"နီလရောင်ခြည်တော်"
မျက်နက်ဝန်းတော်တို့ သည် အညိုရောင် တောက်ပ၍
တင့်တယ်တော်မူကြကုန်၏။ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့်
ညိုမှောင်သော ကိုယ်အဂါင်္တော်၏ အစိတ်အပိုင်းမှ
နီလရောင်ခြည်တော်များ ထွက်တော်မူကြသည်။
ဤနီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလကျောက်
ရတနာအဆင်း၊ ရွဲညိုအဆင်း၊ တဖိတ်ဖိတ်တောက်သော
ဖဲပ၀ါညိုအဆင်း၊ ကြာညိုပွင့်ချပ်အဆင်း၊ မြရတနာဖြင့်
ပြုအပ်သော ယပ်တောင်အဆင်း၊ စသည်နှင့် တူစွာ
အလွန်ကြည်နူးဖွယ်ကောင်းသော ညိုညိုမှောင်မှောင်
အရောင်တို့ သည် ရှင်တော်ဘုရား၏ ၀ဲယာဖက်နှင့်
အထက်အောက်(ထက်ဝန်းကျင်) အရပ်တို့ ၌ အိမ်လုံး
တောင်လုံးခန့် မျှ လည်းကောင်း၊ ထို့ ထက်
ကြီးမားစွာလည်းကောင်း အနှံ့ အပြား
ပျံသန်းကွန့် မြူးစွာ အထူးကျက်သရေရှိပါပေသည်။
"ပီတရောင်ခြည်တော်"
ဘုရားရှင်၏ ကိုယ်အရေတော်နှင့် မျက်လုံးတော်အထက်က
မျက်ခွံတော် စသော အရေတော်တို့ သည် ၀ါဝါ၀င်းဝင်း
ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်၏။
ထိုသို့ ပင်ကိုအားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အဂါင်္
အစိတ်အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။
ထို ပီတရောင်ခြည် ထွက်တော်မူသောအခါ သိင်္ဂနိက် ဟု
ခေါ်သော သိင်္ဂီရွှေစင် ရွှေနှစ်အဆင်း၊ ရွှေပြား ရွှေထည်အဆင်း
တသွင်သွင် စီးသွားသော ရွှေရည်အဆင်း ၊ ရွှေပန်းအဆင်း
စသည်နှင့် တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ၀ါရွှေရွှေ
အရောင်တော်တို့ သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌
အိမ်လုံး တောင်လုံးခန့် မျှလည်းကောင်း
ထို့ ထက် ကြီးမားစွာလည်းကောင်း
ပျံသန်းကွန့် မြူးလျက် အထူးကျက်သရေ ရှိပါပေသည်။
"သြဒါတရောင်ခြည်တော်"
ဘုရားရှင်၏ အသားတော်အတွင်း၌ ရှိသော အရိုးတော်
သွားတော် မျက်ဖြူတော် စသည်တို့ မှာ လွန်စွာ ဖြူဝင်း
သန့် ရှင်း တင့်တယ်ပါပေကုန်၏။ ထိုသို့ ပင်ကိုယ်အားဖြင့်
ဖြူဝင်းသော ကိုယ်အဂါင်္တော် အစိတ်အပိုင်းမှ
သြဒါတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။
ဤသြဒါတရောင်ခြည် ထွက်တော်မူသောအခါ
ငွေအရောင်တောက်ပသော အရောင်အဆင်း၊
ငွေပြားငွေထည်အဆင်း၊ ကူးသန်းသွားလာသော
ငွေရည်အယဉ် ငွေပန်းအဆင်း စသည်တို့ နှင့် တူစွာ
အလွန်ကြည်နူးဖွယ် ရှိသော ဖြူဝင်းသော အရောင်တို့ သည်
ဘုရားရှင်၏ ထက်ဝန်းကျင်
အရပ်တို့ ၌ အိမ်လုံး တောင်လုံးခန့် မျှ လည်းကောင်း၊
ထို့ ထက် ကြီးမားစွာလည်းကောင်း အနှံ့ အပြား ပျံသန်း
ကွန့် မြူးလျက် အထူး ကျက်သရေ ရှိပါပေသည်။
"လောဟိတရောင်ခြည်တော်"
ဘုရားရှင်၏ အရေတော်အတွင်းက အသားတော်
အသွေးတော်နှင့် နှုတ်ခမ်းတော် စသည်တို့ မှာ လွန်စွာ
နီမြန်းပါပေကုန်၏။ ထိုကဲ့သို့ ပင်ကိုအားဖြင့် နီနီတွေးတွေး
ဟင်္သပြဒါးသွေးနှင့်တူသော ကိုယ်အဂါင်္ အစိတ်အပိုင်းမှ
လောဟိတရောင်ခြည်များ ထွက်တော်မူကြသည်။
ဤ လောဟိတရောင်ခြည် ထွက်တော်မူသောအခါ
ကမ္ဗလာနီအဆင်း၊ သန္တာ ဟုခေါ်အပ်သော ရတနာနီအဆင်း၊
ကြာနီပွင့်အဆင့်၊ ပတ္တမြားယပ်အဆင်း စသည်တို့ နှင့်တူစွာ
ကြည်နူးဖွယ်ကောင်းသော အနီရောင်တို့ သည်
ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်တို့ ၌ အိမ်လုံး
တောင်လုံးခန့် မျှ လည်းကောင်း၊ ထို့ ထက်
ကြီးမားစွာလည်းကောင်း အနှံ့ အပြား ပျံသန်း
ကွန့် မြူးလျက် အထူး ကျက်သရေ ရှိပါပေသည်။
"မဉ္ဇိဋ္ဌရောင်ခြည်တော်"
မောင်းသော အဆင်းရှိသော မဉ္ဇိဋ္ဌရောင်ခြည်တော်များကား
အ၀ါဖက်လည်းမကျ အနီရင့်ဖက်လည်းမကျ၊ နီကြင်ကြင်
ဝါကြင့်ကြင့်ရှိသော ကိုယ်အဂါင်္တော်၏ ထိုထိုအရပ်မှ
ထွက်တော်မူကြသည်။ ဤ မဉ္ဇိဋ္ဌရောင်ခြည် ထွက်တော်မူသောအခါ
အချို့ အရပ်တို့ ၌ရှိသော ထန်းကျင့်ပင်၊ သို့ မဟုတ်
နီပဆေး ဟု ခေါ်အပ်သော သစ်ပင်၏ အတွင်းသား
အဆင်းကဲ့သို့ အ၀ါရင့် ပန်းရောင်အစု၊ အနီနုပုံသဏ္ဍာန်
အင်မတန် ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်တို့ သည်
ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်တို့ ၌ အိမ်လုံး
တောင်လုံးခန့် မျှ လည်းကောင်း၊ ထို့ ထက်
ကြီးမားစွာလည်းကောင်း အနှံ့ အပြား ပျံသန်း ကွန့် မြူးလျက်
အထူး ကျက်သရေ ရှိပါပေသည်။
"ပဘဿရရောင်ခြည်တော်"
ပြိုးပြိုးပြက် ထွက်သော "ပဘဿရ" ရောင်ခြည်တော်၏ အဆင်းကား
ရှေးရောင်ခြည်တော်ငါးသွယ်၏ အဆင်းပင် ဖြစ်သည်။ ထွက်တော်မူပုံ
ထူးသောကြောင့် ရောင်ခြည်တော်တစ်ပါးဟု ခွဲထားရသည်။
ရှေးရောင်ခြည်တော်များမှာ အဆက်မပြတ်ဘဲ အိမ်လုံး တောင်လုံးခန့် 
စသည်ဖြင့် ကြီးကြီးမားမား ကျယ်ဝန်းစွာ ပျံ့ နှံ့ ကွန့် မြူးလျက်
ထွက်တော်မူကြသည်။
ဥပမာ - ညိုသော ရောင်ခြည်တော်ဆိုလျှင် လကွယ်သန်းခေါင်အခါ၌
ညိုမှောင်နေသကဲ့သို့ တဆက်တည်း ညိုမှောင်နေသည်။
ဤ ပဘဿရရောင်ခြည်တော်ကား တစ်ဆက်တည်းမဟုတ်၊
ကောင်းကင်ဝယ် လျှပ်စစ်ပြက်သလို ပြိုးခဲနဲ ပြက်ခနဲ လက်ခနဲ
ဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် တစ်မျိုးအားဖြင့်
ကျက်သရေရှိအောင် ထွက်တော်မူကြသည်။ ဤကဲ့သို့ 
လင်းခနဲ လက်ခနဲနှင့် ပြိုးပြိုးပြက်ပြက် ထွက်တော်မူရာဝယ်
ပိုးစုန်းကြူး ဟု ခေါ်အပ်သော ပိုးကောင်ကလေးများ ညအခါ၌
လက်သလို သေးသေးသိမ်သိမ် မဟုတ်၊ မှန်အပြင် ကြေးမုံအပြင်ပေါ်မှာ
လရောင် ဓာတ်မီးရောင် ဟပ်သကဲ့သို့ ကတ်ကတ်သတ်သတ် မထင်မရှားဖြင့်
မလင်းတလင်းမျိုးလည်း မဟုတ် ၊ ကြီးကြီးမားမား ထင်ရှားစွာ
ထွက်တော်မူကြပေသည်။
(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏
ရတနာ့ဂုဏ်ရည် မှ- အနှိုင်းမဲ့စာတိုပေစများ ပူဇော်ပါသည်)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ







0 comments:
Post a Comment