Monday, September 16, 2013

ဆီးရီးယားမှာ ဓာတုလက်နက်သုံးကြောင်း ကုလ အတည်ပြု

Image: United Nations Secretary-General Ban Ki-moon talks during a news conference Image 2009-01-15
ကုလ အတွင်းရေးမူး ဘန်ကီမွန်း (Credit: Reuters) 

ဆီးရီးယား ​နိုင်ငံမှာ ​သူပုန်တွေ ​ကို ​နှိမ်နင်းဖို့ ​ဆာရင် ​ဓါတ်ငွေ့ ​ပါတဲ့ ​ဓါတုလက်နက်တွေ ​အသုံးချ ​ခဲ့ ​တယ်ဆို ​တာ ​အတိ ​အလင်း ​တွေ့ ​ရှိ ​ခဲ့ ​တယ်လို့  ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူး ​ဘန်ကီမွန်း ​က ​အတည်ပြု ​ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ​ဒမတ်စ္စကတ် ​မြို့တော် ​တိုက်ခိုက်ပွဲမှာ ​ဆာရင် ​ဓါတ်ငွေ့ ​ပါတဲ့ ​ဓါတု ​လက်နက်တွေ ​အသုံးချ ​ခဲ့ ​တယ်ဆို ​တာ ​ကို ​ကုလသမဂ္ဂလုံခြုံရေး ​ကောင်စီ ​စစ်ဆေး ​ရေးမှူးတွေ ​က ​သက်သေအထောက်အထား ​တွေ့ ​ရှိ ​ခဲ့ ​တယ်လို့ ​ဆိုပါတယ်။

ရရှိခဲ့ ​တဲ့ ​တွေ့ ​ရှိ ​ချက် ​တွေ ​ဟာ ​လုံး ​ဝကို ​ငြင်းပယ်လို့မရ ​နိုင်လောက်တဲ့ ​ခိုင်လုံ ​တဲ့ ​အထေက်အထားတွေ ​ဖြစ်တယ်လို့ ​လဲ ​ဆိုပါတယ်။

ထိခိုက်ခဲ့သူ ​တွေ ​ရဲ့ ​သွေးတွေ ​ကို ​ဓါတ်ခွဲစမ်းသပ် ​စစ်ကြည့်တဲ့ ​အခါမှာ ​ဆာရင် ​ဓါတ် ​၈၅% ​ပါ ​ရှိ ​နေတာ ​ကို ​တွေ့ ​ရှိ ​ခဲ့ ​ပြီး၊ ​ပတ်ဝန်းကျင် ​လေထု ​စစ်ဆေး ​မှု ​အတွက် ​ပြုလုပ်တဲ့ ​နမူနာ ​တွေမှာ ​လဲ  ​ဆာရင် ​ဓါတ်တွေ ​သေချာပေါက်ပါဝင်တယ်ဆိုတာကို ​တွေ့ ​ရှိ ​ခဲ့တယ်လို့ ​ဆိုပါတယ်။

ABC Radio Australia



0 comments:

Post a Comment