင့်က ဆိုသည်။

ကုန်စည်ဒိုင်တွင် ရွှေဘိုပေါ်ဆန်း (ထိပ်စ)တစ်အိတ် ကျပ် သုံးသောင်းခြောက်ထောင်နှင့် ဖျာပုံပေါ်ဆန်းမှာ တစ်အိတ် ကျပ်သုံးသောင်း လေးထောင်ဝန်းကျင် ရှိသည်။

ကျောက်တံတားမြို့နယ်မှ ဒေါ်ရှမ်းထမင်း ဆိုင်က ”တစ်ပတ်လောက် ရှိသွားပြီ။ တစ်အိတ် ကျပ်လေးထောင် တက်သွားတယ်”ဟု ပြောသည်။

ဆန်ချောနည်းတူ ဆန်ကြမ်းကပါ လိုက် တက်လာနေ၍ ဆန်စပါး အသင်းချုပ်က ပြည်ပ တင်ပို့မှု ယာယီရပ်ဆိုင်းခြင်းနှင့်အတူ အရန်ဆန် တို့ကို ထုတ်ရောင်းမည်ဟု မကြာမီက ကြေညာ ထားသည်။

Popular Myanmar News Journal

0 comments:

Post a Comment