
ကရင်ပြည်နယ်ဘားအံမြို့ရှိ လွပ်လပ်ရေးကျောက်တိုင်ကွင်း၌ ဘားအံမြို့ရှိ ပြည်သူများနှင့် လွတ်တော်ကိုယ်စားလှယ်တော်များ နှင့် တွေ့ဆုံပြီး လွတ်တော်အတွေ့အကြုံရှင်းလင်းပွဲကျင်းပခဲ့သည့် အောက်တိုဘာ(၆)ရက်နေ့ ဆွေးနွေးပွဲ၌ ပြည်သူများမှ ဘားအံမြို့ရှိ သမိုင်းဝင်အာဇာနည်ကျောက်တိုင်၊ မြို့မဘောလုံးကွင်းနေရာတွင် ဟိုတယ်ဆောက်လုပ်နေမှုအား ကန့်ကွက်သည့် စာတမ်းများကိုင်ဆောင်၍ ၎င်းတို့၏ ဆန္ဒသဘောထားများကို ထုတ်ဖော်ခဲ့ကြသည်။
အဆိုပါသမိုင်းဝင်ကျောက်တိုင်ဘောလုံးကွင်းနေရာမှာ လွပ်လပ်ရေးရမီအချိန်က တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးအတွက် ကရင်တိုင်းရင်းသားများအား ဗိုလ်ချုပ်အောင်ဆန်းမှမိန့်ခွန်းပြောခဲ့သော သမိုင်းဝင်နေရာဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက် နေရခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သော နေရာများတွင် သမိုင်းဝင် ကျောက် တိုင်များ စိုက်ထူထားလေ့ရှိကြောင်း၊ ယခုကဲ့သို့ ကရင်ပြည်နယ်၏သမိုင်းဝင်နေရာအားဖျောက်ဖျက်ကာ ဟိုတယ် ဆောက်လုပ် နေခြင်းကို ကရင်ပြည်သူများ၊ ဘားအံမြို့ရှိ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ သံဃာတော်များ၊ မြိုခံလူထုက
ပြင်းထန်စွာ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
“ဒီသမိုင်းဝင် မြို့မဘောလုံးကွင်းကို ပြည်သူလက်ဝယ်ပြန်လည်ရရှိပြီး ဆရာတော်ကြီးများ၊ ပြည်သူများရဲ့ဆန္ဒနဲ့အညီဒီနေရာကို ပြန်လည်ရရှိဖို့အတွက် မဖြစ်မနေ၊ ကျွန်တော်တို့ စွမ်းနိုင်သလောက် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ပါ။ အဖမ်းခံရမယ်ဆိုလည်း ကျွန်တော် အဖမ်းခံပါမယ်။ ကျွန်တော် ဒီကိစ္စလုပ်နေတဲ့အတွက် လုပ်ကြံခံရလို့ သေရင်လည်း သေပါစေဆိုတဲ့ စိတ်ဆုံးဖြတ် ထားပြီးဖြစ်တဲ့အတွက် ဘယ်လိုတာဝန်ပဲ ပေပေးယူမှာပါ။”ဟု အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွှန့်ကပြောသည်။
အဆိုပါ သမိုင်းဝင်ဘောလုံးကွင်းမြေနေရာနှင့်ပတ်သက်ပြီး ဘားအံမြို့မဲဆန္ဒနယ်ရှိ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်များအနေနှင့် သုံးကြိမ်ထက်မနည်း သက်ဆိုင်ရာ လွတ်တော်များတွင် တင်ပြခဲ့ကြသော်လည်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှသာ ဆောင်ရွက်နေကြောင်းပြန်လည်ဖြေကြားခဲ့ပြီး ပြည်သူ့ဆန္ဒကို လျစ်လျူရှု၍ ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြည်သူတို့က ဆိုသည်။
ဘားအံမြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း အဆိုပါနေရာ၌ ဟိုတယ်ဆောက်လုပ်ခွင့်မရစေရေး တားမြစ်သွားမည်ဟု ယခုကဲ့သို့ ဆိုသည်။
“ကျွန်မတို့အနေနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်(၇)ဦးနဲ့ အမျိုးသားလွတ်တော်ကိုယ်စားလှယ်(၁၂)ဦး ရှိပါတယ်။ နောက်ပြီး တော့ ဘားအံမြို့မှာရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ အားလုံးညှိနှိုင်းပြီး ပါတီမရွေးဘဲ ဆက်လက်ဆောင်ရွက် သွားပါမယ်။” ဟု ဘားအံမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာကပြောသည်။
အဆိုပါမြေနေရာမှာ(၂၀၀၀)ခုနှစ်က နိုင်ငံရေးအရ DKBA မိသားစုများ၏ ရေရှည်စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ထိခိုက် ဒဏ်ရာရသူများနှင့် ကျဆုံးသူများ အား ကူညီပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ အကြောင်းကြားချက်အရ ဘားအံမြို့ရှိ ထိုမြို့မ ဘောလုံးကွင်းနေရာရှိ(၂.၅၅၆)ဧက ကို ဘာအံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဂရမ်အမှုတွဲ အမှတ် (၈၃/၂၀၀၀)ဖြင့် မြဌေးကြွယ်လင်း ကုမ္ပဏီသို့ (၂၄-၁၁-၂၀၀၀)ခုနှစ်မှ (၂၃-၁၁-၂၀၉၀)အထိ နှစ်ရှည်မြေဌားဂရမ်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အဆိုပါနေရာအား မြဌေးကြွယ်လင်းကုမ္ပဏီကို ဟိုတယ် ဆောက်လုပ်ခွင့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအား တင်ပြထောက်ခံခဲ့ သည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားထားသည်ကို ဘားအံမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစေးအွာမှပြည်သူ့လွှတ်တော်၌ မေးမြန်းမှုအရ သိရှိရသည်။
“သမိုင်းဝင်မြို့မဘောလုံးကွင်းကို အဖွဲ့အစည်းတစ်ခုကို ပေးလိုက်တယ်။ စည်းကမ်းနဲ့အညီ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ အဆင့်ဆင့် လွဲပြောင်းရောင်းချ ထင်သလိုလုပ်ခဲ့တဲ့ အချိန်မှာ၂၀၁၁ခုနှစ်မှာ ပြည်သူ့လွတ်တော်ဥက္ကဌကြီးလာတယ်။ လွှတ်တော်အမတ်တွေ တင်ပြတဲ့အခါမှာ စီစစ်သွားပြီးပြန်ရမယ် ထင်ခဲ့တယ်။ ဘယ်ဟုတ်မလဲ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ တဖက်ကို လှည့်ပြီး ပေး လိုက်တယ်။ ဒီတော့ ရဟန်းရှင်လူတွေက မကျေနပ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပြန်တောင်းနေတာပါ။”ဟု ဘားအံမြို့ မှ မြိုမိမြို့ဖ ဦးတင်မောင်မြင့်ကပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကို သမိုင်းဝင်အာဇာနည်ကျောက်တိုင်ကွင်းအတွင်း လာရောက် လုပ်ဆောင် ခြင်းမှာ ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသော ဟိုတယ်တည်ဆောက်မှု အနေအထားကို ပြည်သူအားလုံး မျက်ဝါးထင်ထင်မြင်စေလို၍ဖြစ်ကြောင်း၊ ပြည်သူလူထု၏ဆန္ဒ သဘောထားများကို တင်ပြစေရန်သိသာစေရန် ဥပဒေအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သမိုင်းဝင်ဘောလုံးကွင်းနေရာ၌ ဟိုတယ်တည်ဆောက်နေမှုအား ကန့်ကွက်ရန် အဓိက ရည်ရွယ်၍ပြည်ခိုင်ဖြိးပါတီမှ ဦးဆောင်ကျင်းပသည့် ဆွေးနွေးဟောပြောပွဲသို့ ဘားအံမြို့ခံ ပြည်သူလူထုတစ်ထောင်ကျော် တက်ရောက်ခဲ့သည်။
Myit Ma Kha Media Group






0 comments:
Post a Comment