
ကလေးယူရန် ကြိုးစားမည့်
မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း
ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက်သည်။
ဖခင်လောင်းများ
ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင်
ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟု ဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော
အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက်
ပျက်စီးစေသောကြောင့် ကလေး သန္ဒေတည်ချိန်၌ ပျက်စီးနေသော ဖခင်ဘက်မှ
ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။
သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ
သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို
စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ
ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ
၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။
ပြည်မြန်မာ






0 comments:
Post a Comment