
ဓာတ်ပုံ−နစ်ကီ
နာမည်ကျော်ကေပေါ့ပ် အဖွဲ့ 2NE1၏ ဖျော်ဖြေပွဲနှင့် တိုက်ဆိုင်နေသော်လည်း မျှော် စင်ကျွန်းတွင်ပြုလုပ်ခဲ့သည့် SIR အဖွဲ့ဖျော်ဖြေပွဲမှာလည်း မိုးရွာ နေသည့်ကြားမှပင် ပရိသတ် အများအပြားလာရောက်ခဲ့ကြ သည်။
2NE1၏ ဖျော်ဖြေပွဲနှင့်တိုက် နေသဖြင့် ပရိသတ်အဝင်နည်းနိုင် သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ပရိသတ်အပြည့် အားပေးခဲ့ကြ သည်။‘‘အရင် ကျွန်တော်ကြည့်ဖူး တဲ့ SIR ပွဲတွေထက်တောင် လူပို များသေးတယ်။ အရင်ပွဲတွေ တုန်းက ကွင်းထဲမှာလူပြည့်ရင် ထိုင်ခုံတွေမှာလူမရှိဘူး။ အခုပွဲ ကတော့ ကွင်းထဲမှာရော၊ ထိုင်ခုံ တွေမှာပါ လူအပြည့်ပဲ’’ဟု SIR ၏အမာခံပရိသတ်တစ်ဦးကပြော သည်။
ဖျော်ဖြေပွဲတွင် SIR အဖွဲ့ ဝင်များဖြစ်သည့် Big Bag, Wanted, Reason အဖွဲ့များက ၎င်းတို့နောက်ဆုံးထွက်ရှိထား သောသီချင်းများ ဖျော်ဖြေပေးခဲ့ ကြသလို Idoits အဖွဲ့ကလည်း ၎င်းတို့၏သီချင်းသစ် သုံးပုဒ်ကို ဖျော်ဖြေပေးခဲ့သည်။
ပရိသတ်များအနေဖြင့် သီ ချင်းများနှင့်စိမ်းနေသော်လည်း လိုက်ပါခံစားပေးခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း Idoits အဖွဲ့ ၏အဆိုရှင်တွတ်ပီကပြောသည်။
ည ၇ ရီအချိန်ခန့်မှစတင်၍ အဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် ဖျော်ဖြေပေးခဲ့ပြီး လေးနာ ရီခန့်ဖျော်ဖြေပေးခဲ့ကာ သီချင်းပုဒ်ရေငါးဆယ် ကျော်ဖျော်ဖြေပေးခဲ့ကြောင်း SIRအဖွဲ့၏မန်နေဂျာ ကိုဒီမိုသော်ကပြောသည်။
‘‘ကျွန်တော်တို့အဖွဲ့သား အားလုံးကလည်း မိုးရွာနေတဲ့ ကြားထဲက လာအားပေးတဲ့ပရိ သတ်အားလုံးကို အရမ်းကျေးဇူး တင်ပါတယ်။ ဒီနေ့ပွဲမှာ ဖျော်ဖြေ သွားတဲ့တင်ဆက်မှုတွေကိုလည်း ပရိသတ်တွေအကြိုက်တွေ့မယ် လို့ထင်ပါတယ်’’ဟု ၎င်းကပြော သည်။
SIR ဖျော်ဖြေပွဲနှင့်အချိန် တိုက်ဆိုင်ခဲ့သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို Myanmar Event Park တွင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ၌ ဝင်ကြေးဖြင့်ပြုလုပ်သော နိုင်ငံတကာဖျော်ဖြေပွဲများတွင် ပရိ သတ်အားပေးမှုအများဆုံး ဖျော် ဖြေပွဲဖြစ်ခဲ့သည်။
7Day Daily






0 comments:
Post a Comment