Monday, October 7, 2013

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ GDP ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ်၏ နှစ်လယ် အစီရင်ခံစာတွင် ဖော်ပြ

အရှေ့အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အရှိန်နှေး သွားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက်မူ လက်ရှိ ထုတ်ပြန်လိုက်သော နှစ်လယ် အစီရင်ခံစာအရ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၁၄ ခုနှစ်နှင့် ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပျမ်းမျှ GDP ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

အလားတူ မြန်မာ့စီးပွားရေး တိုးတက်ကောင်းမွန် လာနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ပြီးခဲ့သည့် လပိုင်းအတွင်း သိသိသာသာ မြင့်တက် လာကြောင်းလည်း အဆိုပါ နှစ်လယ် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

တစ်ကမ္ဘာလုံး GDP ရဲ့ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုပါတယ်။ တစ်ကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်နေတဲ့ ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေဖို့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းမှုနဲ့ မူဝါဒပြောင်းလဲမှုတွေလုပ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်... 

အဆိုပါ အစီရင်ခံစာအရ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်မှာ ၂၀၁၃ ခုနှစ်အတွက် ၇ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် ၇ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် ၂၀၁၃ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကျဆင်းသွားသည်ကို တွေ့ရကြောင်း သိရသည်။

''အရှေ့အာရှနဲ့ ပစိဖိတ် ဒေသတွေမှာရှိတဲ့ နိုင်ငံတွေဟာ အခြားဒေသတွေထက် သာလွန်ပြီး ကမ္ဘာ့စီးပွားရေးရဲ့ မောင်းနှင်အား တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး GDP ရဲ့ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုပါတယ်။ တစ်ကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်နေတဲ့ ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေဖို့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းမှုနဲ့ မူဝါဒပြောင်းလဲမှု တွေလုပ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်'' ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Axel Van Trotsenburg က ပြောကြားခဲ့သည်။

အဆိုပါ စစ်တမ်းအရ အာဆီယံအဖွဲ့သို့ နောက်ကျပြီး ၀င်လာသော လေးနိုင်ငံ ဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ၂၀၁၃ ခုနှစ် လာအိုနိုင်ငံ၏ GDP မှာ ရှစ်ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ခုနစ်ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ GDP ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ် နိုင်ငံမှာမူ ၅ ဒသမ ၃ ရာခိုင်နှုန်း အထိသာ ရှိလာမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြ ထားသည်။

Eleven Media Group

0 comments:

Post a Comment