
ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန် အတည်ပြုထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ)
မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့သည့်နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူခဲ့သည်မှာ လေးရက်ရှိပြီဖြစ်ကာ ထူးခြားမှုမရှိသေးဘဲ စတင်ဆယ်ယူခဲ့သည့် နေ့သည် မြန်မာအယူအဆအရ ၀ါခေါင်လပြည့်နေ့ (သမားညိုနေ့)ဖြစ်သည့်အတွက် နေ့ကောင်းမဟုတ်ဟု စံဇာဏီဘိုက ဆိုသည်။
သမားညိုနေ့တွင် ပြုလုပ်ခြင်းကြောင့် “အခက်အခဲတွေ ဖြစ်တတ်တယ်။ တစ်ပိုင်းတစ်စ ဖြစ်တတ်တယ်။ အပြည့်အ၀မရသလို ဖြစ်တတ်တယ်”ဟု စံဇာဏီဘိုက ဆိုသည်။
လတ်တလောအခြေအနေအရ ခေါင်းလောင်းရှိနိုင်သည်ဟု ယူဆသည့်နေရာတွင် နုန်းဆယ်ယူခြင်းများ ပြုလုပ်နေသော်လည်း ထူးခြားမှု မရှိသေးပေ။
တူးဖော်ရာတွင် ဦးဆောင်သူဦးစံလင်းက “လောကီ လောကုတ္တရာနှစ်ဖြာသော အစီအရင်နဲ့ လုပ်တာတွေကို မယုံကြတာတွေလည်း ရှိတာပေါ့။ တချို့ကိစ္စများကို တွေ့ရှိချက်များကို သတင်းမထုတ်ပြန်ပါဘူး”ဟု ပြောသည်။
စံဇာဏီဘိုက “ဆယ်ယူပြီး ကုန်းပေါ်တက်တဲ့ အချိန်ကို ကြည့်ပြီးရင်တော့ ပြန်လည် မွေးဖွားခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်မယ်ဆိုတာကို ဟောပြောနိုင်လိမ့်မယ်”ဟု ထပ်မံပြောဆိုသည်။
Thursday, August 14, 2014
ဓမ္မစေတီခေါင်းလောင်းဆယ်ရာတွင် ခက်ခဲမည်ဟု စံဇာဏီဘို ဟော
Mizzima
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment