Thursday, September 5, 2013

Bulleta Motors မှထုတ်သော စူပါကား RF22

Frunkfurt မော်တော်ယာဉ်ပြပွဲအတွက် ရည်ရွယ်ထားတဲ့ ပြိုင်ကား တစ်စီးပါပဲ။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ဒီဇိုင်း လှပနေမှုကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ သူက ဗြိတိန် Lotus ကထုတ်တဲ့ Evora အမည်ရ ပြိုင်ကားကို ပြန်လည် အခြေခံထားခြင်းသာ ဖြစ်ပါတယ်။
အင်ဂျင်အရွယ် ၃.၅ လီတာ ဆလင်ဒါ ၆ လုံးပူး V အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေအား ၄၀၀ နဲ့ ၅၀၅ ထုတ်လုပ်နိုင်တဲ့ ကားမျိုး ဖြစ်ပါတယ်။ နှစ်မျိုးခွဲခြားထုတ်ထားတာပါ။ ဂီယာ ၆ ချက်ထိုး ရိုးရိုးကိုသာ အသုံးပြု ထားပါတယ်။ စူပါကားလို့ ခေါင်းစဉ် တပ်ထားတဲ့ ကား ပါ။ တစ်နာရီ မိုင် ၁၉၀ အထက်မောင်းနှင်နိုင် ပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် အခြေဆိုက် Bulleta Motors ဖြစ်ပြီး ဒီဇိုင်နာ ကတော့ Samir Sadikhov ဖြစ်ပါတယ်။ အရင် Lotus Evora ကိုမှ သူ့စိတ်ကြိုက် ပြန်လည် ပြုပြင် မွမ်းမံထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

RF22 ကို လက်ရှိ အောင်မြင်နေတဲ့ အီတလီ Ferrari နဲ့ Lamborghini ပြိုင်ကားတို့လို ကုမ္မဏီ ကြီးများမှ ကားများကို ယှဉ်ပြိုင်စေဖို့ အဓိက ရည်ရွယ်ကြောင်း ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သိန်း ဝန်းကျင်နဲ့ ရောင်းချနိုင်ချေ ရှိတဲ့ ကား ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
ColayAutomobile.
http://www.colay.com.mm/automobile/news/detail/877

0 comments:

Post a Comment