
စေ့စပ်ထားသူတွေဟာ များသောအားဖြင့် ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်တွေ စွပ်ထားလေ့ရှိပါတယ်။ ဒါဟာ ကိုယ့်မှာ စေ့စပ်ထားတဲ့သူ ရှိပြီးသားဆိုတာကို အားလုံးကို သိစေချင်လို့ပါ။ သို့ပေမယ့် ကိုယ့်မှာစေ့စပ်ထားတဲ့သူ မရှိပါဘဲ ဖက်ရှင်အတွက် သီးသန့်သက်သက်သာ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်စွပ်ထားတဲ့ အနုပညာရှင်တွေ ရှိနေပါတယ်။ သူတို့ဟာ ပရိသတ်တွေ၊ မီဒီယာတွေ ထင်ယောင်ထင်မှားဖြစ်စေချင်လို့ပဲလား၊ ကိုယ်ဆင်မြန်းထားတဲ့ ဖက်ရှင်ကို ထောက်ပံ့ပေးနိုင်အောင်ပဲ ၀တ်ဆင်ထားတာလားဆိုတာ ခွဲရခပ်ခက်ခက်ပါ။ သူတို့တွေကတော့
Taylor Swift

ပွဲတက်အတွက် သူမ၀တ်ဆင်ထားတဲ့ အဖြူရောင် dress နဲ့ လိုက်ဖက်ညီအောင် ခုလို လက်သန်းကြွယ်မှာ လက်စွပ် ဆင်မြန်းလာခဲ့တာပါ။ အားလုံးကတော့ ဘာလဲဆိုပြီး သိချင်နေခဲ့ကြလေရဲ့။
Demi Lovato

ထသွားထလာအချိန်မှာတောင် ဖက်ရှင်ကျကျနေတတ်တဲ့ Demi Lovatoကလည်း အားလုံးထင်ယောင်ထင်မှားဖြစ်အောင် ခုလို လက်စွပ်ကို ဆင်မြန်းထားခဲ့ပါတယ်။
Charlize Theron

မင်းသမီး Charlize Theoron ကလည်း ဒီလိုပဲ ခပ်တည်တည်နဲ့ လက်စွပ်ကို ၀တ်ဆင်လာခဲ့တာပါ။
Diane Kruger

ပုရိသတွေ အသည်းစွဲ Diane Kruger ရဲ့ လက်စွပ်က မြင်သာထင်သာရှိလွန်းလှပါတယ်။ ဒီလက်စွပ်ကြောင့် သူ့အကြောင်း စုံစမ်းခဲ့တဲ့အခါမှာ ဘာမှထူးခြားတာ မတွေ့ခဲ့ရပါဘူး။
Jennifer Lawrence

အမျိုးသားတွေသာမက အမျိုးသမီးတွေကပါ စိတ်ဝင်စားတဲ့ မင်းသမီးတစ်လက်ကတော့ Jennifer Lawrence ပါပဲ။ သူမကို စိတ်ဝင်စားတဲ့သူ၊ ပိုးပန်းတဲ့သူတွေ အများကြီးရှိပေမယ့် သူမဘက်ကတော့ ချစ်ရေးချစ်ရာကိစ္စတွေကို စိတ်ဝင်စားတဲ့ပုံမပြခဲ့ပါဘူး။ ခုလို လက်စွပ်ကို လက်ညှိုးနဲ့ လက်သန်းကြွယ်မှာ စွပ်လာခြင်းဟာ ဖက်ရှင်ပဲ ဖြစ်မှာပါပဲ။
Jennifer Lopez

စိန်ပွင့်က အားလုံးရဲ့ အာရုံကို ဖမ်းစားပစ်လိုက်ပါတယ်။ Lopez က ဒီတစ်ခါတော့ စိန်နားကပ်၊ ဆွဲကြိုးနဲ့ လက်စွပ်ကို တစ်ဆင်စာ ဆင်မြန်းလာပုံပါပဲ။ ဘယ်လက်၊ ညာလက် မခွဲခြားတော့ဘူး၊ ခပ်ရှင်းရှင်းပါပဲ။
Katy Perry

ချစ်သူနဲ့ လမ်းခွဲထားမှန်း အားလုံးသိနေတဲ့ Katy Perry ကလည်း ခုလို လက်သန်းကြွယ်မှာ လက်စွပ်ဆင်မြန်းလာတာမို့ ဒါဟာ ဘာကြောင့်များလဲ စိတ်ဝင်စားကြပြန်ရော။
Miley Cyrus

၂၀၁၄ခုနှစ်ရဲ့ ရေပန်းအစားဆုံး အနုပညာရှင် Miley Cyrus ကတော့ သူမလုပ်ချင်ရာကို လုပ်တတ်သူမို့ ဒီလို ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ် ဆင်မြန်းလာတာ ဘာထူးဆန်းတော့လို့လဲနော်။
Rihanna

ရီရီလို့ ချစ်စနိုးခေါ်ကြတဲ့ Rihanna က သူမ၀တ်ဆင်ထားတဲ့ ကာလာနဲ့ လိုက်ဖက်အောင် စိန်လက်စွပ်တွေကို ဆင်မြန်းထားခဲ့တာပါ။ ဆင်မြန်းတာမှ လက်သန်းကြွယ်တင်မကပါဘူး။ လက်ညှိုးရော၊ လက်ခလယ်တောင် ပါသေး။
Ref:elle.com
Trend Myanmar






0 comments:
Post a Comment