Sunday, October 6, 2013

၂၀၁၃ ကမ္ဘာလုံးဆိုင်ရာ ဆရာများအဆင့် စင်ကာပူနိုင်ငံ အဆင့် (၇) ချိတ်


၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆရာများအဆင့်အတန်းအညွှန်းတွင် စင်ကာပူနိုင်ငံသည် နိုင်ငံပေါင်း ၂၁ နိုင်ငံအနက် အဆင် (၇) နေရာတွင်ရှိပြီး နိုင်ငံပေါင်း ၁၀၀ တွင် အဆင့် ၄၆ ဒသမ ၃ နေရာတွင် ရှိနေသည်။

အဆင့်သတ်မှတ်မှုအရ စင်ကာပူသည် ဖင်လန်၊ အမေရိကန်နှင့် ဂျပန်တို့ကဲ့သို့သော အခြားသောပညာ ရေး အခြေခိုင်နေသည့် နိုင်ငံများကို ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

Varkay Gems ဖောင်ဒေးရှင်း၏ လေ့လာဆန်းစစ်မှုအရ ဆရာများ၏ အဆင့်အတန်းနှင့် သဘောထား အပေါ် စစ်ဆေးကာနှိုင်းယှဉ်၍ လေ့လာဆန်းစစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လေ့လာဆန်းစစ်မှုပြုရာတွင် နိုင်ငံတစ်နိုင်ငံစီရှိ ပါဝင်ဖြေကြားသူ ၁၀၀၀ ခန့်၏ သိမြင်နားလည်မှုနှင့် အဆင့်အတန်းကို ကြည့်ရှုစစ် ဆေးခြင်းလည်း ဖြစ်သည်။

လေ့လာဆန်းစစ်မှုအရ ဆရာများ၏ ကိုယ်ပိုင်အမျိုးသားပညာရေးစနစ်နှင့် အရည်အသွေးအပေါ် ယုံကြည်ကိုးစားမှုတွင် စင်ကာပူသည် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏နောက် တတိယနေရာတွင် ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံရှိ ပါဝင်ဖြေကြားသူ ၄၅ ရာခိုင်နှုန်းကလည်း ကျောင်းသားများ သည် ဆရာမများကို လေးစားမှုရှိသည်ဟု ယုံကြည်ကြသည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဥရောပရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါက ပိုမိုသာလွန်ကြောင်း တွေ့ရှိရသည်။ အလားတူပင် ဆရာများအား လစာမည်မျှခံစားခွင့်ရှိကြောင်း မေးမြန်းရာတွင် ပါဝင်ဖြေကြားသူတို့က လက်ရှိလစာထက် ၁၄ ရာခိုင်နှုန်းသည် လျှော့၍ပေးခြင်းက မျှတသောလစာဖြစ်သည်ဟု ယုံကြည် ကြောင်း ဖြေကြားခဲ့သည်။

Ref:The Strait Times

The Yangon Times Daily

0 comments:

Post a Comment