Wednesday, September 4, 2013

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းစင်တာများ ဖွင့်မည်


ပြည် တွင်းရှိ အသေးစားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအ လိုက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးစင်တာများ (SMEs)တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိSMEs စင်တာကို စတင်ဖွင့်လှစ်ခဲ့စဉ်က စက်မှုလုပ် ငန်းများအတွက် ရည်ရွယ်ခဲ့ပြီး ယခုအခါ ဝန်ဆောင်လုပ်ငန်းများ အပါအဝင် ကျန်အသေးစားနှင့် အလတ်စားလုပ်ငန်းများအားလုံး အတွက် ဆောင်ရွက်နိုင်ရန် ယင်း ကဲ့သို့ တိုးချဲ့ဖွဲ့စည်းရန် စီစဉ်နေ ခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရ သည်။

SMEs စင်တာမှ SMEs လုပ်ငန်းများ ချေးငွေထုတ်ချေးနိုင် ရန် စီစဉ်ထောက်ခံပေးခြင်း၊ လုပ် ငန်းဆိုင်ရာ အချက်အလက်များ ကူညီခြင်း၊ နည်းပညာအကူအညီ ပေးခြင်း၊ Capacity Building မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အာ ဆီယံဒေသတွင်း ပူးပေါင်းဆောင် ရွက်နိုင်ရန် ချိတ်ဆက်မှုများဆောင် ရွက်ပေးခြင်းတို့အား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လက်ရှိရန်ကုန်တိုင်းဒေသ ကြီးရှိ အသေးစားနှင့် အလတ် စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဗဟိုစင်တာ (ရုံးချုပ်)အား အင်အား ၈ဝအထိ တိုးချဲ့ဖွဲ့ စည်းကာ ကျန်ပြည်နယ်နှင့်တိုင်း ဒေသကြီးများအတွက် အင်အား ၇၀၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်သွား မည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ အတွက် နည်းပညာဖွံ့ဖြိုးတိုးတက် စေရေးအတွက် SMEs စင်တာ အနေဖြင့် နိုင်ငံတကာမှ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်အေးအေးဝင်း က ''လက်ရှိတောင်ကြီးမှာ ဂျာ မနီအခြေစိုက်GIZ အဖွဲ့ရဲ့ အ ကူအညီနဲ့ ဒေသထွက်သီးနှံဖြစ် တဲ့ ငရုတ်သီး၊ သရက်သီးနဲ့ လက် ဖက်ခြောက်ကို အဆင့်မြှင့်တင် ခြင်းလုပ်ငန်းတွေအတွက် နည်း ပညာလွှဲပြောင်းပေးတဲ့ လုပ်ငန်း တွေကို ဆောင်ရွက်နေတာ နှစ် လလောက်ရှိပြီ''ဟု ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးတွင် ယင်းကဲ့သို့ SMEs စင်တာများဖွင့်လှစ်ပြီးပါ က ဒေသအလိုက်ထွက်ကုန်များ အား တန်ဖိုးမြင့်ထုတ်ကုန်များအ ဖြစ် ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာအကူအညီများ အပါ အဝင် အသေးစားနှင့် အလတ် စားလုပ်ငန်းများ ပိုမိုတိုးတက်ရေး အတွက် ကူညီလုပ်ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံစီးပွား ရေး ၈၉ ရာခိုင်နှုန်းခန့်မှာအသေး စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment