စလစ်နှင့်ထပ်တူညီမျှသောငွေ ကြေးပမာဏကိုသာ သတ်မှတ်ပေးပါ ကစလစ်ဈေးကွက်မှာ ပပျောက်သွား နိုင်ကြောင်း မင်းရဲကျော်စွာမှ ၀ါရင့် ကားဝယ်ရောင်းအကျိုးတော်ဆောင် ကြီးတစ်ဦးမှ Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။ အပ်ကားများဈေး ကွက်ကြီးတစ်ခုကဲ့သို့ဖြစ်နေကာ အပ် ကားများနည်းပါးလာသည်နှင့်အမျှ အပ်ရမည့်အက္ခရာသို့ မရောက်သေး သော်လည်း ကြိုတင်ဝယ်ယူမှုများ ကြောင့်စလစ်ဈေးမှာလည်းလိုက်၍ မြင့်တက်လာကြောင်းသိရသည်။
“အခု (အ) အက္ခရာကားက မင်းရဲကျော်စွာကားဝင်းထဲမှာ အ ရောင်းအ၀ယ်မရှိဘူး။ ကားတွေမှမရှိ တာ။ အကုန်လုံးက (အ) အက္ခရာကား တွေကြိုလှောင်ထားပြီးပြီ။ ကုမ္ပဏီ တွေကျတော့ စလစ်ကအသက်လိုဖြစ် နေတာ။ ကားအစီး (၅၀) သွင်းထား ရင် အပ်ကား (၅၀) ထားရမှာဆိုတော့ စလစ်ကိုဝယ်ထားကြတာ။ စလစ်မရှိ ရင် ဒုက္ခရောက်ပြီ။ ကြိုဝယ်ထားလည်း မရှုံးဘူး။ မြတ်တောင်မြတ်လာဦးမှာ။ သူတို့ဝယ်တာသိန်း (၇၀)၊ (၇၅) သိန်း လောက်သိမ်းကြတာ။ အခု (၉၅၊ ၁၀၀) ဆိုတော့ စလစ်ချည်းပဲရောင်းစား ဦးမြတ်နေပြီ”ဟုရှင်းပြခဲ့သည်။
စလစ်ပေါက်ဈေး သိန်း (၁၀၀) ဆိုပါက ငွေကြေးအား သိန်း (၁၀၀) သတ်မှတ်ပေးပါက အပ်ရမည့်ကား များကိုလည်း အေးအေးဆေးဆေးဖြင့် အပ်နှံနိုင်မည်ဖြစ်ကြောင်းသုံးသပ်ပြ သည်။ (အ) အက္ခရာကားများအပ်နှံ ချိန်မရောက်ရှိသေးသော်လည်း (၁က) အက္ခရာကားများပါ အ၀ယ်လိုက်လာ ပြီး စလစ်မှာရှားပါးလာကြောင်းသိရ သည်။
(၁က) အက္ခရာကားမှာ သိန်း (၈၀) နှင့် အရောင်းအ၀ယ်ဖြစ်နေပြီး (အ) အက္ခရာကားမှာ (၉၅) သိန်းရှိ နေကြောင်းသိရကာ အပ်နှံချိန်ရောက် ရှိပါက ဈေးဆက်လက်မြင့်တက်နိုင် ကြောင်းပြောပြသည်။
“စလစ်ဘယ်ဈေးပေါက်လဲ။ သိန်း (၁၀၀) ပေါက်ရင် ငွေသိန်း (၁၀၀) လက်ခံလိုက်။ အဲ့လိုဆိုရင် စလစ်ဈေးကွက်မရှိတော့ဘူး။ အပ် ကားတွေကုန်ရင် စလစ်ဘယ်လိုကပ် မလဲ။ မနက်မိုးလင်းတာနဲ့ အပ်ကား ဈေးဘယ်လောက်လဲ၊ စလစ်ဈေးဘယ် လောက်လဲ ဒါပဲပြောနေရတယ်။ ဈေး ကွက်ကြီးကိုဖြစ်နေတာ။ မြင်သာမှာ သွားကြည့် ကားတွေမအပ်သေးဘဲနဲ့ အရောင်းအ၀ယ်လုပ်နေကြတာ။ ကား အစုတ်အပြတ်တွေချည်းပဲ။ လမ်းတွေ လည်းပိတ်နဲ့။ (၁က) ကြိုဝယ်ထား လည်း နှစ် (၂၀) ရှိသက်တမ်းလို့ သတ်မှတ်ထားတော့ ပြည့်တဲ့အထိ စောင့်ရုံပေါ့”လို့ပြောပြသည်။
Auto World Journal






0 comments:
Post a Comment