
အမေရိကန် General Motors ကုမ္မဏီမှ အသစ်ထုတ်လုပ်တဲ့ ကားကို အားအကြီးဆုံး Light Duty ထရပ်ကား အဖြစ် စံချိန်တင်စေခဲ့ပါတယ်။
အင်ဂျင်အရွယ် ၆.၂ လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး V type ပစ်စတစ်ကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၄၂၀ အားပါ။ လာမယ့် ၂၀၁၄ ခုနှစ်နှစ်ဆန်းဆိုရင် ဈေးကွက်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ရာသီစုံသုံး အကြမ်းခံ SUV အဖြစ် ထုတ်လုပ် ထားတာပါ။ ခရီးသည် လေးဦး အပြင် အနောက်မှာ ပစ္စည်းသယ်ဖို့ လုံလောက်စွာပါဝင်တဲ့ ယင်းကားကို GMC Sierra Denali လို့ အမည်ပေး ထားပါတယ်။ အရွယ် ကလည်း သာမန် SUV တွေထပ် သိသိသာသာ ကြီးမားပါတယ်။ ဇိမ်ခံကားအဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဈေးလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သောင်း ဝန်းကျင် ရှိပြီး ပြပွဲတွေမှာ ဝင်ရောက် ပြသ သွားမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile






0 comments:
Post a Comment