ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် လူထုတွေ့ဆုံပွဲကို အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရှော်ရှေ့ ကျေးရွာတွင် ပြုလုပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ၎င်းတို့ ချမှတ်ထားသော မူခြောက်ချက် ပြည့်မီမှသာလျှင် သဘောတူလက်မှတ် ထိုးသွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။
ချမှတ်ထားသော မူခြောက်ချက်ထဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ခိုင်မာသော ကတိက၀တ်များ ထားရှိရန်၊ တပ်ဘက်ဆိုင်ရာ လက်မှတ်ရေးထိုးရာတွင် တစ်ဖက်မှ တပ်မတော် အကြီးအကဲများ ပါဝင်လက်မှတ်ထိုးရန်နှင့် ထိုသို့ လက်မှတ် ရေးထိုးကြရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရှေ့၌ လက်မှတ် ရေးထိုးကြရန်တို့ ပါဝင်သည်ဟု သိရသည်။
ယခုကျင်းပသော တွေ့ဆုံပွဲမှာ လူထု၏ အသံအား နားထောင်၍ အစိုးရဘက်မှ တာဝန်ရှိသော ငြိမ်းချမ်းရေးဖော်ဆောင်သည့် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံရာတွင် လူထုအသံအား ထည့်သွင်းပြောဆိုရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ် မေလမှစတင်၍ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ခဲ့ကြပြီးဖြစ်သော်လည်း တိုးချဲ့ထားသော တပ်များ ရုပ်သိမ်းပေးရန်၊ တပ်နယ်မြေ သတ်မှတ်ရန်နှင့် အမှတ်(၁၄)စစ်သင်တန်းကျောင်းအား ရုပ်သိမ်းပေးရန် တို့အတွက် သဘောတူညီမှု မရခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment