
သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်သစ် တိုနီအဲလ်ဘတ် က အစိုးရသစ် ဝန်ကြီး တာဝန်ခွဲဝေ ခန့်အပ်မှု တွေ ကို တနင်္လာနေ့ က ကြေငြာခဲ့ ပြီး၊ ထိပ်တန်း ကဲဘိနက် အဆင့်မှာ အမျိုးသမီးတဦးထဲ ကို သာ နေရာပေးခဲ့တဲ့ အတွက် အဖက်ဖက်က ဝေဖန်ခြင်းကို ခံနေရပါတယ်။
အတိုက်အခံ ဖြစ်သွား ပြီ ဖြစ်တဲ့ လေဘာ ပါတီ ကတော့ အာဖဂန် နစ္စတန်နိုင်ငံ လို အမျိုးသမီးတွေ ကိုနှိမ်တဲ့ နိုင်ငံမှာ တောင်မှ ဝန်ကြီး အဖွဲ့ထဲမှာ အမျိုးသမီး အရေ အတွက် ပိုပြီး များ တယ်လို့ ဆိုပါတယ်။
ဒုတိယ ဝန်ကြီးချုပ် ရာထူးနဲ့ နိုင်ငံခြား ရေး ဝန်ကြီး ရာထူးကို အမျိုးသမီး ဖြစ်တဲ့ Julie Bishop က ရ ရှိ သွားပါတယ်။
နိုင်ငံခြား ရေး ဝန်ကြီးသစ် Julie Bishop က အစိုးရ အဖြစ် ရွေးကောက်မခံ ရ ခင်ကတည်းက မိမိတို့ ပါတီကနေ ကတိပေးထားတဲ့ မူဝါဒ အား လုံး ကိုကျင့်သုံး နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ခို လှုံခွင့်တောင်းလိုသူ တွေ မလာနိုင်အောင် အင်ဒိုနီး ရှား နိုင်ငံက လှေတွေကို ဝယ်ပစ်မယ်ဆို တဲ့ မူ ဝါဒကို အင်ဒိုနီး ရှား နိုင်ငံ က သူတို့ ရဲ့ပြည်တွင်းရေး မှာ ဆွေး နွှေး တိုင်ပင်မှု မ ရှိ ဘဲ ဝင်ရောက် စွက်ဖက်တယ်ဆို ပြီး အမျက် ဒေါသဖြစ်ခဲ့ပါတယ်။
Julie Bishop က အင်ဒိုနီး ရှား နိုင်ငံနဲ့ နှစ်ဦးနှစ်ဘက် လေးစားမှုကိုကျင့်သုံးပြီး၊ ပြဿနာတွေကို တိုင်ပင်ဆွေးနွှေးသွားမယ်လို့ ဆိုပါတယ်။
ABC Radio Australia






0 comments:
Post a Comment