
Mozilla ကုမ္ပဏီက လာမည့်လအနည်းငယ်အတွင်း တန်ဖိုးနည်း စမတ်ဖုန်းသစ် တစ်မျိုးကို စတင်မိတ်ဆက် ရောင်းချသွားမည်ဟု ကြေညာလိုက်သည်။
Firefox Web Browserကြောင့် လူသိများသည့် နည်းပညာ ကုမ္ပဏီကြီးသည် တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်တွင် ထဲထဲဝင်ဝင် ထိုးဖောက်ရန် စီစဉ်နေပြီး တစ်လုံးလျှင် (၂၅)ဒေါ်လာမျှသာ တန်ဖိုးကျသင့်မည့် စမတ်ဖုန်းများအား အိန္ဒိယနိုင်ငံတွင် ဦးစွာ မိတ်ဆက် ရောင်းချသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ကုမ္ပဏီ၏ အမှုဆောင်ချုပ်က Wall Street ဂျာနယ်နှင့် အင်တာဗျူး အစီအစဉ်တွင် မကြာမီ အတောအတွင်း (၂၅)ဒေါ်လာတန် စမတ်ဖုန်းများ ဈေးကွက်ထဲ ရောက်ရှိလာလိမ့်မည်ဟု အတည်ပြု ပြောဆိုသွားခဲ့သည်။
အဆိုပါ စမတ်ဖုန်းများကို HTML-5ဖြင့် အခြေခံ ဖန်တီးထားပြီး Mozilla၏ မူပိုင်ဖြစ်သည့် Firefox OSဖြင့် မောင်းနှင်စေမည် ဖြစ်သည်။
Mozilla Firefox OSကို အသုံးပြုထားသည့် စမတ်ဖုန်းများကို ဥရောပနှင့် အမေရိကတို့တွင် ရောင်းချပြီးဖြစ်ကာ ဗြိတိန်တွင် စတာလင်ပေါင် (၅၉.၉၉)နှင့် အမေရိကန် ပြည်ထောင်စုတွင် ဒေါ်လာ (၆၉.၉၉)စီ ဈေးနှုန်းသတ်မှတ်ထားသည်။
Mozillaသည် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှုအတွက် ZTE၊ Alcatel ကုမ္ပဏီများနှင့် ပူးပေါင်းထားပြီး အိန္ဒိယတွင် တန်ဖိုးနည်းဖုန်းများ ထုတ်လုပ်ရန်အတွက်မူ ပြည်တွင်း ကုမ္ပဏီ နှစ်ခုနှင့် လက်တွဲလုပ်ဆောင်ခဲ့သည်။
Mozilla၏ စမတ်ဖုန်းများတွင် အဓိက အသုံးပြုသည့် Chipများကိုမူ တရုတ်ကုမ္ပဏီ Spreadtrumက ထုတ်လုပ်သည်။ Mozillaသည် Firefox OS၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် ထိုင်ဝမ်၏ အကြီးမားဆုံး မိုဘိုင်း Operator Chunghwa Telecomနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိထားကြောင်းလည်း ကြေညာထားသည်။
_Ref: BBC
Wednesday, June 11, 2014
(၂၅)ဒေါ်လာတန် စမတ်ဖုန်းကို မကြာမီ ရောင်းချမည်ဟု Mozillaကြေညာ
7Day Daily
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment