
အင်ဂျင်နီယာတစ်ဦးနဲ့ ချစ်သူဖြစ်ဖို့ စိတ်ကူးယဉ်ဖူးလား။ သင်ချိန်းတွေ့သင့်တဲ့အကြောင်းပြချက်တွေကတော့…၁။ သင့်မိဘတွေက သဘောတူမှာ သေချာသလောက်ရှိပါတယ်။
၂။ သင် ခဲတံလိုအပ်လား။ သူ့နားရွက်မှာ အမြဲသင့်အတွက်အဆင်သင့်ညှပ်ထားပေးပါတယ်။
၃။ သင်္ချာအရမ်းညံ့လို့ ဒုက္ခရောက်နေလား။ အင်ဂျင်နီယာဘေးမှာ တစ်ယောက်လုံးရှိနေတာပဲ။ စိတ်မပူရတော့ဘူးပေါ့။
၎။ သူနဲ့အတူ အိမ်ဝယ်မယ်ဆိုရင်တော့ တည်ဆောက်ပုံစိတ်ချမှုအတွက် သင်စိုးရိမ်စရာမလိုပါဘူး။ သူအကုန်လိုက်ကြည့်ပေးလိမ့်မယ်။
၅။ သဘောထားကွဲတဲ့ပြသနာဖြစ်လာရင် သူက အေးအေးဆေးဆေးနဲ့ နည်းစနစ်ကျကျ ဖြေရှင်းဖို့ချည်းကပ်ပါလိမ့်မယ်။
၆။ ညစာအတွက် ဟင်းမျိုးစုံမလိုအပ်ဘူး။ ရေခဲသေတ္တာထဲ ဘီယာအပြည့်ထည့်ထားဖို့တော့ မမေ့နဲ့ပေါ့။
၇။ အင်ဂျင်နီယာတွေဟာ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်ကြလိမ့်မယ်။
၈။ သူတို့ဟာ ပြသနာကြားကနေ ဘယ်တော့မှ ထွက်ပြေးဖို့မကြိုးစားကြပါဘူး။
၉။ ကွန်ပျူတာ ပြသနာရင်ဆိုင်နေရလား။ သူနဲ့သာအဆင်ပြေအောင် ကြိုးစားပါ။ သင့်အတွက် virus ဆိုတာ မရှိစေရပါဘူး။
၁၀။ ညနက်သန်ခေါင်မှာ သင်စကားပြောဖို့လိုအပ်လား။ အင်ဂျင်နီယာတွေဟာ ညမင်းသားတွေလေ။
ကြုံလို့ပြောလိုက်အုံးမယ်…….. အင်ဂျင်နီယာတွေတော်တော်များများက လက်စွပ်ဝတ်ထားကြတာတော့ တွေ့ရတယ်။
Ref: eharmony.com
Thursday, August 7, 2014
အင်ဂျင်နီယာကို ချစ်သူအဖြစ်ရွေးချယ်သင့်တဲ့အကြောင်းပြချက်များ
Trend Myanmar
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment