Tuesday, September 10, 2013

အသစ်မိတ်ဆက်တဲ့ Bentley Continental GT

 


Frankfurt မော်တော်ယာဉ် ပြပွဲမှာပဲ ဗြိတိန် Bentley ရဲ့  ကားသစ်ကို မိတ်ဆက် ပြသ သွားပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ကား ပါ။
အမိုးပွင့် Roadster ဗားရှင်းလည်း ပူးတွဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၄ လီတာ၊ ဆလင်ဒါ ၈ လုံးပူး Twin Turbo တပ် အားကောင်း အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ယခင် ဗားရှင်းထပ် Upgrade လုပ်လိုက်တာ ဆိုလို့ မြင်းကောင်ရေအား ၂၁ မြင့်တက်လာခြင်း ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၅၂၁ အထိရှိလာစေမှာ ဖြစ်ပါတယ်။

Bentley ရဲ့ ထုံးစံအတိုင်း အတွင်းခန်း ပြင်ဆင်မှုကို သားသားနားနား မြင်တွေ့ ရမှာပါ။ ဈေးကြီး သလောက် ဝယ်သူလည်း များတဲ့ Bentley Continental ကို အော်ဒါ စနစ်နဲ့သာ ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဈေးလည်း ကြီးပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သိန်း ဝန်းကျင်နဲ့ ရောင်းချမယ့် ဈေးကြီး ဇိမ်ခံ ဆလွန်း ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

0 comments:

Post a Comment