Thursday, August 7, 2014

ထပ်မံအားမစမ်းကြရန် ကိုကိုကြီး မေတ္တာရပ်Written by ခင်ငြိမ်းသစ်၊ အေးမြင့်စန်း

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အင်န်အယ်လ်ဒီတို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လုပ်ဆောင်နေချိန်နှင့် တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် ရွေး ကောက်ပွဲအချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကို တင်သွင်းလာခြင်းသည် တစ်ဦးကိုတစ်ဦး အားစမ်းသည့်ပုံ သဏ္ဍာန်ဖြစ်သောကြောင့် နိုင်ငံရေးကစားကွက်များကို လက်နက်အဖြစ်အသုံးမချရန် မေတ္တာရပ်ခံသည်ဟု ဦးကိုကိုကြီးက အင်န်အယ်လ်ဒီပါတီရုံးချုပ်တွင်ပြုလုပ်သည့် ၄၃၆ ပြင် ဆင်ရေးပူးတွဲကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။




ဦးကိုကိုကြီးက “နိုင်ငံတော်အတွက် ထိခိုက်မှုအနည်းဆုံးနဲ့ ညင်ညင်သာသာပြောင်းလဲနိုင်မယ်လို့ ယုံကြည် လို့အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြည်ပြတ်မခံဘဲ ၄၃၆ ကိုပြင်ဆင်ဖို့ကြိုးပမ်းတာ နဲ့ မရှေးမနှောင်း မှာရွေးကောက်ပွဲစနစ်သစ်တစ်ခုဖြစ်တဲ့ ပီအာရ်စနစ်ကို တင်သွင်းလာတာတွေ့ရတယ်။ နိုင်ငံရေးနယ်ပယ် ထဲမှာတစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ပဲ လိုလားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အားစမ်းတဲ့အနေနဲ့ တစ်ယောက်ကဒါလုပ်ရင် ငါကတော့ဒါလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ နိုင်ငံ ရေးက စားတာကိုလက်နက်တစ်ခုလို အသုံးမချဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားသည်။ထို့အပြင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှသာလျှင် ၂ဝဝ၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီ နည်းမကျသည့် ဥပဒေများ၊ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်စေရန်တားဆီးထားသည့် ပုဒ်မများကိုပြင် ဆင်နိုင်မည်ဖြစ်သဖြင့် မိမိတို့က ၄၃၆ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကော်မတီသည် ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲပြီးဆုံးခဲ့ပြီဖြစ်သဖြင့် အခြားကိစ္စတစ်ခု ပေါ်ပေါက်ပါကလည်း ယခုကဲ့သို့ အင်န်အယ်လ်ဒီပါတီနှင့် ပူးပေါင်းရန်အသင့်ရှိသည်ဟုလည်း ပြောကြားခဲ့ သည်။

ထို့အပြင် ဦးဉဏ်ဝင်းကလည်း ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲသည် ပြည်သူ့ဆန္ဒကို ပြည်သူတွေ ကိုယ်တိုင် ထုတ်ဖော်နိုင်စေရန် လမ်းကြောင်းပေးထားခြင်းဖြစ်ပြီး ဒီမိုကရေစီအနှစ်သာရကိုဖော် ဆောင် နေခြင်းဖြစ်သည်ဟု ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း ၄၃၆ ပြင်ဆင်ရေးအတွက် စည်းရုံးရေးလုပ်စဉ်ခြောက် လှန့်ခံခဲ့ရပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဟောပြောပွဲအတွက် စည်းရုံးလုပ်ဆောင်သူများကိုတရား စွဲဆိုခံထားရမှုများလည်း ရှိနေကြောင်း ၎င်းကပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင်မြို့နယ်ပေါင်း ၃၃ဝ ကျော်ရှိသည့်အနက် ၃ဝ၈ မြို့နယ်မှ လက်မှတ်များ အဖွဲ့ချုပ်ရုံး သို့ရောက်ရှိခဲ့ပြီး လက်မှတ်ထိုးသူ ငါးသန်းနီးပါး ရှိသည်ဟု ကြေညာခဲ့သည်။ ရရှိသည့်လက်မှတ်များကို လွှတ်တော်သို့ပို့မည်ဖြစ်သည်။

လက်မှတ်များကို ဇူလိုင် ၁၉ရက်အထိ ၅၄ ရက်ကြာတစ်နိုင်ငံလုံးတွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ပြင်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်း၍ ပုဒ်မ ၄၃၆ ဆိုင်ရာဟောပြောပွဲများ နိုင်ငံအနှံ့လုပ်ခဲ့သေးသည်။


Mizzima

0 comments:

Post a Comment