မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထ၀ီမြေအနေအထား၊ စစ်ရေး၊ စီးပွားရေးအရ အချက်အချာကြသော နိုင်ငံဆိုတာ အားလုံးအသိပင်ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို လက်ရှိအခြေအနေတွင် နိုင်ငံကြီးများက ၎င်းတို့လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားနေကြသော နိုင်ငံများ စွာရှိနေပါတယ်။ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများဟာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးဖြစ်သည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအားလုံးတွင် သြဇာအာဏာ လွှမ်းမိုးချင်လာကြပါတယ်။ ကမ္ဘာ့ နိုင်ငံအရပ်ရပ်တွင်ဖြစ်ပျက်နေသော ပြည်တွင်းပြည်ပ ကိစ္စအားလုံးကိုပင် လူ့အခွင့်အရေးတွေ လူသားချင်းစာနာထောက်ထားရေး တရားမျှတမှုရှိရေးစသဖြင့် နည်းအမျိုးမျိုးဖြင့် ၀င်ရောက်စွက်ဖက်မှုများ ပေါ်ပေါ်တင်တင် ပြုလုပ်လာသည်မှာ အားလုံးအသိပင် ဖြစ်ပါတယ်။ ထိုနိုင်ငံကြီးများသည် နိုင်ငံငယ်များ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက် အားနည်းချက် ပျော့ကွက်များကို ရှာပြီး ထိုနိုင်ငံထဲသို့ စိမ့်ဝင်ထိုးဖောက်ကာ ၎င်းတို့သြဇာခံဖြစ်သည့်အထိ နည်းမျိုးစုံဖြင့် ပြုလုပ်လာခဲ့ပါတယ်။ အရှေ့တောင် အာရှတွင် အနီးဆုံး ကြည့်မည်ဆိုလျှင် မိမိတို့၏ အိမ်နီးချင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်ပင်လျင် နိုင်ငံကြီးတစ်ခု၏ သြဇာခံ နိုင်ငံအဖြစ် သိမ်းသွင်းနိုင်ခဲ့ပါတာ ယခုဆိုလျှင် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ သြဇာခံ နိုင်ငံ တစ်ခုပင်ဆိုရပေမည်။ အမေရိကန်နိုင်ငံဟာ ပစ်မှတ် နိုင်ငံရဲ့ အစိုးရအတိုက်ခံများကို စီးပွားရေး၊ စစ်လက်နက်များနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ကူညီထောက်ပံ့ပေးအပ်ကာ လက်ရှိအစိုးရအားဖြုတ်ကာ အတိုက်အခံကို ၎င်းတို့အလိုရာ စေခိုင်းနိုင်သော ရုပ်သေးအစိုးရ တင်မြောက်နိုင်ရေးအထိ စွမ်းဆောင်လာကြပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ခေတ်သစ် ကျူးကျော်ရေး မူဝါဒတစ်ရပ်ပင်ဖြစ်ပါတယ်။ အမေရိကန်အနေဖြင့် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံကို နည်းမျိုးစုံဖြင့်ချဉ်းကပ်ကာ ၎င်းတို့၏ သြဇာခံ ရုပ်သေးအစိုးရတင်မြောက်ရေးကို ကြိုးပမ်းနေတာ ကမ္ဘာ့နိုင်ငံရေး စိတ်ဝင်စားသော သူများ အသိပင်ဖြစ်ပါလိမ့်မယ်။
၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် သဘာဝဘေးဒဏ်ခံ နေရသော မြန်မာပြည်သူများကို ကူညီရန်အတွက်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာ့ရေပိုင်နက်အတွင်းသို့ စစ်သဘောင်္များ ဖြင့် အခွင့်သာခိုက်မှာ ၀င်ရောက် စစ်စခန်းချ နေထိုင်ရန် ကြိုးပမ်းမှုတွေလဲရှိခဲ့ပါတယ်။ သို့ပေမဲ့ စစ်အစိုးရလက်ထက်မို့ စစ်ရေး နိုင်ငံရေးအရ အမျှော်အမြင်ရှိစွာဖြင့် ၎င်းတို့၏ ချဉ်းကပ်မှုနှောင်းကြိုးများနဲ့ အကူအညီကို လက်မခံခဲ့တာ အားလုံးမှတ်မိကြပေလိမ့်မယ်။ ယနေ့ခေတ် မြန်မာနိုင်ငံဟာ အရပ်ဘက်အစိုးရ ဒီမိုကရေစီနိုင်ငံ ဖြစ်လာသည်နှင့်အမျှ နိုင်ငံအတွင်းသို့ ပြောင်းလဲမှုတွေ ကူညီမှုတွေအကြောင်းမျိုးစုံဖြင့်အမျိုးမျိုးသော အဖွဲ့အစည်း ၀င်ရောက်လာနေပါတယ်။ မြန်မာနိုင်ငံရေးလောကတွင် အစိုးရနှင့်အတိုက်ခံအကြားတွင် အမျိုးမျိုးသော သပ်လျှိုမှုများ ရှိနေပါတယ်။ နိုင်ငံရဲ့ သံတမံရေးရာ ဆက်သွယ်မှုများရှိလာသလို အစိုးရအတိုက်ခံများကိုလည်း နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီမှုများ သိသိသာသာ ပြုလုပ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုလဲ သိသိသာသာ ၀င်ရောက်စွက်ဖက်ကာ ဝေဖန်ထောက်ပြလာမှုတွေရှိလာပါတယ်။
သြဂုတ်လ ၁ဝ ရက် တွင် ၊ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ASEAN Regional Forum – ARF အစည်းအဝေးတက်သို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အား အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က မြန်မာ့ပြည်တွင်းအရေး ကိစ္စများနှင့် ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ ပြုလုပ်လာတာတွေ့ရပါတယ်။ ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးမှ မြန်မာအစိုးရအားပြောဆိုစေသော အချက်များအနေဖြင့် မြန်မာနိုင်ငံဟာ နောက်ပြန်ဆုတ်သွားနေတာကြောင့် မြန်မာ-အမေရိကန် ၂နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက် စီးစေတယ်ဆိုတဲ့အကြောင်း၊ ပြည်တွင်းရေးကိစ္စဖြစ်သော ဘင်္ဂလီအရေးကိစ္စများ အထူးကာကွယ် ပြောဆိုထားကြသလို၊ အထူးသဖြင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုအကြမ်းဖက်မှုတွေ ဖြစ်တာတွေ၊ မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေနဲ့ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာအပါအဝင်၊ မြန်မာသတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတာတွေဟာ အခြေအနေ ဆိုးတွေဖြစ်တယ်လို့ ကွန်ဂရက်အမတ်တွေက ထောက်ပြဝေဖန်ထားပါတယ်။ ဒါအပြင် နိုင်ငံတစ်နိုင်ငံအတွက် အဓိကကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အထိ ၀င်ရောက်စွက်ဖက် ပြောဆိုလာပါတယ်။ ၎င်းတို့ဖြစ်စေချင်သော ရုပ်သေးအစိုးရ၏ နာမည်ခံသမ္မတဖြစ်လာမည့် ရုပ်သေးသမ္မတ ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲဆုံးနဲ့အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စတွေ အရာမထင်သေးတဲ့ကြောင်းကို ဖိအားပေးပြောဆိုဖို့ မှာကြားလိုက်ကြပါသေးတယ်။
ဒါ့အပြင် မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးအပါဆုံး ခြေလှမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာဟာ မှေးမှိန်နေဆဲဖြစ်တဲ့အကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ချုပ်ချယ်မှုတွေလုပ်ဖို့ ကြိုးစားလာတဲ့ကြောင်း ၎င်းတို့ ရုပ်သေးအစိုးရအတွက် ပြောဆိုထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်နေပေမယ့် အခုထိ အာမခံချက်ရှိတဲ့ အခြေအနေတခုကို မရောက်သေးတဲ့ အကြောင်းပြောဆိုဖို့မှာလိုက်ကြပါတယ်။ ၎င်းတို့ကြိုးဆွဲရာကမဲ့ ရုပ်သေးသမ္မတလောင်းလျာကို ဘယ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုမှ ကြိုးပမ်းခဲ့ဖူးခြင်း မရှိခဲ့ဖူးဘဲ ဖခင်နာမည်အရှိန်အ၀ါနှင့် အစိုးရအတိုက်အခံပြုလုပ်သော အချက်ဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးထားပြီး ယခုပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား လစ်လျူရှူခြင်းအပေါ် မည်သို့မျှတုန့်ပြန်ခြင်းမရှိတာ တွေ့ရပါတယ်။
ထို့အပြင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီုး ပြည်တွင်းက ကိစ္စရပ် အမှန်အတိုင်း မသိဘဲ အင်တာနက် အွန်လိုင်းပေါ်က ကုလား ဘင်္ဂလီများရဲ့ ၀ါဒဖြန့်ကာ မဟုတ်မှန်သော Media များ၏ တဖက်သတ် လိမ်လည် ၀ါဒဖြန့်မှုကိုကြည့်ပြီး ဝေဖန်နေခြင်းဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့်လက်ခံနိုင်စရာမပေးပါချေ။ ထိုကြောင့် ၎င်းတို့၏ ရုပ်သေးအစိုးရဖြစ်လာမည် အတိုက်ခံကိုအားပေးပြီး အတိုက်ခံကို ထောက်ခံသော မွတ်ဆလင် ကုလားများကို ကာကွယ်ပေးနေခြင်းဟာ သိသာထင်ရှားနေခြင်းပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူများအနေဖြင့် ခေတ်သစ်သူ့ကျွန်ဘ၀ မရောက်ရှိရေး၊ အမျိုးဘာသာ ကွယ်ပျောက်မသွားရေး၊ ရုပ်သေးအစိုးရ အုပ်ချုပ်ခြင်းမခံရရေးအတွက် အထူးပင် သတိကြီးစွာ ကာကွယ်ဟန့်တားဖို့ လိုအပ်ပါကြောင်း အများပြည်သူများ သိရှိနိုင်ပါရန် ရေးသားဖော်ပြလိုရပါတယ်။
သုတအောင်(ပန်းတနော်)
Wednesday, August 6, 2014
ပြည်ပနိုင်ငံ၏ ၀င်ရောက် စွက်ဖက်လာသော မြန်မာ့နိုင်ငံအရေး
မြန်မာပြည်သား
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment