Sunday, October 6, 2013

ခြင်းလုံး မောင်မယ်များ နေပြည်တော်တွင် စခန်းသွင်း

ဆီး ဂိမ်းပြိုင်ပွဲတွင် ခြင်းလုံးသရုပ် ဖော်ပြကွက်များ တင်ဆက်မည့် ဆန်ခါတင် ခြင်းလုံးမောင်မယ် များ အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်၌ စခန်းသွင်းလေ့ ကျင့်မည်ဖြစ်ကြောင်း ရိုးရာခြင်း လုံးအဖွဲ့ချုပ် အတွင်းရေးမှူးဦးရဲ အောင်က ပြောသည်။လက်ရှိတွင် ဆန်ခါတင်ခြင်း လုံးမောင်မယ် ၂၂ဝအားရန်ကုန် မြို့ အောင်ဆန်းကွင်းနှင့် မန္တ လေးမြို့ အေးအေးခိုင်ကျောက် မျက်ကုမ္ပဏီဝင်းအတွင်းရှိ လေ့ ကျင့်ရေးကွင်း၌ စခန်းသွင်းထား ပြီး လာမည့်ဒုတိယပတ်တွင် နေ ပြည်တော်ရှိ ရွာတော်၌ ပူးပေါင်း လေ့ကျင့်မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဦးရဲ အောင်က ''ဆန်ခါတင်ခြင်းလုံး မောင်မယ်တွေ နေပြည်တော်မှာ အောက်တိုဘာ ဒုတိယပတ်က စတင်ပြီးစခန်းသွင်းမယ်။ ထောက် ပံ့မှုကို စခန်းမှာရှိတဲ့ ဥက္ကဋ္ဌက တစ်ဦးကို တစ်ရက် ၅၀၀၀ နှုန်း နဲ့ ဆီးဂိမ်းပြိုင်ပွဲကာလအထိ ထောက်ပံ့မယ်''ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တ လေးမြို့၌ လေ့ကျင့်နေသည့်ဆန် ခါတင် ခြင်းလုံးမောင်မယ်များ ကို ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက နေ့စဉ်ကိုယ်ပိုင်ငွေဖြင့် တစ်ဦး လျှင် ထောက်ပံ့မှုအဖြစ်ကျပ် ၂၀၀၀ နှုန်းသတ်မှတ်ထားသော် လည်း မန္တလေးမြို့မှ ခြင်းလုံး မောင်မယ်၈ဝကို အောက်တိုဘာ ၈ရက်မှစတင်ကာ ကျပ် ၅၀၀၀ နှုန်း တိုးမြှင့်ထောက်ပံ့မည်ဖြစ် သည်။

''ရန်ကုန်မြို့မှာ လေ့ကျင့် နေတဲ့ ခြင်းလုံးမောင်မယ် အင် အားက များတဲ့အတွက်တစ်နေ့ ကို ကျပ် ၂၀၀၀ နှုန်းပေးပေမယ့် နေပြည်တော်မှာ အကုန်လုံး ကျပ် ၅၀၀၀ နှုန်းရမယ်''ဟု ၎င်းက ထပ်မံပြောသည်။(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန် မာခြင်းလုံးမောင်မယ်များက ကွင်း အတွင်း အတန်းလိုက်နှင့် ဝိုင်းဖွဲ့ ကာ ခြေဖျားတော့၊ ဒူးတော့အဝိုင်း ကြီးနှစ်ထပ် သရုပ်ဖော်ပြကွက်၊ ခြင်းလုံး အဏုမြူမီးများ ထည့် ခတ်ကစားခြင်းများကို သရုပ်ဖော် တင်ဆက်မည်ဖြစ်သည်။ယင်းအပြင် ဆီးဂိမ်းပြိုင်ပွဲ၌ ရိုးရာခြင်းလုံး အားကစားနည်း ကို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အိမ် ရှင် မြန်မာတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

Yangon Media Group

0 comments:

Post a Comment